မိမိတို့မြန်မာပြည်၏ စနစ်ပြောင်းတော်လှန်ရေးတွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအားလုံးသည် အလှတရားကိုယ်စီဖြင့် –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့မြန်မာပြည်၏ စနစ်ပြောင်းတော်လှန်ရေးတွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအားလုံးသည် အလှတရားကိုယ်စီဖြင့် –

(၂၀၂၀)ပြည့်နှစ်၊နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပပြီးဖြစ်သော အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ ပြည်သားအများစု(၇၀)ရာခိုင်နူန်းကျော်မှ လွတ်လပ်သောဆုံးဖြတ်နိုင်မူများဖြင့်လာရောက်ဆန္ဒမဲပေးခဲ့ကြပါသော မဲဆန္ဒရှင် မိဘပြည်သူများအား၊
နိုင်ငံရေးဖိအားများပေးနေသကဲ့သို့ယနေ့ထက်ထိတိုင် ပြောဆို၊လုပ်ဆောင်နေကြပါသော ရွေးကောက်ပွဲဝင်ပြီး အနိုင်မရကြသော နိုင်ငံရေးပါတီတစ်ချို့နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရှိနေပါသော တပ်မတော်မှ တာဝန်ရှိသူအဆင့်ဆင့်မှ ဂုဏ်သိက္ခာနှင့်ကျင့်ဝတ်(Ethic) ကို အလေးထားဘို့လိုအပ်ပါကြောင်း ဦးစွာရေးသားတင်ပြလိုပါတယ်၊
မိမိတို့နိုင်ငံသားပြည်သူများက၊ တပ်မတော်ရှိနေရေးနှင့်တပ်မတော်အင်အားရှိရေးကိုငြင်းပယ်နေကြတာမဟုတ်ပါဘူး၊
နိုင်ငံရေးနဲ့တပ်မတော်ကို သီးခြား၊တကဏ္ဍဆီရှိနေပေးစေရန်သာဖြစ်ပါတယ်၊
ဂုဏ်အင်္ဂ ါမြင့်မားပြီး၊ပြည်သူ ပြည်သားများက အလေးထား၊ယုံကြည်၊ချစ်ခင်အားထားရတဲ့နိုင်ငံတော်၏တပ်မတော်တစ်ရပ်ဖြစ်စေချင်ကြတာဖြစ်ပါတယ်၊
နိုင်ငံရေးဆိုတာ ရူတ်ထွေးလှပါတယ်၊
ရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရအခွင့်အရေးများပေးထားကာ၊
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လွှတ်ာကိုယ်စားလှယ်တစ်ယောက်ရှိရမည့်အရည်အချင်းသတ်မှတ်ချက်များနဲ့တကွ၊
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားသော ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်မှ၊
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွန်ကြားချက်များကိုထုတ်ပြန်ရပါတယ်၊
ရွေးကောက်ပွဲများမှာလည်း၊ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်ထားကြရသည့် နိုင်ငံရေးပါတီများဟာ ရွေးကောက်ပွဲဥပဒေဘောင်အတွင်းမှ
ကိုယ်နိုင် – သူနိုင်အပြိုင်ကြဲကြရတာဖြစ်ပါတယ်၊
နိုင်တဲ့သူက အကုန်ယူ(Winner to All) ပါ၊
ဤကဲ့သို့ပြိုင်ဆိုင်မူများထဲမှာ နိုင်ငံတစ်ခု၏ ကာကွယ်ရေးနဲ့အတူ တရားဥပဒေစိုးမိုးမူအတွက်အင်မတန်ကိုမှ အရေးပါလှတဲ့ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော တပ်မတော်အား၊
ဟိုဘက် – ဒီဘက်ပါဝင်မူမရှိပါစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အရပ်ရပ်သော ပြဌာန်းထားတဲ့ဥပဒေများမှ တားဆီးထားပါတယ်၊
နိုင်ငံတကာ၏ စံနူန်းဥပဒေတွေဖြစ်ပါတယ်၊
တပ်မတော်ဆိုသည်မှာ မိမိအလုပ်မိမိလုပ်ဘို့ကို ဖွဲ့စည်းပုံကသတ်မှတ်ပေးပြီးသားဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
အခန်း(၇) တပ်မတော်၊
ပုဒ်မ (၃၃၇ မှ၃၄၄ )၊
ပုဒ္မ(၆)(စ)၊
ပုဒ်မ(၂၀)(က.ခ.ဂ.ဃ.င.စ)၊ စသည်ဖြင့်၊
နိုင်ငံတော်အစိုးရအဖွဲ့မှာ ပါဝင်ရမည့် ဒုတိယသမ္မတတစ်ဦးရွေးချယ်ခွင့်၊ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၁၀၉)(ခ)နှင့်
ပုဒ်မ(၁၄၁)(ခ)၊ ဖွင့်ဆိုပြဌာန်းထားချက်အရ၊
ပြည်သူ့လွှတ်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီစာရင်းအမည်စာရင်းတင်သွင်းသည့်၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၁၁၀)ဦးနှင့်၊
အမျိုးသားလွှတ်တော်၌(၅၆) ဦး၊ရရှိထားတဲ့အပြင်၊
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသောဦးရေ၊ပုဒ်မ(၁၆၁)(ဃ) မှာဖွင့်ဆိုပြဌာန်းထားပါတယ်၊
သို့ပေမယ့်လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့၊
ပုဒ်မ(၁၂၀)နှင့်ညီရပြီး၊လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း၊ပုဒ်မ(၁၂၁) ဖြင့်မညိစွန်းသူများဖြစ်ရပါမယ်၊
ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းပေးပို့ရသော ပြည်ထောင်စုဝန်ကြီးများနှင့်
တိုင်း/ပြည်နယ်အစိုးရ လုံနယ်ဝန်ကြီးများအပါအဝင်ဖြစ်ပါတယ်၊
သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကိုလည်း၊ပုဒ်မ(၁၂၂)(၁၅၃)(၁၇၀) များဖြင့်
ဖွင့်ဆိုပြဌာန်းထားမူတွေရှိပါတယ်၊
မိမိတို့နိုင်ငံလို ယခင်အာဏာသိမ်းအစိုးရဖြစ်တဲ့ တပ်မတော်အစိုးရကိုယ်တိုင်၊စိတ်ကြိုက်ရေးဆွဲ၊ပြဌာန်းအတည်ပြုခဲ့တဲ့ယနေ့တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲမှာတောင်မှ အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အရာများကို၊
တပ်မတော်မှ ဝင်ရောက်စွက်ဖက်၊စိုးမိုးချယ်လှယ်နိုင်သော၊ စွက်ဖက်ခွင့်ရှိသော၊
ဥပဒေပြဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားမူမရှိသလို၊
ရွေးကောက်ပွဲဆိုင်ရာဥပဒေများထဲမှာလည်း၊ ဥပဒေများ၊နည်းဥပဒေများ၊စည်းမျဉ်းများ၊စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊အမိန့်ကြော်ငြာစာ၊အမိန့်နှင့်ညွှန်ကြားချက်များကိုထည့်သွင်းဖွင့်ဆိုထားခြင်းလုံးဝ(လုံးဝ) မရှိပါဆိုသည်ကို သိထားကြဘို့လိုအပ်ပါတယ်၊

ဖွဲု့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ဘို့ကြိုးစားနေကြရင်းဖြင့်၊
တပ်မတော်ကိုလည်း သူတို့ကိုယ်တိုင်စိတ်ကြိုက်ရေးဆွဲ၊ပြဌာန်းအတည်ပြုခဲ့သည့် ယနေ့ကာလ တည်ဆဲဖွဲ့စည်းပုံနှင့်ပြဌာန်းထားသောဥပဒေများနှင့်အညီ ပြုမူ၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်စေချင်တာက၊
မဲဆန္ဒရှင်မိဘပြည်သူများ၏ ဆန္ဒများဖြစ်ပါတယ်ဆိုတာကို ယုံမှားသံသယ ဖြစ်စရာမလိုပါ၊
နိုင်ငံ့ဝန်ထမ်း(ဖွဲ့စည်းပုံအခြေခံဥပဒေ)၊
ပုဒ္မ(၂၉၁))၊
ဖွင့်ဆိုပြဌာန်းချက်အရ၊
နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားတာဝန်အဆင့်ဆင့်ရှိသူများဟာ နိုင်ငံရေးထဲမှာ ပါဝင်ချင်တယ်ဆိုပါက၊
တပ်မတော်မှ အငြိမ်းစားယူပြီးလျှင်သော်လည်းကောင်း၊
လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ပြီးရင်သော်လည်းကောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပြဌာန်းထားသောဥပဒေများနဲ့အညီ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး အရ ပါဝင်ဆောင်ရွက်ခွင့်ရှိပြီးသားဖြစ်ပါတယ်၊
ရွေးကောက်ပွဲမှာ အနိုင်ရမူ၊
ရှိခြင်း၊မရှိခြင်းက၊
မိမိကိုယ်တိုင်၊မိမိ၏ ပါတီ၏ ရပ်တည်ချက်များနှင့် မဲဆန္ဒရှင် မိဘပြည်သူများစွာ၏ မဲပေးဆုံးဖြတ်မူသည်သာလျှင် မူတည်ပါတယ်၊
ယခု မဲစာရင်းနှင့်ပတ်သက်သောတပ်မတော်မှ ပြုမူ၊ဆောင်ရွက်နေတဲ့ လုပ်ရပ်များ၊ထုတ်ပြန်မူများ၊ပြောဆိုမူများအား ရပ်သင့်ပါပြီဟု မြင်ပါတယ်၊
တပ်မတော်သည် ခေါင်သူကြီးအဖြစ်ရှိနေပြီး၊
မဲစာရင်းများကို လုပ်ပိုင်ခွင့်မရှိပါဘဲ၊ ထုတ်ပြန်နေမူက ဘာဖြစ်လာသလဲဆိုရင်၊
ရေးရမှာ အားတော့နာပါတယ်၊ သို့ပေမယ်လို့ မြေပြင်အခြေအနေကိုသာရေးသားရခြင်းဖြစ်ပါတယ်၊
ရွေးကောက်ပွဲမှာ မဲဆယ်ဂဏန်း၊ရာဂဏန်း၊အနည်းငယ်ကထောင်ဂဏန်း၊လက်ချိုးရေလို့ရတဲ့သောင်းဂဏန်းရရှိပြီး၊
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနဲ့သောင်းဂဏန်း၊သိန်းဂဏန်းအထိကွာဟနေမူများရှိနေသော အချို့ပါတီအနည်းငယ်က တပ်မတော်၏ မဲစာရင်းထုတ်ပြန်မူအပေါ် ကြည့်ပြီး၊
၎င်းတို့က မတရားမဲလိမ်ခံရပါတယ်ဆိုပြီး၊
ပြည်သူများ၏ အမှန်တကယ် ဆန္ဒမဲပေးမူများကို မသိကျိုးကျွန်ပြု၍ မထီမယ့်မြင်ဖြင့်၊
နိုင်ငံရေးတည်ငြိမ်မူများနည်းလာစေရန်နှင့် တရားဥပဒေစိုးမိုးမူကို ထိပါးလာစေပြီး၊
ဥပဒေမဲ့ပြုမူလာခြင်းများကို ရေးသား၊ထုတ်ပြန်၊ပြောဆိုလာကြသော နိုင်ငံရေးအချောင်သမားဆန်ဆန်ဝင်ပါလာမူ အချို့ကိုတွေ့ရပါတယ်၊
ဤဖြစ်ရပ်များကို နိုင်ငံတော်တွင် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက်ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်၊
ဟု ပုဒ်မ (၃၄၁) ၏ဖွင့်ဆိုပြဌာန်းမူသည် သက်ရောက်မူမရှိတော့ပြီလားလို့ တပ်မတော်မှတာဝန်အဆင့်ဆင့်ရှိသူများကို အသိပေးရေးသားတင်ပြပါတယ်၊
ကိုယ်တိုင်က တိုင်းပြည်မတည်ငြိမ်စေရန် လုပ်နေသကဲ့သို့ဖြစ်နေပါတယ်၊
သတိမမူ ဂူမမြင်လား၊
ပညာရှိသတိဖြစ်ခဲလား၊
ဟုဆိုရမလိုဖြစ်လာနေတာကိုတွေ့နေရပါတယ်၊
မိမိတို့ပြည်သူ ပြည်သားများမှာလည်း၊
Covid ကိုရင်ဆိုင်နေကြရရင်း၊
ဥပဒေများကို ကိုယ်လိုရာကိုယ်ပြောနေကြသော နိုင်ငံရေးနတ်ဆိုးများ၏ စည်းမဲ့၊ကမ်းမဲ့၊လုပ်ကိုင်၊ပြုမူ၊ပြောဆိုနေကြတာကိုလည်း၊
စိတ်မသက်မသာဖြင့် စောင့်ကြည့်နေကြရပါတယ်၊
စိတ်ဆင်းရဲမူများခံစားကြရကာ၊
စိတ်လက်ချမ်းမြေ့စွာ နေထိုင်နိုင်ခြင်းများကိုထိခိ်ုက် လို့လာနေပါပြီ၊
ပြည်သူ ပြည်သားများအပေါ်တွင် မကောင်းတဲ့ဘြဇာဆိုးများသက်ရောက်စေသည့် အသွင်မျိုးကို မဖန်တီးကြဘို့လိုအပ်ပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ၊
ဖွဲ့စည်းပုံနဲ့အညီ ပြဌာန်းထားသော တည်ဆဲဥပဒေများ၊နည်းဥပဒေများ၊စည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့်ကြောငြာစာများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အလွဲသုံးမူများကို မဖြစ်ရလေအောင် ရေးဆွဲပြဌာန်းထားသော အခြေခံမူ စံထားများဖြစ်ပါတယ်၊
အထက်ပါအရေးအရာများအား တည်ဆဲဖွဲ့စည်းပုံပြဌာန်းချက်ဥပဒေအချို့နှင့်ဖော်ပြရှင်းလင်းပါရစေ၊

အခန်း(၁၅)၊ အထွေထွေပြဌာန်းချက်များ၊
ပုဒ်မ(၄၄၉) ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏
အခြေခံဥပဒေဖြစ်သည်၊

ပုဒ်မ(၄၅၁) နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း၊နိုင်ငံတော်၏အခြေခံမူများနှင့်အညီ အလေးဂရုပြုဆောင်ရွက်ရမည်၊
သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ၊

ပုဒ်မ(၄၅၃) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကိုဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်၊

အခန်း(၁၀) နိုင်ငံရေးပါတီများ၊
ပုဒ်မ(၄၀၅) နိုင်ငံရေးပါတီတစ်ရပ်သည် –
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကိုလေးစားလိုက်နာရမည်၊

အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊
ပုဒ်မ(၃၉၈)(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းရမည်၊
ယင်းသို့ဖွဲ့စည်းရာတွင်ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ၊ပြည်ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့်ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ငါးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်များ၊
ပုဒ္မ(၃၉၉)
(က)လွတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊
(ခ) ……
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းပြုစုခြင်း၊
(င)…..
(စ) ရွေးကောက်ပွဲဆိုင်ရာသို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီ လည်းကောင်းထုတ်ပြန်နိုင်သည်၊
(ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမူများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များကိုဖွဲ့စည်းခြင်း၊
(ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊

ပုဒ်မ(၄၀၂) အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်(အပြီးအပြတ်အတည်) ဖြစ်စေရမည်၊
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမူများနှင့်ပြင်ဆင်မူများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၃၈)(က) နိုင်ငံသားတိုင်းသည်ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
ပုဒ်မ(၄) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှ ဆင်းသက်ပြီး၊
နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်၊

ဟူသောဖွင့်ဆိုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ရွေးကောက်ပွဲများကျင်းပခြင်း၊
ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ခံခြင်း၊
နိုင်ငံသားပြည်သူများမှ ဖွဲ့စည်းပုံနှင့်အညီ ဆန္ဒမဲများပေးကြခြင်း၊
တို့အား အမျိုးမျိုးသော ရိုးမယ်ဖွဲ့ပုဒ်မများတပ်၊ပြစ်တင်ပုတ်ခတ်နေကြမူသည်၊
ယနေ့တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်၊ဖောက်ဖျက်လွန်ကျုးမူများဟူ၍ ဆိုရမည်သာဖြစ်ပေသည်၊
တိုင်းပြည်ကိုလည်း နိုင်ငံရေးမတည်ငြိမ်စေရန်လည်း လုပ်နေဘိသကဲ့သို့ ဖြစ်နေပါတယ်၊

ထို့ပြင် –
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၈၂) ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ ကျင်းပရန်လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော်နာယက ကခေါ်ယူကျင်းပနိုင်သည်၊

ဤပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊
သတ်မှတ်ထားသည့်အခြားတာဝန်နှင့်လုပ်ပိုင်ခွင့်များကိုဆောင်ရွက်ရမည်၊
(ပြည်ထောင်စုလွတ်တော်နာယက၏ လုပ်ငန်းတာဝန်၊ ပုဒ်မ(၇၇)(ဃ) ) နှင့်ချိတ်ဆက်စဉ်းစား၍ ရနိုင်လိမ့်မယ်ဟု မြင်ပါတယ်၊

ပြည်ထောင်စုလွှတ်တော်နာယကသည်၊
ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန်ရှိပါက အနည်းဆုံး(၁၅) ရက်ကြိုတင်ဖိတ်ကြားရမည်၊
(ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ၊ ပုဒ်မ(၃)(ဂ) )။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၈၅)(က) ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင်၊
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရေယင်းအစည်းအဝေးအထမြောက်သည်၊ အကယ်၍ အထမမြောက်ပါက အစည်းအဝေးကိုရွှေ့ဆိုင်းရမည်၊
ဟုပြဌာန်းထားပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်(၁၂၃ ) ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းကျင်းပရမည်၊
ပုဒ်မ(၁၅၄)(က) အမျိုးသားလွှတ်တော်သက်တမ်းစတင်သည့်နေ့ရက်သည် ပြည်သူ့လွှတ်တော် သက်တမ်း စတင်သည့်နေ့ရက်ဖြစ်သည်၊

တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပမည့်(၁.၂.၂၀၂၁) နေ့ရက်သည်၊ (၂၀၂၀) ပြည့်နှစ်၊နိုင်ဝင်ဘာလ(၈) ရက်နေ့အထွေထွေရွေးကောက်ပွဲကျင်းပသည့်ရက်မှ၊
ရက်ပေါင်း(၉၀) အတွင်းဖြစ်ပြီး၊
(၈၅)ရက်အကြာတွင်ဖြစ်ပါတယ်၊
မိမိတို့အားလုံးစဉ်းစားသင့်တာက၊
အကယ်၍များ ရက်ပေါင်း(၉၀) အတွင်း၊တတိယအကြီမ် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးမကျင်းပနိုင်လျှင် မိမိတို့နိုင်ငံမှာ မလိုလားအပ်တဲ့ အကြပ်အတည်း၊ပြသနာများက အဆင်သင့် စောင့်နေကြတယ်ဆိုတာပါဘဲ၊
မိမိတို့အားလုံးဟာ မူဝါဒ အမြင်နဲ့ အသွင်မတူကြသော်လည်း တိုင်းချစ်၊ပြည်ချစ်စိတ်က၊ကြီးမားကျယ်ပြန့်ဘို့လိုအပ်ပါတယ်၊
တိုင်းချစ်ပြည်ချစ်စိတ်များနဲ့သာလျှင် မိမိတိုင်းပြည် မိမိတို့ထူထောင်နိုင်ကြမှာသာဖြစ်ပါတယ်၊
သို့ပါသော အခြေအနေ၊အကြောင်းအရာများကို စဉ်းစား၊တွေးချင့်ကြရင်း၊
မိမိတို့နိုင်ငံ၏ စနစ်ပြောင်းမူကို၊
တော်လှန်ကြိုးစား၊အားထုတ်ခဲ့ကြသော၊ယနေ့ကာလတွင်လည်း ကြိုးစားစွမ်းဆောင်နေကြပါသော၊ ပြည်သူများ၊ကျောင်းသူ၊ကျောင်းသားများ၊ရဟန်းရှင်လူများ၊ဘာသာ၊သာသနာအသီးသီးမှ ခေါင်းဆောင်များ၊
ပုဂ္ဂိုလ်အစုအဖွဲ့အားလုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊တပ်မတော်၊နိုင်ငံရေးပါတီများ၊ရွေးချယ်ခံအနိုင်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ့ချုပ်၊တိုင်းရင်းသားအနိုင်ရပါတီများ၊ပြည်ခိုင်ဖြိုးပါတီအပါအဝင်၊
နယ်ပယ်အသီးသီးတို့သည် ၊
မိမိတို့၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အလှတရားများ
ကိုယ်စီ၊ကိုယ်စီဖြင့်၊
နိုင်ငံနှင့်နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော အခင်းအကျင်း၊ဖြစ်စဉ်များဆီသို့-
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညှိနိူင်း ပူးပေါင်း ဆောင်ရွက်၊
ဆောင်ကျဉ်းနိုင်ကြပါစေကြောင်း ၊
ရေးသားတင်ပြလိုက်ပါတယ်၊

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၁၇.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •