မိမိတို့ မြန်မာနိုင်ငံ၏ စနစ်ပြောင်း တော်လှန်ရေးတွင်ပါဝင်ခဲ့ ကြသူအားလုံး၏ အလှတရားများနှင့် စွမ်းရည် ဂုဏ်သတ္တိများ ကိုယ်စီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိတို့ မြန်မာနိုင်ငံ၏ စနစ်ပြောင်း တော်လှန်ရေးတွင်ပါဝင်ခဲ့ ကြသူအားလုံး၏
အလှတရားများနှင့် စွမ်းရည် ဂုဏ်သတ္တိများ ကိုယ်စီ – –

 

နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်သော ကိစ္စရပ်တွေမှာ အမှန်အမှားထက် ကိုယ့် ဘက်က အားသာစေတဲ့ သာသာထိုးထိုး ရေးသားပြောဆိုနေ ကြတာက ယနေ့ မိမိတို့နိုင်ငံ၏ အခြေအနေတွေ ဖြစ်နေတာကို တွေ့ နေကြရပါတယ်။
ကြာလာတဲ့အခါမှာ အမှားကို အမှားက ထပ်မိကြရင်း သမိုင်းအမှားတွေ
ဖြစ်ပေါ်လာပြီး ဘယ်သူက မှားတယ် – ဘယ်သူက မှန်တယ်လို့
ဆုံးဖြတ်ဘို့ ခက်ခဲသွားမယ့် အခြေအနေတစ်ရပ်ဖြစ်သွားကာ
တစ်ဘက်စောင်းနင်း မှတ်တမ်း အတင်ခံလိုက်ရတဲ့ အဖြစ်များ ဖြစ်လာကြမှာကိုလည်း တားဆီးကြရပါမယ်။
အတိတ်ဆိုတာကို လူတိုင်းက စိတ်ဝင်စားကြပါတယ်။
အမှန်တကယ်လည်း ကြုံတွေ့ ကြရတဲ့ အဖြစ်တွေလည်းဖြစ်ပါတယ်။
ဒါကို တချ ို့သည် အတိတ်က မိမိတို့ရဲ့ အတွေ့ အကြုံ လုပ်ရပ်တွေကို
တစ်စိတ်ကို တစ်အိတ်
လုပ်ပြောတတ်ကြသလို – –
တချ ို့ကတစ်အိတ်ကို တစ်စိတ်တောင်မဟုတ်ပါဘဲ တစ်စေ့လောက်သာပြောဆိုကြတာကိုလည်းတွေ့ ကြရပြီး…..
တချ ို့ကတော့ လုံးဝရေငုံ နှုတ်ပိတ်ပြီး နေကြတာကိုလည်း – –
ယနေ့ မိမိတို့နိုင်ငံမှာ တွေ့နေကြရပါတယ်။
လူတိုင်းမှာ အတိတ် ဆိုတာ ရှိကြစမြဲပါ။
အထူးသဖြစ် စနစ်ပြောင်းတော်လှန်ရေးတိုင်းမှာ ကိုယ်စီ၏ ဆောင် ရွက်ခဲ့ မူ – လုပ်ဆောင်ချ က်တိုင်းက သမိုင်း မှတ်တမ်းဝင်ခဲ့တာ ရှိကြသလို – သမိုင်းမှတ်တမ်း မဝင်ခဲ့တာလည်း ရှိနေကြပါတယ်။
မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးကြိုးပမ်းမူနဲ့ လွတ်လပ်ရေးရချိ န်မှ စပြီး အဆက်ဆက် ဆောင်ရွက်ခဲ့မူတွေ ဖြစ်တဲ့
တချ ို့ အချ က်အလက်တွေဟာ ဘယ်ဟာက အမှန် – ဘယ်ဟာက အမှားဆိုတာကို ဝေခွဲလို့ မရတဲ့ အချ က်အလက်နဲ့ အခြေအနေတွေက ယခုအချိန်အထိအများကြီးရှိနေပါသေးတယ်။

ဤ သို့သောကြောင့် ဖြစ်စဉ်အမှန်ကို သိခြင်ရင်  တစ်မျိုးကြားချ စဉ်းစားရတာတွေလည်းရှိနေပါတ
ဒါကဘာလဲ ဆိုတော့ ဘြဇာ တိက္ကမ ကြီးပြီး မျှ တတဲ့ စာရေးဆရာ ကြီးတွေရဲ့ ရေးသားချ က်တွေကို ကိုးကား လေ့လာကြရပါတယ်။ သို့တောင်မှ အမှန်လို့ ယူလို့ မရတာတွေလည်း အများကြီးရှိနေပါသေးတယ်။
သို့ပါသောကြောင့် တိုင်းပြည်ကို ပြု ပြင် ပြောင်းလဲစေတဲ့ လူထု လူပ်ရှားမူ ကြီးအကြောင်း ကို ရေးသား တင်ပြ ပါက
ကိုယ်တိုင်ကိုယ်ကြပါဝင်ခဲ့ကြသူများနှင့်
စာရေးဆရာ ကြီးများက အထူးသတိထား လေ့လာ ဖတ်မှတ် မေးမြန်းစုံစမ်း ဘို့အင်မတန်မှ အရေးကြီးပြီး လိုအပ်လှပါတယ်။
ထို့အတူ လက်ခံပြီး ပုံနှိပ် ဖြန့်ဝေမည့် သတင်းစာ – ဂျာနယ် များက တာဝန်ရှိသူများကလည်း သေသေ ချာ ချာ ဖတ်မှတ် တည်းဘို့ လည်း အထူးပင်လိုအပ်ပါတယ်။
နိုင်ငံရေးတိုက်ပွဲဆိုသည်က နိုင်တဲ့သူက ရှုံးတဲ့သူကို နလန်မထူနိုင်အာင်…
နိုင်တဲ့ သူမှာရှိနေတဲ့ ဥပဒေတွေ – အာဏာတွေနဲ့ လုပ်ဆောင်ခဲ့ ကြကာ –
ရှုံးတဲ့သူဘက်ကလည်း ဝါဒဖြန့်တဲ့ နည်းလမ်းများကို သုံးပြီး အစိုးရကို ပြည်သူကမုန်းတီးပြီး မယုံကြည်စေရန်လုပ်မယ်။
ဒါတွေက မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးရပြီး ဖြစ်ပျ က်ခဲ့ တဲ့ အချ က်များစွာထဲက အရေးပါတဲ့ အချ က်ဖြစ်ပါတယ်။
ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုက်ပွဲတွေက အဆက်မပြတ်စေတဲ့ အမုန်းတရားများသည်သာမကုန်ဆုံးနိုင်တော့ပါဘဲ…
နှစ်ဘက်စလုံးလည်းနာ – – တိုင်းပြည်နဲ့ ပြည်သူအားလုံးလည်း နစ်နာ ခဲ့ ကြရပြီး – –
မိမိတို့နိုင်ငံသည်လည်း နိုင်ငံရေးကောင်းမွန်
နိူင်မူများလည်းဖြစ်လာမူလည်းမရှိ စနစ်ကောင်းတစ်ခုသည်လည်း အထိုင်မကျ နဲ့…
ဖွံ့ ဖြို းတိုးတက် ချ မ်းသာမူလည်း လက်လှမ်းမမှီ ပါတော့ဘဲ စည်းလုံး ညီညွတ်မူကလည်း ဂျ ို နဲ့လားလို့တောင် မေးကြရမည့်…
အခြေအနေ ဖြစ်စဉ် များသာ ပေါ်လာနေဆဲ အခင်းအကျ င်း ကိုသာ မပြတ်ဖြစ်နေကြရကာ…
အရပ်စကားတစ်ခုကို ယူသုံးပါမယ် မတ်တပ် စာတောင်မနဲ ရှာဖွေစားသောက်နေကြရပြီး နေ့ ဘို့ ညစာ ကခက်ခဲ ကြမ်းတမ်းလာတာကိုသာ ခံစားခဲ့ကြရပြီး ပြည်သူ ပြည်သားများစွာ၏ ဘဝများက နိမ့်ပါးလာကြရသလို တိုင်းရင်းသားဒေသများမှာလည်း စစ်ပွဲများဖြင့် လုံးထွေး ရပ်တည် ဒုက္ခရောက်နေကြရပါတယ်။

ဒါကဘာကိုပြပါသလဲဆိုရင် ခေတ်အဆက်ဆက် ကျ င့်သုံးလာကြတဲ့ နိုင်ငံရေး တိုက်ပွဲ ဖြစ်စဉ်တွေအပေါ် မှာ လက်နက် ကိုင်ပြီး
ကိုကျိုးစီးပွားများကိုသာ ဇောင်းပေး လွန်းမူ အားကောင်းမောင်းသန် အပြန်ပြန် အလှန်လှန်
ဖြစ်နေကြမူများကြောင့်ဟု သုံးသပ် ပါရစေ။
လွတ်လပ်ရေးမရခင်ကဖဆပလနှင့်ဗမာပြည်ကွန့်မြူ နစ်ပါတီ တို့ ၏
ဖြစ်ခဲ့သည့် အပြန် အလှန် စွတ်စွဲ ပုတ်ခတ် တိုက်ခိုက်ခဲ့ ကြသော အခြေအနေအခင်းအကျ င်းမှ စခဲ့မူ မှသည် လွတ်လပ်ရေးရပြီးကာလကထဲက အာဏာရ အစိုးရက ဗကပ ဟာ မြန်မာနိုင်ငံရဲ့ ဘုံရန်သူဖြစ်သွားလို့ ဆိုပြီး ဗကပ ကို ဦးတည် ရန်သူအဖြစ် တပ်မတော်က တိုက်ခဲ့ ကာ
ထိုစဉ်က တစ်ချ ို့တပ်မတော်သားများက ဗကပ ကိုဘာကြောင့် ဦးတည် ဘုံရန်သူအဖြစ် သတ်မှတ် တိုက်ရတာလည်းဆိုတာကို ဂဃနဏ မသိခဲ့ ကြပါလို့ လည်း ဖတ်ခဲ့ရပါတယ်။

ဗကပ ကိုယ်တိုင်ကလည်း တောခိုခဲ့ မူသည်လည်း အခရာ ကျလောက်နိုင်ပါတယ် လို့ စာရေးသူမှ မြင်ပါတယ်။
ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဆုံးသော
သမ္မတကြီး ဖြစ်ပြီး လူမျိုးစု လွှတ်တော်နာယကလည်းဖြစ်သူ စပ်ရွှေသိုက် သည်
သူ၏ မိသားစုနဲ့အတူ…
(၁၉၅၇) ခုနှစ် ဧပြီလမှ မေလအထိ တရုတ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဌ လျူရှောက်ချီ ၏ဖိတ်ကြားချက်အရ သွားရောက်ခဲ့ကာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး မကြာမီတွင် တရုတ်သံရုံးမှတဆင့် ရှမ်းပြည်နှင့်သက်ဆိုင်သော အကူအညီတောင်းခံသည့် စာတစ်စောင်ကို ပေးပို့ခဲ့ပါသည် ၊
ဟု တရုပ်နိုင်ငံသား ထိုစဉ်က သမ္မတကြီးစပ်ရွှေသိုက် အားစကားပြန်လုပ်ပေးခဲ့သူ ယန်ရှုယင်း ရေးသားထားသော
(၂၀၁၉) ခုနှစ် ဇန်နဝါရီလ(၁) ရက် ယူနန်တက္ကသိုလ်မှထုတ်ဝေသော အဆွေတို့နှင့် ကျွန်ုပ်တို့ တရုတ်
နှစ်နိုင်ငံကြားပုံရိပ်များစာအုပ်မှဆောင်းပါးအား မြန်မာဘာသာပြန်ဆိုထားသည်ကိုဖတ်လိုက်ရပါတယ်။

သမ္မတကြီး စပ်ရွေသိုက် ရေးပို့သည့်စာပါ အဓိကအကြောင်းအချက်သည် ပြည်ထောင်စုမှ ခွဲထွက်၍ ရှမ်းပြည်နယ် လွတ်လပ်ရေးအတွက်လူပ်ရှားမူ အစီအစဉ်ကို တရုတ်နိုင်ငံမှထောက်ခံအားပေးရန်မျှော်လင့်ကြောင်း နှင့်
ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ တွင်းသို့ဝင်ရောက်နိုင်သည်ဟု အရိပ် အမြွက် ပြခဲ့သည်၊
သို့သော် တရုတ်နိုင်ငံ ဗဟိုအစိုးရသည် မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးအားထိန်းသိမ်းရေးဟူသောမူကိုလက်ကိုင်စွဲ၍ သူ၏ ပန်ကြားချက်အား အတိအလင်းငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်၊
ထိုသို့ငြင်းပယ်ခံရပြီးနောက်…
သမ္မတကြီးစပ်ရွေသိုက် သည် သူ၏ ရှမ်းပြည်နယ်လွတ်လပ်ရေးရယူရေး အစီအစဉ်ကို မရပ်တန့်ခဲ့ရာ သူ၏ ခွဲထွက်ရေးလူပ်ရှားမူကို မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့အစည်းမှသတိပြုမိခဲ့လေသည်။

(၁၉၅၈) ခုနှစ်အောက်တိုဘာလတွင်
ဗိုလ်ချုပ်ကြီးနေဝင်းသည် အုပ်ချုပ်ရေးတာဝန်ယူထားသော ဖဆပလ ၏ကွဲပြဲမူကိုအခွင့်ကောင်းယူ၍ နိုင်ငံတော်ပြိုကွဲမူအရေးအားတားဆီးသည့်အကြောင်းပြချက်ဖြင့် သွေးထက်သံယိုမူမရှိဘဲ စစ်ရေး၊နိုင်ငံရေး အပြောင်းအလဲပြုလုပ်ခဲ့သည်၊
(၁၉၆၀) ပြည့်နှစ် အောက်တိုဘာလအထိ အိမ်စောင်ဲအစိုးရဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်၊
ထိုကာလအတွင်း မြန်မာအစိုးရသည် တိုင်းရင်းသားဒေသ စော်ဘွားများ၏အထူးအခွင့်အရေးကို ကန့်သတ်သည့်အစီအမံအချို့ကိုဖော်ဆောင်ခဲ့ပြီး စော်ဘွားများ၏အခွင့်အရေးကို ထိပါးခဲ့သည်၊

(၁၉၆၂) ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံတော်ပြိုကွဲမူအရေးအားတားဆီးသည့်အကြောင်းပြချက်ဖြင့် နောက်တစ်ကြိမ် နိုင်ငံရေးအပြောင်းအလဲ ပြုလုပ်ခဲ့ရာ
ဦးနုအစိုးရကို ဖြိုခွင်းသည်သာမက ပါတီလူပ်ရှားမူကိုလည်း ဘက်စုံကန့်သတ်ခဲ့သည်၊
ထို့ပြင် (၁၉၄၇) အခြေခံဥပဒေကိုဖျက်သိမ်းခဲ့ ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုကျင့်သုံးခဲ့သည်။
ဟူ၍ သူ၏ဆောင်းပါး၌ ရေးသားခဲ့တာကို တွေ့ရပါတယ်။

၁၉၆၂ တွင် ဦးနေဝင်းဦးဆောင်သော တပ်မတော်မှ အာဏာသိမ်းခဲ့ ပြီး တော်လှန်ရေးကောင်စီဖွဲ့ ၍ ကြေညာစာတမ်းမှာ ဆိုရှစ်လစ်စနစ်နဲ့ သွားမည် ဆိုတာကိုဖော်ပြခဲ့ကာ – –
လက်ဝဲ – လက်ယာ အဖွဲ့အသီးသီး ကို ဖျ က်သိမ်းစေခဲ့ပြီး – –
မကြာခင်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒ တစ်ခုကိုကိုချ မှတ်ခဲ့ပါတယ်။
ဤသည်က – စာမေးပွဲ နှစ်ခါကျ ကျောင်းသားများကို နေ့ကျောင်း ဆက်တက်ခွင့် မပြု တော့ ပါ။
ဒါကလည်းဘာကို ညွှန်းပြီး ဘာကိုရည်ရွယ်ချ က်ထားသလဲ ဆိုတာက ကျောင်းသားသမဂ္ဂ မှာ ကျောင်းဆွေး လူဆွေး နေပြီး တော်လှန် ဆန့်ကျ င် နိုင်ငံရေး လုပ်နေကြတာက ဗကပ ယူဂျီ ကျောင်းသားများရှိနေတယ်လို့ ယူဆလက်ခံကာ ထိုကျောင်းသားများကို ဖယ်ရှားနိုင်စေဘို့ ထုတ်လိုက်တဲ့ မူဝါဒ ဖြစ်ပါတယ်။
ဗကပ ၏အားကောင်းတဲ့ ယူဂျီ ဆဲလ် ကျောင်းသားတွေကို ဖယ်ရှားနိုင်ခဲ့ တယ်လို့ သူတို့က ထင်မှတ် သတ်မှတ် ပေမယ့် 7 July အရေးအခင်းကြီး ပေါ်ပေါက်စေခဲ့ ကာ – – –
မိမိတို့ နိုင်ငံမှာ ဒီမိုကရေစီစနစ် သည် တစ်စ တစ်စ ချိ နဲ့ ပျ က်စီး လာခဲ့ ပြီး ဆိုရှယ်လစ်နဲ့ ဗကပ သည် သိသာစွာ ရန်သူများဖြစ်လာခဲ့၍ ထိုကျောင်းသားသမဂ္ဂ များတွင် တိုင်းရင်းသား ကျောင်းသားများပါဝင်ခဲ့ ကြကာ သူတို့ သည်လည်း လက်နက်စွဲကိုင် တော်လှန်ရေးလုပ်ဘို့ တောခိုသွားကြတာကို လည်းတွေ့ ခဲ့ ဖတ်ခဲ့ရပါတယ်။
တိုင်းပြည်နဲ့ တိုင်းသူပြည်သားများဟာလည်း ဆိုရှယ်လစ်နဲ့ ကွန်မြူ နစ် ကြားမှာ ကြားညှပ် ခဲ့ရကာ ပူပင်သောက တွေနဲ့တကွ အနေအထိုင် အစားအသောက် သွားမူ လာမူများ စီးပွားရေးရှာနိုင်မူများ – လူမူစီးပွားနဲ့ ပညာရေးမှာ နိမ့် ကျ လာစေခဲ့ ကာ ဒုက္ခအများ ကြီး ရောက်ခဲ့ ရ ရင်ဆိုင်လာခဲ့ ကြရပါတယ်။
ယခုကာလမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ ထိုကဲ့ သို့ ဖြစ်စဉ်မျ ို း တွေ အများကြီး
ကြုံတွေ့ ရင်ဆိုင်နေကြရပြန် ပါပြီ ။
တိုင်းပြည်သည်လည်း စည်းလုံးမူ များ ပြို ကွဲခဲ့ ပြီး နိုင်ငံရေး – လူမူစီးပွား – ပညာရေး များပါ နိမ့် ကျ လာစေခဲံ့ ၍ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။
အခက်အခဲပေါင်းစုံ အကြပ်အတည်း ပေါင်းစုံအား နိုင်ငံတော်ကြီးနဲ့အတူ တိုင်းရင်းသား ပြည်သူ ပြည်သားအားလုံးက နှစ်ကာလရှည်လျားစွာ ခါးစည်း ခံခဲ့ ကြရကာ…
(၁၉၈၈ ) ခုနှစ်မှာ တစ်နိုင်ငံလုံး လှည်းနေလှေ အောင်း မြင်းဇောင်း မကျ န် ပြည်သူ ပြည်သားများ ပါဝင်ခဲ့သည့် နိုင်ငံရေးစနစ်ကို ပြောင်းလဲသွားစေနိုင်တဲ့ (၁၉၈၈) အရေးတော်ပုံ ကြီး ကိုဖြစ်စေလာခဲ့ ပါတယ်။
ယခုအခါမှာ – – ၈၈၈၈ လူပ်ရှားမူမှာကိုယ်ကသာ အဓိက သူက အဓိကမဟုတ်ခဲ့ဘူး။
ကိုယ်က ဘာလုပ်ခဲ့ တယ် – သူက ဘယ်လောက်ဘဲ လုပ်ခဲ့တာပါ။
စသည်ဖြစ် စမာန်ခုတ်ကြ၍ အပြန်အလှန် ငြင်းဆို ရေးသား ပြောဆိုနေကြတာကို တွေ့နေရပါတယ်။
ရှက်ဘို့ အလွန်ကောင်းပါတယ်။

(၈၈၈၈) လူထုလုပ်ရှားမူ အရေးတော်ပုံကြီးအား မိမိတို့ တစ်ဦးခြင်း အပြန်အလှန် ပုတ်ခတ် စွပ်စွဲ ပြောဆို ရေးသားမူများ ဖြင့်
မသေးသိမ်စေကြပါနဲ့။
အလေးထားကြပါ။
တန်ဘိုးထားကြပါ။
တစ်ခါတရံမှာ လူပ်ရှားမူ ကနေပြီး တိုင်းပြည်အတွက် ခေါင်းဆောင်ရွေးပေးလိုက်သည့် သဘောဖြစ်ရပါတယ်။
(၈၈၈၈ )အရေးတော်ပုံသည် မိမိတို့နိုင်ငံအား ပိုမို ကောင်းမွန် အကျ ို းရှိစေမည့် နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲ ပေးလိုက်သည့်
အခြေခံကျောင်းသားများ။
အလယ်တန်း အထက်တန်းကျောင်းသားများ။
တက္ကသိုလ်ကျောင်းသားများ။
ရဟန်းရှင်လူ ပြည်သူအပေါင်း။
ဝန်ထမ်းများပါ မကျ န် ကိုယ်နဲ့ သက်ဆိုင်သော တာဝန်အသီးသီးကို ကျေ ကျေ ပြွန် ပြွ န် ထမ်းရွက် လုပ်ဆောင်ကာ ဆောင်ကျ ဉ်းပေးခဲ့ ကြတာဖြစ်ပါတယ်။
(၈၈၈၈) အရေးတော်ပုံသည် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ဒီမိုကရေစီ ခေတ်စနစ်ပြောင်း လဲမူ၏ ပုံရိပ် ဖြစ်ပါတယ်။
မိမိကြောင့် မသေးသိမ် မပျ က်စီးစေပါနဲ့။
(၈၈၈၈ ) ၏ စနစ်ပြောင်းတော်လှန်ရေးဟု ဖွင့်ဆိုရမည့် – –
(၈၈၈၈) အရေးတော်ပုံကြီးကို ဖြစ်လာစေရန် သတ္တိရှိ ရှိ ဖြင့် အကောင်အထည်ဖေါ် ခဲ့ ကြသော ထိုစဉ်က တက္ကသိုလ် ကျောင်းသားများအားလုံးကို မြန်မာ ပြည်သူ ပြည်သားများနဲ့ အတူ ကမ္ဘာ့ပြည်သူများစွာကလည်း သူရဲကောင်းများအဖြစ် အသိအမှတ်ပြု လေးစား လက်ခံထားခဲ့ – လက်ခံထားဆဲ ပင်ဖြစ်တယ်ဆိုတာကိုလည်း – –
ပြည်တွင်း ပြည်ပမှ သူငယ်ချ င်းများက အလေးအနက်ထား သိနိူင်ကြပါစေ။
ယခုအချိ န်ကာလမှာ မိမိတို့ အားလုံးဟာ စည်းလုံး
ဖွံ့ ဖြို း ချ မ်းသာ ပြီး အစဉ်ငြိမ်းချ မ်းရေး ရှိနေမည့် တိုင်းပြည် အခင်းအကျ င်းသစ်ကို ထူထောင် တည်ဆောက် နိုင်သည့် အရေး အသား အပြောအဆို များကိုသာ တစ်သွင်သွင် ပြောဆို နေကြရမည့် ခေတ်ကာလပင်
မဟုတ်ပါလား ?
မိမိတို့ နိုင်ငံ ကောင်းစားမူအတွက် လူပ်ရှားမူတိုင်းတွင် ပါဝင်သူအားလုံးသည် အလှကိုယ်စီနဲ့ အသီးသီး ဂုဏ်ရည်တူသော – ဂုဏ် ပုဒ်များ ရှိနေကြပါတယ်။
ဆိုသည်ကို ရေးသားတင်ပြလိုက်ရပါတယ်။

အလေးထားစွာဖြင့် –

ကိုသိန်းဌေး ၈၈ ပဲခူး၊
(11.7.2020)

Spread the love
  •  
  •  
  •  
  •  
  •  
  •