မိမိတို့မြန်မာနိုင်ငံ၏ ကံကြမ္မာနှင့် ကမ္ဘာ့ဒီမိုကရေစီအရေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့မြန်မာနိုင်ငံ၏ ကံကြမ္မာနှင့်
ကမ္ဘာ့ဒီမိုကရေစီအရေး –

 

စစ်ဗိုလ်ချုပ်အုပ်စုမှ (၁.၂.၂၀၂၁) နေ့ရက်တွင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရဆီမှ နိုင်ငံတော်အာဏာအား လက်နက်ကိုင်တပ်ဖွဲ့ကိုအသုံးချကာ အဓမ္မအကြောင်းပြလုယူသွားခဲ့ပါသည်၊

အပိုဒ်(၆) ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားမူမရှိပါသော
တပ်မတော်အစုအဖွဲ့မှတင်မြှောက်ထားသည့်
ဒုတိယသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းထားသော ထုံးဥပဒေများကိုဖောက်ဖျက်ကျုးလွန်၍ ယာယီသမ္မတနေရာကို တပ်မတော်အင်အားဖြင့်လုပ်ယူကာ တပ်မတော်စစ်ဗိုလ်ချုပ်များနှင့်ပူးပေါင်း၍
ချက်ချင်းပင်အရေးပေါ်အခြေအနေဆိုင်ရာပြဌာန်းချက်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၄၁၇) ကိုထုတ်နူတ်အသုံးပြုကြေညာလိုက်ပါသည်၊

ကြေညာချက်နှင့်တစ်ပြိုင်နက်
ပြည်သူလူထု၏ တရားဝင် ထောက်ခံမူရရှိထား၍ လုပ်ပိုင်ခွင့်အာဏာ (Mandate) ရရှိထားသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရားဝင်အစိုးရအဖွဲ့ဝင်များကို တရားလက်လွတ်ဖမ်းဆီးခဲ့ပါသည်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၄၁၈)(က) အရနိုင်ငံတော်၏ ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မတရားရယူသိမ်းပိုက်လုယူခဲ့ပါသည်၊
နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီဟူ၍ ကိုယ့်ကိုကိုယ် အမည်တပ်ခဲ့ပါသည်၊

ဤအမည်ဖြင့်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ
ပုဒ်မ(၄၁၉) အားရယူအသုံးပြုပြီး၊
နိုင်ငံတော်၏ အဖွဲ့အစည်းများကိုဖွဲ့ခြင်း၊
လူပုဂ္ဂိုလ်များခန့်ထားတာဝန်ပေးခြင်းများကို ပြုလုပ်ခဲ့ပါသည်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ဤလုပ်ရပ်များအားလုံးသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအား လိုသလိုရယူ အသုံးချမူသာဖြစ်ပါသည်၊

မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူအများစုမှလည်း သဘောတူညီမူမရှိကြသည့်အပြင် ဆန့်ကျင် ကန့်ကွက် ဆန္ဒဖော်ထုတ်နေသည်မှာ ၎င်းတို့နိုင်ငံတော်အာဏာကို အဓမ္မလုယူသည့်အချိန်မှ ယခုအချိန်အထိ
(၂၇) ရက်ကျော်ရှိသွားပါပြီ၊

အာဆီယံနိုင်ငံများအဖွဲ့မှလည်း
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများကိုချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုထားပါသည်၊

ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကောင်စီနှင့်လုံခြုံရေးကောင်စီတွင်မြန်မာနိုင်ငံအရေးသည် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ဆုံးဖြတ်ကြကာ အရေးပေါ်အစည်းအဝေးများကို ဆက်တိုက်ကျင်းပပြုလုပ်နေကြဆဲဖြစ်ပါသည်၊

ကုလသမဂ္ဂပဋိဉာဏ်အခန်း(၆) ကိုအသုံးပြုယုံမျှနှင့်မလုံလောက်တော့ပါသောကြောင့်
ယခုအခါမှာ အခန်း(၇) ပါ ပဋိဉာဏ်
အပိုဒ်(၃၉)(၄၀)(၄၁)နှင့်အပိုဒ်(၄၂) ကိုအသုံးပြုနိုင်ပါရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စတင်ကြိုးပမ်းလာနေကြပါသည်၊

ယခုလိုအရေးပေါ်ကာလတွင် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်းစသည်တို့အတွက် လုပ်ပိုင်ခွင့်အခွင်ဲအာဏာမရှိပါသော၊
(Mandate) လုံးဝ(လုံးဝ) မရှိပါသော နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းခွင့် လုံးဝ(လုံးဝ) မရှိပါပေ၊

အခွင့်အာဏာမရှိပါလျက်နဲ့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်းသည် မိမိတို့တိုင်းပြည်ကို ၊
ဥပမာ – ဆီးရီးယားနိုင်ငဲကဲ့သို့ဖြစ်လာစေရန်နှင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာစေရန်အစပျိုးသည့် ဆိုးရွားသော လုပ်ရပ်သာဖြစ်ပေလိမ့်မည်၊

UN အပါအဝင် အမေရိကန်နှင့်မိမိတို့ပြည်သူများ၏ အကျိုးလိုလားသည့် မဟာမိတ်နိုင်ငံများဝင်မလာနိုင်စေရန်လုပ်ဆောင်မူသာဖြစ်သည်ဟု မှတ်ယူပါသည်၊

သို့ပါသောအကြောင်းအချက်များကိုမိမိတို့ပြည်သူများနဲအတူ UN အပါအဝင် မဟာမိတ်နိုင်ငံများနှင့် မဟာမိတ် ကမ္ဘာ့ပြည်သူအားလုံးမှ ထောက်ရှု သိမြင်၍
မိမိတို့မြန်မာနိုင်ငံနှင့် နိုင်ငံသား တိုင်းရင်းသားပြည်သူများစွာ၏ လူ့အခွင့်အရေး၊
ဒီမိုကရေစီအရေးအတွက် ပူးပေါင်းပါဝင်ပေး ကြမူသည် ကမ္ဘာ့လူသားများစွာအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးခြင်းသာဖြစ်ပေသည်၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
………. (၄.၃.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •