မိမိတို့နိုင်ငံနှင့် ပြည်သူများအပေါ် မနာလိုဝန်တို မရှုစိမ့် ထားနေကြသူ ပြည်တွင်း ပြည်ပမှသူများအား သိစေလိုမှု  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့နိုင်ငံနှင့် ပြည်သူများအပေါ် မနာလိုဝန်တို မရှုစိမ့် ထားနေကြသူ ပြည်တွင်း ပြည်ပမှသူများအား သိစေလိုမှု

 

ပထမဦးစွာ Gen Z များနှင့်လုပ်ဖော်ကိုင်ဘက်များအပါအဝင် မိဘပြည်သူများအားလုံးကို တောင်းပန်အပ်ပါတယ်၊
စာရေးသူသည် ယခုလိုပုံစံမျိုး၊ အသုံးအနူန် းမျိုးအား တစ်ခါဘူးမျှ ရေးသားမူမရှိခဲ့ပါပေ၊
ယခုအချိန်ကာလတွင်ရေးသင့်ရေးထိုက်တယ်ဟုတွေးဆကာ ရေးမိပါတယ်၊

မိုးဟိန်းအပါအဝင် တိုင်းပြည်ကိုမနာလို
ဝန်တိုနေကြသော သူများကိုပြောလိုပါတယ်၊
ငါတို့ပြည်သူအများစုက သူတို့ဘဝကို
လုံခြုံအောင်ထားနိုင်မယ်၊
ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မြဲလာမယ်လို့ယူဆ ယုံကြည်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
NLD ကိုထောက်ခံမဲများပေးကြတဲ့အပေါ်မှာ မင်းတို့ဘာသာ မင်းတို့မနာလို ဝန်တို
အခဲမကြေမူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုမူတွေအတွက် ငါတို့ဘာမှမပြောလိုဘူး၊
ဒါကမင်းတို့ရဲ့တိုင်းပြည်နဲ့ ပြည်သူ အပေါ်ထားတဲ့ကောက်ကျစ် တဲ့စိတ်ထားဖြစ်တယ်၊

NLD ကိုမထောက်ခံလို့လည်း ငါတို့က မင်းတို့ကို နိမ့်နိမ့်ပါးပါး မရိုင်းစိုင်းဘူး၊
ဒါကမင်းတို့အပိုင်း ၊
ဒါပေမယ့်တိုင်းပြည်ကို အောက်ထဲဆွဲချနေတာတွေကို ပြည်သူတွေကတော့
မင်းတို့ရဲ့ကောက်ကျစ်စဉ်းလဲမူများကို မှတ်သားထားကြမှာကမလွဲဧကန်ဖြစ်တယ် ၊

မင်းတို့ဘာတွေလဲ ၊
ဘာတွေမျှော်ကိုးပြီးလုပ်နေတယ် ၊
ဘယ်လိုလူစားမျိုးဆိုတာကို ငါတို့အားလုံး
သိနေကြတယ် ၊
ပြောရရင်အများကြီးရှိနေတယ် ၊

အများပြည်သူက ပြည်သူအများအတွက် ကူညီစောင့်ရှောက်နိုင်စေဖို့မိမိတို့ချွေးနဲစာလေးကိုချွေတာစုဆောင်းပြီး လှူဒါန်းထားတဲ့ငွေကြေး၊ပစ္စည်းလှူဒါန်းထားမူကို အနိုင်ကျင့်လက်လွတ်စံပယ် သိမ်းယူနေတာကို မင်းတို့လက်ခံလား ?
ဒီအချိန်ကာလမှာ ပြည်သူကို ပြည်သူကပြန်
ကျွေးနေကြရတဲ့အခြေအနေပါဆိုတာ မင်းတို့သိထားကြဘို့လိုတယ်၊
လှူဒါန်းကြတဲ့ပြည်သူများက ပြည်တွင်းနဲ့ပြည်ပမှာပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး၊
နိုင်ငံတော်ကိုလည်းအခွန်ပေးဆောင်ကြကာ၊ အနည်းငယ်ပိုလျှုံငွေကို ပြည်တွင်းကလိုအပ်နေတဲ့ကိုယ့်နိုင်ငံသားချင်းကိုလှူဒါန်းနေကြတဲ့ ငွေကြေး၊ပစ္စည်းစသဖြင့်တို့ကို နိုင်ထက်စီးနင်းလုယူ သိမ်းဆည်းနေတာကို မင်းတို့က ဝမ်းသာနေကြတာလား ?
ဒီနေ့မန္တလေးမှာ ဆန္ဒဖော်ထုတ်ကြတဲ့ကလေးတွေကို အိမ်ထဲမှာ စောင့်ရှောက်ပေးထားတဲ့ ကိုယ်ဝန်ဆောင်အိမ်ရှင်အမျိုးသမီးကိုသေနတ်နဲ့တေ့ပစ်သတ်သွားတယ်လို့ကြားရတယ်၊ ဒါကို မင်းတို့လက်ခံလား ?
ချင်းပြည်နယ် ဟားခါးဆေးရုံမှာ အခြေအနေဆိုးရွားနေတဲ့လူနာ (၃၀) လောက်ကို ဆေးရုံကအတင်းနှင်ချပြီး၊ နေရာလုယူတဲ့အခြေအနေမျိုးမင်းတို့လက်ခံလား ?
ဒီနေ့ မန္တလေး၊ပြည်၊မှာ ကလေးတွေကို သေနတ်နဲ့ပစ်သတ်နေတာကို မင်းတို့လက်ခံလား ?
မနေ့ညက သာကေတမှာ သေနတ်နဲ့ပစ်သတ်လို့(၂) ယောက်သေတာ မင်းတို့လက်ခံလား ?
သေနတ်နဲ့ပစ်တာက ကလေးတွေရဲ့ ဦးခေါင်းတည့်တည့်ကိုများတယ်၊ ဒါကို မင်းတို့က လက်ခုပ်တီးပေးနေကြတာလား ?
ပြည်သူကို လက်နက်အားကိုးပြီး၊တရားလက်လွတ်အကြမ်းဖက် သတ်ဖြတ် အနိုင်ကျင့်နေတာတွေကို မင်းတို့လက်ခံလား ?
ဒါတောင်မှ သူတို့လက်ထဲမှာ လုယူထားတဲ့အာဏာက (၄၁) ရက်ပဲရှိသေးတယ်၊
ရေရှည်ကာလကို တွက်ချက် မှန်းဆကြည့်ပါ၊

ဒီမိုကရေစီနည်းကျပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ရွေးချယ်ခံအစိုးရဆီက နိုင်ငံတော်အာဏာကို သေနတ်ပြပြီး လုယူလိုက်တာကို မင်းတို့လက်ခံလား ?

အခုဒီစာရေးနေတဲ့အချိန်အထိ ငါတို့နိုင်ငံသား လူငယ်၊လူရွယ်၊လူကြီး(၉၀) ကျော်လောက် သေနတ်နဲ့မတရား ပစ်သတ်ခံနေရတာကို
မင်းတို့က ဝမ်းသာနေကြတာလား ?
တရားလက်လွတ်ဖမ်းဆီးခံထားရတဲ့သူများကလည်း(၂၀၀၀) ဝန်းကျင်ရှိနေပြီ၊ဒါကိုရော မင်းတို့ကအသိအမှတ်ပြုနေကြလား ?
အဲဒီလိုပြုမူလုပ်ဆောင်နေကြတဲ့သူတွေကို မင်းတို့က လက်ခံ မြှောက်ပင့်ပေးနေကြတာကို မင်းတို့ကြည်နူးနေကြတာလား ?

မင်းတို့ကို ပြောချင်တာက (၈၈၈၈) ပြည်သူ့အရေးတော်ပုံကြီးမှာ အရပ်ရပ်သော နိုင်ငံသားတိုင်းက သူ့နည်း သူ့ဟန်တွေနဲ့ အားလုံးပါဝင်ခဲ့ကြတာပါ၊
မင်းတို့ကြောင့် နိုင်ငံတကာက အလေးထားအသိအမှတ်ပြုခြင်း ခံထားရတဲ့ (၈၈) မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာတွေကို ဘယ်နားအစရှာမရဖြစ်နေပြီကွ၊
ငါတို့သားသမီးအရွယ် Gen Z ဆိုတဲ့မျိုးဆက် လူငယ်လေးတွေကလည်း အထင်သေးလာနေပြီကွ၊

တိုင်းပြည်နဲ့ ပြည်သူကို သစ္စာမဖောက်တဲ့၊
နိုင်ငံတော်ကြီးနဲ့ တိုင်းရင်းသားနိုင်ငံသားအားလုံးကို ချစ်ခင် တွယ်တာ သံယောဇဉ်ကြီးတဲ့
(၈၈) မျိုးဆက်တွေအများကြီးရှိနေတယ်ဆိုတာကိုလည်း ပြည်သူများကိုထပ်လောင်း၍
တည်ကြည် လေးနက်စွာဖြင့် အသိပေးချင်ပါတယ်၊
(၈၈) ဆိုတာ စစ်အာဏာရှင်စနစ်မှန်သမျှ မလိုလားကြတာက မွေးရာပါ အသိနဲ့စိတ်ဓာတ်ဖြစ်တယ်ဆိုတာ ပြည်သူအများအား ဂတိပြု အသိပေးလိုပါတယ်၊

သစ္စာဖောက်လောက်ကောင်များသိထားစေချင်တာက၊
မင်းတို့က မင်းတို့ရမယ့် တစ်ပဲ ခြောက်ပြားလေးကိုမက်ပြီး ၊
မင်းတို့တစ်တွေရဲ့ ရေလာမြောင်းပေးပြောနေ ရေးနေတာတွေကိုလည်း၊
စစ်အာဏာရှင်အုပ်စုက အသိအမှတ်
အကြီးကြီး ပြုနေတယ်ထင်လို့လား ?
ဒီမှာ ဟေ့ကောင်တွေ လုံးဝ လုံးဝ ကိုပြုမှာမဟုတ်ဘူးဆိုတာ မင်းတို့တစ်တွေသိထားကြပြီး၊
မြင်တတ်ကြဖို့၊
မြင်နိုင်ကြဖို့လိုပါလိမ့်မယ်၊

ကိုဖုန်းမော်၊ကိုစိုးနိုင်နှင့် (၈၈၈၈) အရေးတော်ပုံကြီး၌ ကျဆုံးသူများကိုအလေးပြုရင်း၊
ယနေ့ကာလတွင် ကျဆုံးသွားကြသော Gen Z များနှင့်တကွ ကျဆုံးသူအားလုံးကို အလေးအမြတ်ထား အလေးပြုရင်းဖြင့် –

အရေးတော်ပုံ အောင်ရမည်၊

ကိုသိန်းဌေး ပဲခူး(၁၃.၃.၂၀၂၁)၊


Spread the love
  •  
  •  
  •  
  •  
  •  
  •