မိမိတစ်ဦးတည်း၏ ကိုယ်ကျိုးအခွင့်အလမ်းအတွက် စိတ်ပိုင်းဆိုင်ရာပြောဆိုမူနှင့်အခြေခံဥပဒေများကို ဒွေးရောယှက်တင်မလုပ်ပါနဲ့ …

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မိမိတစ်ဦးတည်း၏ ကိုယ်ကျိုးအခွင့်အလမ်းအတွက် စိတ်ပိုင်းဆိုင်ရာပြောဆိုမူနှင့်အခြေခံဥပဒေများကို
ဒွေးရောယှက်တင်မလုပ်ပါနဲ့ …

 

မိမိ၏ ရရှိထားသော သို့မဟုတ် ရယူနိုင်သော အခွင့်အလမ်းများဆုံးရူံးမှာစိုးရိမ်ပြီး၊
အမြှီး အမောက် မညီသော အကြောင်းပြပြောဆိုမူများဖြင့် တိုင်းပြည်နဲ့တိုင်းသူ ပြည်သားများအား စိတ်၏အနှောင့်အယှက်များ၊
အကြောင်းအကျိုးဆီလျော် ကောင်းမွန်နိုင်မည့်ဖြစ်စဉ်အခြေအနေများကို အကျိုးပျက်ပြားစေသောအနေအထားများဖြစ်လာစေရန် စကားရပ်အရသော်လည်းကောင်း၊ အပြုအမူအရသော်လည်းကောင်း၊အနှောင့်အယှက်ပေးခြင်းသည် ဖျက်လို ဖျက်စီးလုပ်တဲ့စိတ်ပင် ဖြစ်ပါတယ်၊

DVB သတင်းဌာနတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ(၅၉)(စ) နဲ့သက်ဆိုင်သည့် debate ၌လူပုဂ္ဂိုလ်(၄) ယောက်ပြောဆိုဆွေးနွေးသွားတာကို ကြည့်လိုက်သည့်အခါမှာ လူပုဂ္ဂိုလ်
ဒေါက်တာဟူသည့် တစ်ဦး၊နှစ်ဦးတို့၏ ပြောဆိုမူများသည် ရန်လိုနေမူများလွန်းနေတာကိုတွေ့လိုက်ရပါတယ်၊
ဒေါက်တာဟုဆိုသူတစ်ဦးက (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၇၄) ကိုထည့်သွင်းပြော ဆိုမူအား၊
deate တွင်ပါဝင်သူ (၈၈) မျိုးဆက်မှ
ထိုပုဒ်မပါ အဓိပ္ပါဖွင့်ဆိုချက်ကို ဖတ်ပြခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါပြဌာန်းချက် ပုဒ်မ(၅၉)(ခ) ကိုရှင်းပြလိုက်သည့်အခါမှာ (၁၉၄၇) ဖွဲ့စည်းပုံ ပုဒ်မ(၇၄) ကိုပြောခြင်းမဟုတ်ပါဘဲ ဖဆပလ အစည်းအဝေးမှတ်တမ်းကိုသာပြောခြင်းဖြစ်ပါတယ်လို့ချက်ချင်းဘဲ၊ဗြောင်ကျကျ ငြင်းဆိုလိုက်တာတွေ့ရပါတယ်၊
ဒါပေမဲ့ထိုပုဂ္ဂိုလ်၏ပထမပြောဆိုမူက
ပုဒ်မ(၇၄) ကိုညွှန်းဆိုပြောခြင်းဖြစ်ပါတယ်ဆိုသည်ကိုတွေ့ကြ၊ကြားကြမှာဖြစ်ပါတယ်၊
လူတိုင်းသည် ဘာသာရပ်ဆိုင်ရာ Phd လိုမျိုး ဒေါက်တာဘွဲ့ကို မူရင်းနိုင်ငံနှင့်နိုင်ငံတကာကအသိအမှတ်ပြုသည့် တက္ကသိုလ်ကျောင်းများတွင်တက်ရောက်သင်ကြား ရယူနိုင်ခွင့်ရှိနေပါတယ်၊
သို့ပေမယ်လို့ နိုင်ငံကြီးတစ်ခုမှ ဘာသာရေးအုပ်စုအခြေပြုထားသည့် ပြည်နယ်တစ်ခုအတွင်းရှိ သေးငယ်လှသည့် တက္ကသိုလ်၊ကောလိပ်များတွင်လည်း Phd ကိုရယူလို့ရနေတာကိုလည်းသိကြမှာဖြစ်ပါတယ်၊
သို့သော် ထိုရယူခဲ့သော Phd ဘွဲ့သည် သက်ဆိုင်ရာမူရင်းနိုင်ငံကရော တရားဝင်အသိအမှတ်ပြုမူရှိခြင်း၊မရှိခြင်းတွေလည်းရှိကောင်းရှိနေနိုင်ပါတယ်၊
၎င်း Phd ဘွဲ့သည်အမည်နာမ တပ်ထားသော လူပုဂ္ဂိုလ်တစ်ဦးခြင်း၏ တာဝန်ယူမူ သို့မဟုတ် ဂုဏ်သိက္ခာပိုင်းနဲ့သာဆိုင်ပါလိမ့်မယ်၊
ထားလိုက်ပါတော့၊ယခုစာရေးသူမှ ရေးသားတင်ပြလိုရင်းက မြန်မာပြည်၏
ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်ပါရှိသည့်
နိုင်ငံတော်သမ္မတများအတွက်အရည်အချင်းသတ်မှတ်မူများကို စာဖတ်သူ ပြည်သူအများနှင့် နိုင်ငံရေးသမားများသိသင့်သည်များအား တင်ပြလိုရင်းဖြစ်ပါတယ်၊

ပထမဦးစွာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လို့အမည်တပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံလမ်းညွန်ချက်အဆိုကို ရေးသားတင်ပြပါမယ်၊
(၁)နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သည် “ပြည်ထောင်စုနိုင်ငံတော်” ဟုခေါ်တွင်စေသောလွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်သမတနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်၊
(၂) ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊
သို့ သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ
ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရှိစေရမည်၊
(၃) အချုပ်အခြာအာဏာပိုင်လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်
ဖြစ်သည့် ပြည်နယ်များနှင့်အစိုးရအဖွဲ့အစည်း၊အစည်းလုံးတို့၏အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှသက်ဆင်းစေရမည်၊
(၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏
တိုင်းသူပြည်သားမှန်သမျှသည် လူမူရေးရာ၌၎င်း၊စီးပွားရေး၌၎င်း၊နိုင်ငံရေး၌၎င်း၊ တရားမျှတမူရှိစေလျက်၊ အဆင့်အတန်း၊အခွင့်အရေးနှင့် ဥပဒေသက်ရောက်မူတို့တွင်
ဆူကြုံ နိမ့်မြင့်မရှိ၊ ပကတိ တူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်၎င်း၊
အများပြည်သူတို့စောင့်စည်းအပ်သောအကျင့်သိက္ခာနှင့်သော်၎င်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ပရိယေသနရှာမှီးပိုင်ခွင့်၊စည်းရုံးပိုင်ခွင့်ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ကိုရရှိတည်မြဲစေရန်အတွက်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်
အခိုင်အလုံသတ်မှတ်ထားရှိစေရမည်၊
(၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်
လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ပြဌာန်းထားရှိစေရမည်၊
(၆) လွတ်လပ်သောအချုပ်အခြာအာဏာပိုင်
သမတမြန်မာနိုင်ငံ၏ နယ်မြေတို့တပေါင်းတစည်းတည် တည်တန့်ခိုင်မြဲရေးကိုလည်းကောင်း၊နိုင်ငံတော်၏ ကြည်း၊ရေ၊လေ၊ တို့ကို
အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိရမည်၊
(၇) ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင်မိမိ၏ ဂုဏ်ကျက်သရေ နှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ရောက်ရှိစေရမည့်အပြင်၊
လူသတ္တဝါတို့၏တိုးတက်ရေးနှင့်ကောင်းကျိုးချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွမ်းထမ်းရွက်ကာ ပြည်ထောင်စုအချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြုပြီး ငြိမ်းချမ်းရှေးရှုလျက် နိင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဘက်ပူးပေါင်းဆောင်ရွက်မူကို ခိုင်မြဲသော အဓိဌာန်ဖြင့်စောင့်ထိန်းတော့အံ့ ။
(ခခ – ၂) အရင်းခံသဘောတရားတူညီချက်
(Agreement Spirit) ကိုလေးစားလိုက်နာပါမည်။
အထက်ပါ အချက်(၇) ချက်သည်
(၁၉၄၇)ခုနှစ် ဇွန်လ(၆) ရက်နေ့တွင် တိုင်းပြု ပြည်ပြုလွှတ်တော်အစည်းအဝေး၌
ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူအဆို(၇) ချက်ဖြစ်ပါတယ်။

ပညာရှင်ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသည့် သူများအား အသိပေးလိုသည်မှာ အခြေခံဥပဒေဆိုင်ရာ သမိုင်းစဉ်များကို ပြောဆိုကြရာဝယ် ထင်ရာတွေကို ဒွေးရောယှက်တင်ပြောဆိုမူများအားရှောင်ကျဉ်ကြရပါမယ်၊
ရပ်ကွက်ထဲ ရွာထဲမှာ ပြောကြသလိုမျိုး မပြောဆိုသင့်ပေ၊
တခါတလေမှာ ထိုပညာရှင်ဆိုသူများ၏ ပြောစကားများကို ပြည်သူလူထုမှ အမှန်ထင်ကာ ဆုပ်ကိုင်လုပ်ဆောင်မူများကြောင့် တိုင်းပြည်က ဝရုန်းသုန်းကာဖြစ်လာစေနိုင်ပါတယ်၊
သတင်း မီဒီယာများကလည်း သတင်းလုပ်လို့ရရင်ပြီးရောဆိုတာမျိုးကိုရှောင်ဖယ်ကြရမှာပါ၊
အထူးသဖြင့် မိမိတို့မြန်မာပြည်သည်
ဖဆပလ ခေတ်ကာလများတွင်လည်း သတင်းမီဒီယာများ၏ ဆင်ခြင်မူအားနည်းသည့် ရေးသားဖော်ပြမူများကြောင့် လွတ်လပ်ကာစ
မြန်မာပြည်ကြီးက အကွဲကွဲအပြဲပြဲသည် လိုတာထက်ပိုမိုဖြစ်ပျက်ခဲ့ဘူးတာကို သတိတရ ပြန်ဖြစ်စေလိုပါတယ်၊
ထိုစဉ်ကထဲက အကွဲအပြဲ ဇာတ်လမ်းတွေက ယနေ့ခေတ်ကာလအထိ အမြစ်တွယ် ရှင်သန်နေဆဲဆိုတာကို စဉ်းစား သုံးသပ်စေခြင်ပါတယ်၊
တိုင်းပြည် ငြိမ်းချမ်း၍ ဖွံ့ဖြိုးသည့် ထူထောင်တည်ဆောက်ရေးဆီကိုမသွားနိုင်သေးဘဲ ရှေ့ပြသနာကြောင့်နောက်ပြသနာဖြစ်၊
နောက်ပြသနာကြောင့်တိုင်းပြည်က ကောင်းကောင်းမွန်မွန် မထူထောင်နိုင်တဲ့အပြင် ပြသနာကို ပြသနာက ပြန်ပိ၊ စသည်ဖြင့်မိမိတို့နိုင်ငံက ဝဲဂယက်လည်နေသလိုဖြစ်နေပါတယ်၊
ဝဲဂယက်ဆိုတာ မတွန်းလှန်နိုင်ရင် ထိုဝဲဂယက်ထဲမှာသာ စုန်းစုန်းမြုပ်သွားစေပါတယ်၊
မိမိတို့အားလုံးသတိမူသင့်ပါတယ်၊
လွတ်လပ်ရေးမရသေးခင်နဲ့လွတ်လပ်ရေး
ရပြီးဆွေးနွေးမူများမှာ မြန်မာပြည်ရဲ့နိုင်ငံရေးမောင်းနှင်တဲ့အားမှာ ရှမ်းပြည်လူငယ် တွေရဲ့အားက အတော်ကိုအရေးပါခဲ့ပါတယ်၊
မြန်မာပြည်လွတ်လပ်ရေးကို ဗြိတိသျှနဲ့အပေးအယူစေ့စပ်ပြီးမှတိုင်းပြု ပြည်ပြု လွတ်တော်ကိုလုပ်ရသလို၊
ဗိုလ်ချုပ်ကလည်း စော်ဘွားတွေ၊ဒူးဝါးတွေနဲ့စေ့စပ်ရေးလမ်းကြောင်းကိုလိုက်လိုသော်လည်း ပဒေသရာဇ်စနစ်ကိုမုန်းပြီး အပြုတ်ဖြုတ်လိုတဲ့ ရှမ်းပြည်လူငယ်များက ဘဝင်မကျခဲ့ပါဘူး၊
ဒါကြောင့်သူတို့ဟာ စော်ဘွားစနစ်ကိုမုန်းတီးနေတာတခုတည်းနဲ့ မျက်မှောက်အခြေအနေတွေကိုမေ့ပြောက်ပြီး ယူနီထရီစတိတ်(Unitary state )ကိုစိတ်ကူးယဉ်လိုက်ကြခြင်းဖြစ်တယ်လို့ ဦးထွန်းမြင့်(တောင်ကြီး)က ကျွန်တော်ရဲ့ နိုင်ငံရေးအတွေ့အကြုံများမှာ ရေးသားခဲ့တာကိုဖတ်ရပါတယ်၊
ရှမ်းပြည်လူငယ်များ၏ အဓိကလိုဖြစ်ခဲ့တဲ့
ဦးတင်ဧ ဟာ(၁၉၇၄) နိုင်ငံတော်ဖွဲ့စည်းပုံ
(မူကြမ်း) ရေးဆွဲရေးကော်မရှင်တွင်တွဲဘက်ခေါင်းဆောင်၊
ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ဝင်၊
လမ်းစဉ်လူငယ်စည်းရုံးရေးဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊
(၁၉၇၈)ဇန်နဝါရီလတွင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲ၌
ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရကာ
(၁၉၇၈) ခုနှစ်၊မတ်လ(၂) ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမအစည်းအဝေးတွင် ရှမ်းပြည်နယ်ကိုယ်စား နိုင်ငံတော်ကောင်စီဝင်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရပါတယ်၊
ဦးနေဝင်း၏မျက်စိကျခြင်းကိုခံရမူကြောင့်လည်းဖြစ်ပါတယ်၊
အရှိန်ဘြဇာကြီးမားသည့် ပင်လုံညီလာခံကြီးကိုကြိုးစားခဲ့ပြီး၊
ပြည်ထောင်စုကြီး၏ မူလဖခင်အဖြစ်
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှိခဲ့သော
ဘဘဦးတင်ဧ အားမထီလေးစားရေးသားမူ လုံးဝ(လုံးဝ)မဟုတ်ပါ၊
နိုင်ငံရေးခေတ်ကာလကို ဆိုလိုရင်းသာဖြစ်ပါတယ်၊

ဆောင်းပါးကို မြန်မာပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက် သမ္မတ၏ သတ်မှတ်အရည်အချင်းတို့ကို ဖော်ပြရင်းဖြင့်အဆုံးသပ်ပါရစေ၊
(၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ပ်ုမ(၄၉) (က) မိမိကိုယ်တိုင်သော်၎င်း၊မိမိ၏ မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စု၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊
ထို့ပြင်
(ခ) ပါလီမန်အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့်အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သောပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊
မည်သူမျှနိုင်ငံတော်သမတရာထူးအတွက်ရွေးကောက်ခြင်းခံနိုင်ခွင့်မရှိစေရ။

ပါလီမန်အမတ်၏အရည်အချင်းကို ပုဒ်မ(၇၄) တွင်ပုဒ်မခွဲ(၁)(က.ခ.ဂ.ဃ.င.စ.ဆ)၊
ပ်ုမခွဲ(၂) (၃) တို့ဖြင့်သတ်မှတ်ပြဌာန်းထားပါတယ်၊

(၁၉၇၄)
ပ်ုမ(၆၆)(က) နိုင်ငံတော်ကောင်စီဥက္ကဌသည်
နိုင်ငံတော်သမ္မတဖြစ်သည်၊
ပုဒ်မ(၁၇၇) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှအောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူများသည်ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ပြည်သူ့ကိုယ်စားလှယ်များ
အဖြစ်ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
ဖတ်ကြည့်ကြပါ၊
ထိုသူများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ဝင်ရောက်ရွေးချယ်ခံပြီး၊
နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအထဲမှ ပြည်နယ်နှင့်တိုင်းတစ်ီမှ တစ်ဦးကျစီရွေးချယ်တက်မြှောက်လိုက်သည့်(၁၄) ယောက်အနက်မှ ဥက္ကဌတစ်ဦး၊ဒုတိယဥက္ကဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးရွေးချယ်ကာ သမ္မတ၊ဒုတိယသမ္မတနှင့်နိုင်ငံတော်ကောင်စီအတွင်းရေမှူးအဖြစ်အစိုးရတာဝန်များကိုထမ်းဆောင်ကြရပါတယ်၊
ပြဌာန်းထားမူက နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသားဖြစ်သူ၊
ဟူ၍သာ သတ်မှတ်ပြဌာန်းထားတာကိုတွေ့ရပါတယ်။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်ငမ္မတအရည်အချင်း၊
ပုဒ်မ(၅၉) (က.ခ.ဂ.ဃ.င.စ.ဆ) ဆိုပြီးပြဌာန်ူထားပါတယ်၊
(၅၉)(ခ) မိမိနှင့်မိမ၏မိဘနှစ်ပါးလုံး နိုင်ငံတော်အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော
တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်၊
၎င်းပြဌာန်းချက်မျိုးသည်(၁၉၄၇)(၁၉၇၄) အခြေခံဥပဒေများတွင်မပါဝင်ပေ၊
ထိုပုဒ်မခွဲ(ခ)ဖြင့်ပင် လုံလုံလောက်လောက်ဖြစ်နေပါပြီ၊
ဘာကြောင့်လုံလောက်ပါလဲ ?

(၂၀၀၈) ပုဒ်မ(၃၄၅) အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်၊
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊

(၁၉၈၂)ခုနှစ်မြန်မာနိုင်ငံသားဥပဒေ
နိုင်ငံသားဖြစ်ခြင်း၊
ပုဒ်မ(၃) နိုင်ငံတော်တွင်ပါဝင်သောနယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ်(၁၁၈၅) ခုနှစ်၊ခရစ်သက္ကရာဇ်(၁၈၂၃) ခုနှစ်မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်ခဲ့သော
ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း၊ဗမာ စသည့်တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်၊
(၅) တိုင်းရင်းသားတိုင်းလည်းကောင်း၊တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်ဥပဒေအားလုံးနှင့်
ပုဒ်မ(၅၉/ခ)ပြဌာန်းချက်သည် လုံလောက်
ကိုက်ညီလျက်ရှိနေပါတယ်၊
ပုဒ်မ (၅၉/ခ) ၏သတ်မှတ်ပြဌာန်းထားချက်သည် အဖက်ဖက်က ပြည်ံစုံပြီး၊
တိုင်းပြည်အတွက်လည်း Safety ဖြစ်ပြီးသား
ဖြစ်ပါတယ်၊

သို့ပါသောအကြောင်းအချက်များကိုထောက်ရှုလေ့လာကြစေချင်ပါတယ်၊
ပုဒ်မ(၅၉)(စ) ကဲ့သို့သောပြဌာန်းချက်သည် အမေရိကန်တွင်လည်းရှိနေတယ် လို့၊
အမေရိကန်နိုင်ငံသားခံယူထားပါတယ်ဟုဆိုသော
အင်ဒရူးငုံကျုံးလျံ သည်(၂၀၂၀) ရွေးကောက်ပွဲမတိုင်မီကလည်း အထောက်အထားအချက်အလက်မဲ့စွာ ဥပဒေမယ့်ပြောဆို အင်တာဗျူးခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်၊
ယခုလည်း ထပ်မံပြောဆိုနေပြန်တာကိုတွေ့ရပါတယ်၊
၎င်းသူ၏ ပြောဆိုမူများသည် မိမိတို့နိုင်ငံအားအနှောင့်အယှက် ပေးနေကာ နိုင်ငံရေးအကြည်ညိုပျက်အောင်ပြုမူ၊ပြောဆိုနေကြ ခြင်းသဘောဆောင်နေပါတယ်၊
နိုင်ငံတော်၏ သည်းခံ သဘောထားကြီးမူအားအခွင့်အရေးတစ်ရပ်အဖြင့်အသုံးချကာ၊
နိုင်ငံရေးကြံစည်မူ အသွင်ဖြင့်
သူတို့အတွက် ရပေါက်ရလမ်းများအားမျှော်ကိုး၍
ပြောဆို ပြုမူနေမှူ သာဖြစ်ပါတယ်၊

ဤကဲ့သို့သောမိမိတို့နိုင်ငံ၏ စည်းလုံးညီညွတ်မူနှင့် တရားဥပဒေစိုးမိုးမူကို ထိခိုက်လာနိုင်သည့် ပြောဆိုမူများအား အရေးယူ၊သတိပေးဘို့လိုအပ်လာပါကြောင်း၊
ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၁၇.၁၂.၂၀၂၀)……..


Spread the love
  •  
  •  
  •  
  •  
  •  
  •