မိမိတို့၏ နိုင်ငံတော်ကို ခိုင်မြဲပြီး၊ကောင်းမွန် လုံခြုံစွာ သယ်ဆောင်နိုင်မှု 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့၏ နိုင်ငံတော်ကို ခိုင်မြဲပြီး၊
ကောင်းမွန် လုံခြုံစွာ သယ်ဆောင်နိုင်မှု

 

နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာမြေပြင်မှာရှိနေစေဘို့ ရပ်တည်နေနိုင်ဘို့ ကမ္ဘာ့မည်သည့်နိုင်ငံမဆို ပြသာနာအဝဝ အားရင်ဆိုင်ဖြေရှင်းခဲ့ကြရပါတယ်၊
နည်းလမ်းအသွယ်သွယ်ရှာဖွေကာ ဆွေးနွေး တိုင်ပင် ညှိနှိုင်းဆုံးဖြတ်ချက်တွေချကြ၍
နိုင်ငံတစ်ခုကို ထူထောင်ခဲ့ ကြရပါတယ်၊
နိုင်ငံတိုင်းမှာ ကိုယ်စီ ပြသနာများက အချို့အမျိုးအစားတူမယ်၊အချို့က အမျိုးအစားမတူကြပါ၊

ဒါပေမယ်လို့ အားလုံးတူကြတာတော့ရှိပါတယ်၊
ဘာလည်းဆိုတော့ သူတို့မှာ အတိတ်ရာဇဝင်တွေသမိုင်းတွေကကိုယ်စီ ရှိခဲ့ကြတာပါ၊
နိုင်ငံတိုင်းက ခက်ခက် ခဲခဲ ရုန်းကန်ခဲ့ ကြတာကိုလည်းအားလုံး သိနေကြရပါတယ်၊
နိုင်ငံတစ်နိုင်ငံ ဖြစ်တည်လာဘို့ဆိုတာ
ပြောမပြတတ်အောင်ခက်ခဲ ကြပါတယ်၊
မိမိတို့ မြန်မာနိုင်ငံသည်လည်း အတိတ်ရာဇဝင်တွေ သမိုင်းတွေ ကိုဖြတ်သန်းလာခဲ့ကြရပါတယ်၊
မိမိတို့ရဲ့ဘိုးဘေး ဘီ ဘင်တွက အဆက်ဆက်မှာ နိုင်ငံ၏ သမိုင်းတွေ၊ဖြစ်စဉ်တွေ၊ထမ်းပိုး သယ်ဆောင်လာခဲ့ကြမူကြောင့်ယနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီးရယ်လို့ ကမ္ဘာ့ဝန်းကျင်မှာ ခုလိုရပ်တည်ခွင့် ရနေတာဖြစ်ပါတယ်၊
နိုင်ငံတစ်နိုင်ငံဖြစ်လာစေဘို့ အင်မတန်ခက်ခဲလှပါတယ်၊
အသွင်အမျိုးမျိုးပြသာနာ အမျိုးမျိုးတွေကို ရင်ဆိုင်ဖြေရှင်းကျော်လွှားခဲ့ရပါတယ်၊
လောကကြီးမှာ ဖြစ်ထွန်းလာစေဘို့ နှစ်ကာလရှည်စွာ ရုန်းကန် ခက်ခဲ ပေမယ့် ဖြစ်ထွန်း ဖြစ်တည်မူကို အလုံးစုံ ပျက်သုံးယို့ယွင်းသွားစေရန်က မကြာလှပါပေ၊
ထိုသည်ကို မိမိတို့နိုင်ငံသားအားလုံး အသိ သတိနဲ့ ဆင်ခြင်သုံးသပ်နေကြရပါမယ်၊
နိုင်ငံတစ်ခုဆိုတာ လူမျိုးစုတွေ အသီးသီးနေထိုင်ကြတာဖြစ်ပါတယ်၊
ဒါကြောင့် နိုင်ငံကို ထိန်းကြောင်းမည့် တိုင်းပြည်နဲ့ပြည်သူလူထုအတွက်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်နဲ့အတူ အစိုးရဆိုတာ ရှိလာရခြင်းဖြစ်ပါတယ်၊
အစိုးရများသည် ပြည်သူ ပြည်သားများအပေါ် စည်းပျက် ကမ်းပျက် လုပ်ခြင်ရာလုပ်လို့မရစေရန် အထွေထွေရွေးကောက်ပွဲယဉ်ကျေးမူများ ရှိလာခြင်းနဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ နိုင်ငံအား ထိန်းကြောင်း
စီမံအုပ်ချုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုတာကို ပြည်သူအများစု၏ သဘောတူ လက်ခံသည့် ဖွဲ့စည်းပုံကို ပြဌာန်းထားကြရပါတယ်၊
ဖွဲ့စည်းပုံရေးဆွဲ အတည်ပြုမူကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေ ဖြစ်စဉ်မူကတော့ မတူကြပါဘူး၊
၎င်းဖွဲ့စည်းပုံကိုလည်း ခေတ်ကာလ အလျှောက်လိုအပ် ကိုက်ညီ မူများအရ ပြင်ဆင်ဖြည့်စွက်၊ပယ်ဖျက်သင့်တာပယ်ဖျက်ကြရပါတယ်၊
လွတ်လပ်ရေးရပြီးကာစကထဲက ယနေ့ခေတ်ကာလ အချိန်အထိ မိမိတို့နိုင်ငံမှာ ပြသနာမရှိဘူးဆိုတဲ့ နေရာဒေသ၊ပြည်နယ်ဆိုတာ မရှိသလောက်ကိုဖြစ်နေပါတယ်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ
ဖြစ်သည်၊ဟူ၍ ပုဒ်မ(၂၀)(ဂ) မှာဖွင့်ဆိုပြဌာန်းထားတဲ့စကားရပ်နေရာမှာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့များဆိုသည့် စကားရပ်ကို ပြင်ဆင်အစားထိုးသုံးနိုင်ဘို့လိုအပ်ပါတယ်၊
အစိုးရလက်နက်ကိုင်တပ်ဖွဲ့များသည် အစိုးရ၏ အုပ်ချုပ်မူအောက်မှာ ထားရှိမူသည် နိုင်ငံတစ်ခုအတွက် တရားဥပဒေစိုးမိုးမူနှင့်နိုင်ငံသားများ ညီညွတ်ကြပြီး၊ နိုင်ငံတွင်ငြိမ်းချမ်းစွာဖြင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
အလွန်အရေးပါ အခရာကျလှပါတယ်၊
သို့ကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးသည် ရွေးချယ်ခံအစိုးရ၏ အုပ်ချုပ်မူအောက်မှာသာ နိုင်ငံ့ကာကွယ်ရေးလက်နက်ကိုင်တပ်များကိုထားရှိစေကြတာဖြစ်ပါတယ်၊
အစိုးရကသပ်သပ်၊ တပ်မတော်ကသပ်သပ် ရှိနေသော မည်သည့်နိုင်ငံမဆို နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမူမရှိနိုင်သလို၊
အုပ်စုကွဲတွေအများကြီးရှိလာပြီး၊
တိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက် ချမ်းသာမူသည်လည်း နိတ္ထိတံ ပင်ဖြစ်လာမှာက ဧကန်ပင်ဖြစ်ပေသည်၊

နိုင်ငံအများစုတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လိုပါက နိုင်ငံတော်မှ သတ်မှတ်အချိန်တစ်ခုတွင်၊ဝင်ရောက်ယှဉ်ပြိုင်လိုပါက နိုငံရေးပါတီထောင်ကြပြီး၊ ရွေးကောက်ပွဲဝင်ရောက်ပြိုင်ကြပါတယ်၊
အစိုးရဖွဲ့နိုင်သည့်အနိုင်ရပါတီက အစိုးရဖွဲ့ပြီး၊အခြားအနိုင်ရပါတီများက အနိုင်ရအချိုးအစားအလိုက် လွှတ်တော်အတွင်း အတိုက်အခံအဖြစ် တိုင်းပြည်အရေးကိုရှေးရှုကာ၊ အတိုက်အခံလုပ်ခြင်း၊ပူးပေါင်းခြင်းတို့လုပ်ဆောင်ကြပါတယ်၊
လုံးဝအနိုင်မရသော ပါတီများက အလိုလိုနေရင်း ရပ်တန့်သွားကြပါတယ်၊ ပြည်သူလူထု၏
မဲပေးရွေးချယ်မူသည်သာ ပါတီတစ်ခုအတွက် ရပ်တည်မူ ဖြစ်ပါတယ်၊
အချို့နိုင်ငံများက အစိုးရမဖွဲ့နိုင်သော အနိုင်ရပါတီများအား Ngo များကဲ့သို့ လူမူရေးများလုပ်ဆောင်ဘို့ အချိုးအစားအလိုက် နိုင်ငံတော်မှ ထောက်ပံ့ကြပါတယ်၊
လုံးဝကို အနိုင်မရသော နိုင်ငံရေးပါတီများအား နိုင်ငံတော်မှ တာဝန်ယူမူမရှိပေ၊
ထိုအနိုင်မရသော ပါတီများကလည်း အစိုးရထံမှ နိုင်ငံရေး ခွဲတမ်းမတောင်းသလို၊
နိုင်ငံတော်မှလည်းဘာမှတာဝန်ယူထားမူမရှိပါပေ၊
၎င်းပါတီများသည် သူ့လမ်းသူလျှောက်ကြရပေသည်၊များသောအားဖြစ် ရပ်တည်မူမရှိတော့ဘဲ ပျက်သွားကြတာများပြီး၊
နောက်တစ်ခါရွေးကောက်ပွဲကာလကို ပုံစံတစ်မျိုးနဲ့
ပြန်စောင့်ကြရတာဖြစ်ပါတယ်၊
သို့ပေမယ်လို့ မိမိတို့မြန်မာနိုင်ငံမှာက ထူထောင်လိုသူအနည်းဆုံး(၁၅)ဦးနှင့်ကျပ်ငွေ သုံးသိန်းနိုင်ငံတော်ကိုပေးဆောင်လိုက်ပါက၊
နိုင်ငံရေးပါတီတစ်ခုအဖြစ်ရပ်တည်ခွင့်
ရကြပြီး၊ပါတီဝင်အင်အား(၁၀၀၀) စာရင်းပြကာ ထူထောင်ခွင့်ရသွားပါတယ်၊ ဒေသတစ်ခုထဲဆိုပါက(၅၀၀) စာရင်းပြရပါတယ်၊
ရွေးကောက်ပွဲတွင်အနည်းဆုံး(၃) ယောက်
ဝင်ပြိုင်ရပြီး၊မပြိုင်ပါက ပါတီကို ဖျက်သိမ်းခံရပါတယ်၊
ဒါက ပြသနာမရှိပေ၊
တစ်ဦးမှ မနိုင်သည့်ပါတီများအား ကော်မရှင်မှတဆင့် နိုင်ငံတော်နဲ့ နိုင်ငံသားများက တာဝန်ယူနေကြရ ပြန်ပါတယ်၊
နောက်ထပ်ပြသနာအကြီးကြီးတစ်ခုက ဘာလဲဆို မိမိတို့နိုင်ငံ၏ တည်ဆဲဖွဲ့စည်းပုံအရ ပြည်သူများမှ ရွေးချယ်တင်မြှောက်လိုက်သည့်အစိုးရက သပ်သပ်၊
နိုင်ငံတော်၏ကာကွယ်ရေးအတွက်အဓိက လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် တပ်မတော်က သီးခြား အာဏာတစ်ခုကို ကိုင်တွယ်ခွင့်ရယူထား၍ ၊
နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မူအခန်းကဏ္ဍတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်၊
ဟု ပုဒ်မ(၆)(စ) ၌ပြဌာန်းထားကာ၊ထိုပုဒ်မကို လက်ညိုးထိုး ညွှန်းဆိုပြီး၊ပြောဆို လုပ်ကိုင်နေတာကိုတွေ့နေရမြဲပါ၊
စကားချပ် – ( သို့ကြောင့် ပုဒ်မ(၆)(စ) ၏အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အား အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ မေးခွင့်ရှိသူများမှ သဘောထားရယူရန်တင်သွင်းကြဘို့လိုအပ်လာပါပြီ) ၊
လုံးဝကိုအနိုင်မရရှိသောပါတီများ၊
တစ်ချို့ပါတီများဆိုလျှင် ရုံးခန်းတောင်မရှိခြင်း၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံဦးရေ အင်အားအပြည့်မရှိကြခြင်း၊
စသည့်ပါတီများနှင့် တပ်မတော်တာဝန်ရှိသူများက အုပ်စုဖွဲ့ကာ၊ တိုင်းပြည်၏ နိုင်ငံရေးစနစ်အား ဝင်ရောက် မွှေနှောက် ပြောဆိုနေကြတာကို ပြည်သူပြည်သားများက စိတ်ရှုတ်ထွေးစွာဖြင့်ရင်ဆိုင် ကြုံတွေ့နေရပါတယ်၊
ယခင်တပ်မတော်အစိုးရခေတ်ကာလတုန်းက တစ်ဦးမှ အနိုင်မရရှိသော ပါတီများကို ဖျက်သိမ်းခဲ့ဘူးပါတယ်၊
သို့ပေမယ့် ယနေ့ခေတ်ကာလသည် ဒီမိုကရေစီခိုင်မြဲမူနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး
အဖြစ်အားလုံး၏ သဘောတူမူဖြင့်သွားနေကြပါပြီ၊
သို့ပါ၍ နိုင်ငံတကာစံနူန်းအတိုင်း နိုင်ငံရေးပါတီများ၏ ရပ်တည်မူစနစ်များ ဖြစ်လာမူကို မိမိတို့အားလုံးလေ့လာ သုံးသပ်ကြရင်း၊
ပြည်သူ့ရွေးချယ်မူသည်သာ အဓိကဆိုသည်ကို နှလုံးမူကြစေလိုပါတယ်၊
အကြမ်းဖျဉ်း၊အကျဉ်းရုံးရေးသားတင်ပြပါခြင်းသာဖြစ်ပါတယ်၊

ပြည်နယ်များမှ တိုင်းရင်းသားမျိုးနွယ်စုများသည် တပ်မတော်အပါအဝင်၊ ဌာနေ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ဗိုလ်ကျ စိုးမိုးအနိုင်ကျင့်မူများအား ခါးသီးစွာ ခံစားနေကြရတာကို မိမိတို့ ပြည်သူ ပြည်သားများအားလုံးသိပြီးဖြစ်ပါတယ်၊
ငြိမ်းချမ်းရေးမရရှိသော၊မတည်ငြိမ်သောဒေသတွင် နှစ်ဖက်လက်နက်ကိုင်အင်အားစုများ၏ ဗိုလ်ကျ၊စိုးမိုးမူသည် ခေါင်းနှင့်ပန်းသာလျှင်ဖြစ်ပါတယ်၊
မိမိတို့နိုင်ငံ၏ မျိုးနွယ်စုများ အရေးအရာ ကိစ္စများအား အနည်းငယ် ရေးသားတင်ပြပါရစေ၊
ဥပမာ –
ချင်းပြည်နယ်-
လူမျိုးစုက ၅၃ မျိုး အချို့က ၅၅ မျိုးဟူ၍ သတ်မှတ်ကြပါတယ်၊ချင်းပြည်နယ်ထဲမှာလည်း မျိုးနွယ်စုပြသနာများ၊
နေထိုင်အုပ်ချုပ်မူပြသနာများလည်းရှိနေတာကိုတွေ့ရပါတယ်၊

ရှမ်းပြည်နယ် –
လူမျိုးစုက ၃၃ စု၊ယခုအခါ ၃၅ စု ရှိပြီး ပြည်နယ်အတွင်းပြသာနာများကိုလည်းတွေ့နေရပါတယ်၊
ရှမ်းမြောက်၌ ကချင်မျိုးနွယ်စုများလည်းရှိနေပါတယ်။
အခြားမျိုးနွယ်စုငယ်ပြသနာများလည်း
ရှိနေကြတာကိုတွေ့နေရပါတယ်၊

ကချင်ပြည်နယ် –
ကချင်မျိုးနွယ် ၆ စု ၁၂ မျိုးးဟူ၍လည်းသတ်မှတ်ထားပါတယ်။၎င်းတို့နဲ့ ရှမ်းမျိုးနွယ်စု နှစ်စုသည် လွတ်လပ်ရေးအတွက် ကြိုးစားနေဆဲ ၁၉၄၇ ပင်လုံ ညီလာခံ ကထဲကပြသာနာကိုခုအချိန်ထိ အလုံးစုံမဟုတ်တောင် အတော်အတန်အဆင်ပြေစေနိုင်လောက်
သည်အထိ မရောက်ရှိလာသေးပါ၊
ရှမ်းနီနဲ့တွင်မဟုတ်ပါဘဲ ကချင်မျိုးနွယ်စုအတွင်းမှာလည်းပြသနာများရှိနေတာကိုတွေ့ရပါတယ်၊

မွန်ပြည်နယ် –
လူမျိုးစု တစ်စုတည်းရှိသော်လည်း နေထိုင်မူ
အုပ်ချုပ်မူ ပြသာနာများအပြင် ကရင်မျိုးနွယ်စုနှင့်လည်းနှင့်လည်း နေထိုင်မူနယ်မြေ ပြသာနာများရှိနေခြင်း၊

ကယားပြည်နယ် –
မျိုးနွယ်စု ၉ စု တွင်လည်း နေထိုင်အုပ်ချုပ်မူနယ်မြေ
ပြသာနာများရှိနေခြင်း၊

ကရင်ပြည်နယ် –
မျိုးနွယ်စု ၁၁ စု တွင် ဒေသအတွင်းပြသာနာများကို ထင်ရှားစေတာက ကရင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့က အဖွဲ့နာမည် တစ်ခုဆီနှင့်ရှိနေကြခြင်း၊

ရခိုင်ပြည်နယ် –
မျိုးနွယ်စု ၇ စု၊ မြို ၊သက် ၊ခမွီ ၊ဒိုင်းနက်၊ကမန်၊မရမာကြီး၊ဟူ၍သတ်မှတ်ကြပြီး ရခိုင်မျိုးနွယ်စုများအပြင်၊ချင်းတိုင်းရင်းသားများ၊ဗမာတိုင်းရင်းသားများ၊ဟိန္ဒူများ၊အစ္စလာမ်ဘာသာဝင်များလည်းရှိနေကြကာ၊
အုပ်ချုပ်ရေး နယ်မြေ ပြသာနာများနဲ့အတူ ယခုအခါမှာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ ARSA နှင့် AA ၏ တိုက်ပွဲပြသာနာများရှိ
နေကြခြင်း၊
ရခိုင်သားတို့၏ အခြားပြည်နယ်များနဲ့မတူသော ရခိုင် လူငယ်တို့၏ အနာဂတ်နှင့် ပြည်နယ်အတွင်းနေထိုင်နေကြသော ရခိုင်မျိုးနွယ်စုများရဲ့ပစ္စုပန် နဲ့အနာဂတ်ကို အနည်းအကျဉ်းတင်ရေးသားတင်ပြပါရစေ၊

အခြားပြည်နယ် –
ဥပမာ – ရှမ်းတို့သည် အနာဂတ်လူငယ်များအားနယ်ပယ်အသီးသီးတွင်တတ်ကျွမ်း ဝင်ဆန့်စေပြီး၊ပြည်နယ်အတွက်လည်း ပစ္စုပန်နှင့်အနာဂတ်အတွက်မျှော်လင့်ချက်အဖြစ် ရန်ကုန် မန္တလေးစသည်တို့၌အခြေချနေထိုင် ကြသူ ပြည်နယ်သားများက မိမိတို့၏ ပြည်နယ်မှ လူငယ်များအား ရန်ကုန် မန္တလေးတို့၌ ပညာသင်ကြားနိုင်စေရန် ခွဲတန်းချကာ
အသိစိတ်ဓာတ်ဖြစ် တာဝန်ယူကြတဲ့အပြင်၊
မိမိတို့ ပြည်နယ်မှာလည်း
အရှုံး အမြတ်ကို ပဓာန မထားကြပါဘဲ ပြည်နယ်သားများ အလုပ်အကိုင်ဖြစ်ကြစေဘို့ သွားရောက်ရင်းနှီး မြုတ်နှံကြတာကိုတွေ့နေရပါတယ်၊

ရခိုင်ပြည်နယ်၌ ရှိနေကြသော သယံဇာတများသည်အားကောင်းလှပါတယ်၊
ဥပမာ – သစ်မာသည်ရခိုင်သားတို့ဒေသအတွင်းလုံလုံလောက်လောက်သုံးနိုင်ပါတယ်၊
သို့ပေမယ်လို့ ရခိုင်ပြည် ပြင်ပတွင်နေထိုင်ကြသော ရခိုင်သားများသည် ၎င်းသစ်မာများအားတဖက်နိုင်ငံသို့ သွားရောက်ရောင်းချလျင် သစ်တန် တစ်သောင်းနဲ့ တစ်သောင်းခွဲ၊နှစ်သောင်းကြားနိုင်တဲ့ သဘောင်္ ဖြင့်သယ်ဆောင်သွားနိုင်ပါက ထိုသစ်ကို ရောင်း၍
ရရှိသည့် အမြတ်ငွေသည် ထိုသစ်တင်သွားသည့် စက်လှေကို ထားခဲ့ရင်တောင်မှအမြတ်ငွေက မက်လောက်အောင်ကျန်ပါသေးတယ်ဟု လေ့လာသိရှိရပါတယ်၊
ဤကဲ့သို့သော တန်အများကြီးသယ်ဆောင်နိုင်ကြပြီး၊ထိုစက်လှေကြီးများကိုပိုင်ဆိုင်ကြသူများက မည်သူများလဲဆိုတာကလည်း
မေးစရာ မေးခွန်းတစ်ခုပါဘဲ၊
ထိုကဲ့ သို့လုပ်နိုင်စေဘို့ ဒေသခံရခိုင်တိုင်းရင်းသားများနဲ့ ဒေသအစိုးရအပြင်၊
central government တို့ကို ရန်တိုက်ပေးနိုင်ပါမှ ထိုသူများက အလုပ် လုပ်နိုင်ပါလိမ့်မည်၊
ထိုအလုပ်များကို လုပ်ကိုင်နေကြသူအများစုသည် ရခိုင်ဒေသအတွင်းနေထိုင်ကြသူက နည်းပါးပါတယ်၊
ဒေသအပြင်မှာ နေထိုင်ကြပါသော ရခိုင်သားများသာလျှင်များပါတယ်၊
၎င်းတို့သည် မိမိတို့ရခိုင်လူငယ်များနဲ့ ရခိုင်ဒေသ၏ အနာဂတ်များကို အထက်မှာရေးသားခဲ့ သလို ရှမ်းပြည်သားများလုပ်ဆောင်နေသလိုမျိုးများ လုံးဝမရှိနိုင်ပါဟု လေ့လာရပါတယ်၊
ရခိုင်ပြည်နယ်အတွင်း၌ မိမိဒေသ၊မြို့၏ ပညာရေးနဲ့အတူ မြို့ပြလမ်းများကို မိမိပိုင်ငွေကြေးစိုက်ထုပ် လုပ်ကိုင်နေသူသည် လက်ရှိ ရခိုင်ပြည်နယ် တောင်ပိုင်း အတွင်းနေထိုင်သည့် စီးပွားရေးသမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ မိမိဒေသအဆင် ပြေစေမူအတွက် ဆောင်ရွက်နေကြတာကိုလည်း ကြားသိနေရပါတယ်၊

အသက်သွေး ပေးဆပ်ဆင်းရဲမူများကို လက်တွေ့ခံစား ဒုက္ခရောက်နေကြတာက ရခိုင်ပြည်နယ်အတွင်းမှ ဘယ်ကိုမှ မသွားလိုသော၊မသွားနိုင်သောဒေသကိုချစ်သော၊အောက်ခြေလူတန်းစားတောလက်ကျေးရွာများမှ သူများသာလျှင်ဖြစ်ပြီး၊
လူမူစီးပွား၊ပညာရေးများနိမ့် ကြလာသလို သူတို့ တစ်ဦးခြင်း၊တစ်မိသားစုခြင်း၏ အသက်ရှင်ရေးသည်လည်း မလုံခြုံတော့ပေ၊
ရခိုင်မျိုးနွယ်စုများနှင့် အစိုးရများမှလည်း စဉ်းစား ဆင်ခြင်ကြ၍နည်းလမ်းကောင်းများကိုရှာဖွေရမှာဖြစ်ပါတယ်၊

စာရေးသူ၏ ဆိုလိုရင်းကို အတိုချုပ်ပါမယ်၊
အထက်မှာ ရေးသားတင်ပြထားခြင်းကို ကြည့်ကြခြင်းဖြင့် မိမိတို့နိုင်ငံ၏ လက်ရှိ
အခြေအနေကို အဆင်ပြေမူများရအောင်ဆွေးနွေး ဖြေရှင်းကြကာ၊
အနာဂတ်နိုင်ငံတော်ကို မပျက်မစီး မယို့ ယွင်းစေရန် မိမိတို့အားလုံး ချစ်ကြည်မူများစွာနဲ့ ပို၍ ပို၍ ကောင်းသော၊
ဘေးထွက်ဆိုးကျိုများးနည်းစေသော၊
ဘက်ပေါင်းစုံမှ နည်းလမ်းများကို ရှာဖွေ
ရယူပြီး နိုင်ငံကိုတည်ဆောက်ကြရပေမည်၊
နိုင်ငံအတွက် ဘြဇာကြီးပြီး၊သက်ရောက်မူအားကောင်းသော စည်းလုံးညီညွတ်မူကို
တိုင်းရင်းသားနိုင်ငံသားအားလုံး၏ စုပေါင်းအင်အားများဖြင့်ထူထောင် တည်ဆောက်ကြ
ရပေမည်၊

ရန်ကုန် မီဒီယာများတွင် ပြောဆိုနေကြပါသော ရန်ကုန် အခြေစိုက် နိုင်ငံရေးသမားများ၊
အုပ်စုများအားတိုက်တွန်း လိုတာက မိမိတို့ ပြောလိုက်သည့် စကားရပ်သည် မိမိတို့နိုင်ငံအတွက်၊ပျက်စီး ဆုံးရှုံးနိုင်စေမည့် အတိမ် အနက် ဘယ်လောက်ဖြစ်သွားနိုင်စေပါသလဲဆိုတာ စဉ်းစားကြစေဘို့ လိုလာပေသည်၊
မိမိ၏ ပြောမူဆိုမူများကြောင့် မိမိတိုင်းပြည်နှင့် မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများအား
မထိခိုက်၊မနစ်နာစေဘို့ လိုပါတယ်၊
အဖက်ဖက်ကို ဆင်ခြင် သတိမူကြရင်းဖြင့်၊
ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုသည်ကသာ မိမိတို့နိုင်ငံအတွက်ပိုမို ခိုင်မြဲမူ
ပင်ဖြစ်ပါတယ်၊ ဆိုသည်ကို ရေးသားတင်ပြ
လိုရင်းဖြစ်ပါတယ်၊

မိမိတို့ပြည်ထောင်စုသားများ သတိချပ်သင့်သည်မှာ
နိုင်ငံကို ထူထောင်တည်ဆောက်ရင်သာ နှစ်ကာလများစွာကြန့်ကြာခက်ခဲ သော်လည်း၊
ပျက်စီးစေရန်သည် ခဏသောအချိန်ကိုသာလိုပါတယ်၊
နိုင်ငံသားများ၏ စည်းလုံးညီညွတ်မူများမရှိ
ကြပါဘဲ၊ပြသနာချည့်သာထမ်းပိုးနေရသောနိုင်ငံဖြစ်၍ နိုင်ငံတစ်ခုပျက်စီးပါလျှင်၊
၎င်းနိုင်ငံအတွင်းရှိလူထု လူတန်းစားများအားလုံး၊ မျိုးနွယ်စုများအားလုံးသည် ကစဉ့်ကလျားဖြစ်ကြကာ၊
အမျိုးမျိုးသောဒုက္ခပေါင်းစုံကို ရင်ဆိုင်သွားရနိုင်ပါတယ်၊

အလေးထားစွာဖြင့်. . ကိုသိန်းဌေး ပဲခူး၊
……….(၂၃.၁၂.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •