မိမိတို့နိုင်ငံအရေးနှင့် မိမိတို့နိုင်ငံသားများ၏ ကိုယ်ပိုင်ရပ်တည်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့နိုင်ငံအရေးနှင့် မိမိတို့နိုင်ငံသားများ၏
ကိုယ်ပိုင်ရပ်တည်မူ –

ကျွန်တော်တစ်ခုပြောလိုပါတယ်၊
ပြောမှာက နိုင်ငံရေးမဟုတ်ပါဘူး၊
ကိုယ့်နိုင်ငံအရေးနှင့်
ကိုယ်ချင်းစာမူ ခံစားချက်ဖြစ်ပါတယ်၊
နိုင်ငံရေးအဖွဲ့အစည်းဆိုတာ
ကိုယ်ကြိုက်တဲ့ဖက်ကရပ်လို့ရပါတယ်၊
ဒါဆိုရင် သေချာတာက ကိုယ့်အဖွဲ့အစည်းကဆောင်ရွက်နေတာမှန်သမျှ အကောင်းဘက်ကို အားသာတာမျိုးတွေကတော့
သူသူ ကိုယ်ကိုယ် ရေးကြ ပြောကြမှာပါ၊
ဓမ္မတာပါ၊သဘာဝလည်း ကျလှပါတယ်၊
ထိုသူများကလည်း သူ့အဖွဲ့အစည်း၊
သူ့ခေါင်းဆောင်အတွက် တတ်နိုင်သလောက် ၊
တတ်စွမ်းသမျှ Lobby လုပ်ကြမှာ သာဖြစ်ပါတယ်၊
တစ်ချို့ကယဉ်ကျေးပြီးလူကြီးလူကောင်းဆန်သလို၊
တစ်ချို့က နိမ့်ပါး မောက်မာ၍ လူကြီးလူကောင်းမဆန်ကြပါဘဲ ရိုင်းပျ စော်ကားမူများနဲ့ ရေးသားခြင်း၊ ပြုမူ ပြောဆိုခြင်းများလည်းရှိနေနိုင်ပါတယ်၊
ဒါလည်း မိမိက ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဘဲဖြစ်ပါစေ၊နားလည်ပေးကြရမှာပါ၊
အများကတော့ ဒါကို လူ့အခွင့်အရေး၊
ဒီမိုကရေစီ အခွင့်အရေးလို့ ဆိုကြပါတယ်၊
သို့ပေမယ်လို့ တစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့တစ်စုချင်းက အရေး၊အပြော တို့ကို
ဆင်ခြင်မူ၊လူကြီး လူကောင်းဆန်မူတို့သည်
နိုင်ငံတစ်ခု၏ ပုံရိပ်ကောင်းများဆီသို့ရောက်ရှိလာစေတဲ့အပြင် နိုင်ငံတစ်ကာ၏ အသိအမှတ်ပြု လေးစား တန်ဘိုးထားမူများသည်လည်း မြင့်မားလာပါလိမ့်မယ်၊
ပြည်သူ ပြည်သား အများက သူတို့၏ ပစ္စုပန်နဲ့အနာဂတ်အတွက် ကြည်ကြည် ဖြူဖြူ ဖြင့်ထောက်ခံမူမြင့်မားပါမှ နိုင်ငံခေါင်းဆောင် သို့မဟုတ် လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခံယူနိုင်မှာဖြစ်ပါတယ်၊

ယနေ့ မိမိတို့နိုင်ငံတွင် –
သူ့မိသားစုအတွက်နဲ့၊
သူ့မ၏ အခွင့်အာဏာကိုသုံးကာ ဘာအခွင့်အလန်းမှမပေးခြင်း၊
နိုင်ငံတော်မှရယူချင်း မရှိပါသော၊
နောက်ဆုံး သူမ၏ ကိုယ်ပိုင်ငွေကြေးဖြစ်သည့် ဆုငွေ များကိုပင်မြန်မာနိုင်ငံသားများအတွက် foundation ဖွဲ့ပြီး ကူညီလှူဒါန်းနေသူ၊
ခေတ်အဆက်ဆက် ရှုတ်ထွေး ပွေလီလာသော
မြန်မာပြည်အရေးကို ကမ္ဘာက အထင်မလွဲပါဘဲ လက်တွေ့ကျသော ဖြစ်စဉ်၊သမိုင်းကြောင်းများအား
သိမြင် နားလည် လက်ခံ အလေးထားလာစေရန်အတွက် အသွယ်သွယ်သော ညဏ်၊သတိ၊သတ္တိများဖြင့် ပြည်သူ ပြည်သားများ၏ အားပေးထောက်ခံမူနဲ့အတူ ကမ္ဘာ့နိုင်ငံများ၊အဖွဲ့အစည်းများအား ရှေ့ဆုံးမှ တန်းတူ ရည်တူစွာဖြင့် ရှင်းလင်း ပြောဆို နေပါသော
အသက်အရွယ်(၇၅) နှစ်ရှိပြီဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည် နှင့်သူမနဲ့အတူတကွ
ရှိနေကြပါသော မိမိတို့နိုင်ငံ၊မိမိတို့ပြည်သူများအား
မထော်မနန်း မနာလိုဝန်တို ရိုင်းပြစွာ ရေးသားပြောဆို နေကြသူများသည် မိမိ တို့နိုင်ငံအတွက် စဉ်းစားရန်လိုလာ ပါပြီ၊

စာဖတ်သူများသိသာကြပါစေရန် ရေးသားအသိပေးတင်ပြပါရစေ၊
ယနေ့ ကမ္ဘာကို ဦးဆောင်မူပေးနေဖွယ်ရှိနေသူ
ကမ္ဘာ့နိုင်ငံများ၏ရွေးချယ်ခံနိုင်ငံ့ခေါင်းဆောင်များ၏ အသက်အပိုင်းအခြားကို တင်ပြပါရစေ၊

အမေရိကန်သမ္မတ (၇၇) နှစ်၊
ဥရောပသမဂ္ဂခေါင်းဆောင်ဖြစ်သော
ဂျာမနီဝန်ကြီးချုပ် (၆၈)နှစ်၊
ရုရှားသမ္မတ (၆၈) နှစ်၊
တရုပ်သမ္မတ(၆၈) နှစ်၊
မြန်မာနိုင်ငံအတိုင်ပင်ခံ(၇၅) နှစ်၊
ဂျပန်ဝန်ကြီးချုပ် (၇၂) နှစ်၊
တောင်ကိုရီးယားသမ္မတ(၆၈)နှစ် ၊
အိန္ဒိယဝန်ကြီးချုပ်(၇၁)နှစ်၊
ပါကစ္စတန်သမ္မတ(၇၁) နှစ်၊
ဘင်္ဂလားဒေ့ဝန်ကြီးချုပ်(၇၃) နှစ်၊
ဖြစ်ပြီး ကမ္ဘာနိုင်ငံများအရေးတွင် ထိုပုဂ္ဂိုလ်များ၏
ပြောဆိုမူများမှာ အရေးပါနေလျက်ရှိနေပါတယ်၊

ပြင်သစ်သမ္မတ(၄၃) နှစ်၊
ဗြီန်တိန်ဝန်ကြီးချုပ်(၅၆) နှစ်၊
နယူးဇီလန်ဝန်ကြီးချုပ် (၄၀) နှစ်၊
ဘြစတြေးလျဝန်ကြီးချုပ်(၅၃) နှစ်၊
စသည်တို့သည် နိုင်ငံအလိုက်ခိုင်မာမူများရှိရင်းစွဲနှင့် ရှိနေကြမူနဲ့ အတူ ကမ္ဘာ့အရေးတွင် ပါဝင်နိုင်လျက်ရှိပါတယ်၊

အာဆီယံနိုင်ငံများမှ ရွေးချယ်ခံခေါင်းဆောင်များ၏ အသက်များအရွယ်များမှာ –
စင်္ကာပူဝန်ကြီးချုပ် (၆၈) နှစ်၊
ဗီယက်နမ်သမ္မတ (၇၆) နှစ်၊
လာအိုသမ္မတ(၈၃) နှစ်၊
မြန်မာပြည်သမ္မတ (၆၈) နှစ်၊
အင်ဒိုနီးရှားသမ္မတ(၆၀) နှစ်၊
ထိုင်းဝန်ကြီးချုပ်(၆၆) နှစ်၊
ကမ္ဘောဒီးယားဝန်ကြီးချုပ်(၆၈) နှစ်၊
ဖိလစ်ပိုင်သမ္မတ(၇၆) နှစ်၊
ဘရူနိုင်းဘုရင် (၇၅) နှစ်၊
မလေးရှားဝန်ကြီးချုပ်(၆၄) နှစ်၊
တို့ဖြစ်ပါတယ်၊

လူငယ်၊လူလတ်ပိုင်းများသည်လည်း အသီးသီးသော လွှတ်တော်အခင်းအကျင်းများ၌ ပါဝင်လာနိုင်ကာ နိုင်ငံရေးများနှင့်နိုင်ငံ့အရေးအရာများကို အချိန်ယူ လေ့လာသင်ယူရင်း၊ဆောင်ရွက်ပါဝင်လာကြဘို့လည်းလိုအပ်ပါတယ်၊

လက်ရှိကာလ မှာ စကားရပ်များနှင့် ဆောင်ရွက်မူများဖြင့်ကမ္ဘာ့အခင်းအကျင်းကို ဦးဆောင်နေသူများဟုဆိုနိုင်ဖွယ်ရှိသူများမှာ –
အသက် (၇၇) နှစ်မှ (၆၈) အတွင်းမှာရှိနေတာကိုတွေ့ရပါတယ်၊

မိမိတို့တိုင်းပြည်အတွက်
ယခင်ကာလများထက် ယခုအချိန်မှာ ပိုမိုပြီး၊
မိမိတို့နိုင်ငံသားများသည်
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူရပ်တည်ကြရပါတော့မည်မဟုတ်ပါလား၊
အလေးထားစွာဖြင့် . ကိုသိန်းဌေး ၈၈ ပဲခူး၊
(၁၅.၁၁.၂၀၂၀)၊


Spread the love
  •  
  •  
  •  
  •  
  •  
  •