မိမိဒေသ၊ မိမိအဖွဲ့အစည်း ၊မိမိပြည်သူအကျိုးနှင့် မိမိတို့၏ထမ်းဆောင်ရမည့် ပြည်သူများအတွက် ဝန်ဆောင်နိုင်လိုမှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိဒေသ၊ မိမိအဖွဲ့အစည်း ၊မိမိပြည်သူအကျိုးနှင့် မိမိတို့၏ထမ်းဆောင်ရမည့် ပြည်သူများအတွက် ဝန်ဆောင်နိုင်လိုမှု

လိုအပ်ပါသောကြောင့် ထပ်မံ ဖော်ပြ ခြင်းဖြစ်ပါတယ်။
သက်ဆိုင်ရာဒေသနှင့် ထိုဒေသအတွင်း
အခြေချ မှီတင်းနေထိုင်ကြကုန်သောဒေသအတွင်းပြည်သူများ–
မိမိနိုင်ငံသားပြည်သူ ပြည်သားများ၊
မိမိဒေသအပါအဝင်မိမိ၏နိုင်ငံတော် အတွက်ကောင်းမွန်သည့် လုပ်ဆောင်မူများသည် နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်များပင်
ဖြစ်ပေသည်။
အထူးသဖြစ် အာဏာရပါတီ၊ ဥပဒေနှင့်အညီ တက်လာသည့်အစိုးရ၊ အာဏာရပါတီဝင်များ၊
နိုင်ငံရေးသမားတိုင်းသည် ဆောင်ရွက်ကြရမည့်တာဝန်နှင့်ကျ င့်ဝတ်များပင်ဖြစ်ပေသည်။

မိမိတို့နိုင်ငံ၊
မိမိတို့နိုင်ငံသား ပြည်သူများ၊
မိမိတို့ဒေသသားများ…..
အတွက် ယခင်အခြေအနေထက် ပိုမိုကောင်းမွန်မည့် လုပ်ဆောင်မူများကိုလုပ်ကြရာတွင်–

ထိုသို့လုပ်နေ ဆောင်ရွက်နေသူများအား–စိတ်ဓာတ်ရေးရာ နိမ့်ပါးပြီး…..
မိမိ၏အဖွဲ့အစည်းနှင့်မိမိ၏နိုင်ငံသားပြည်သူအများအတွက် ရုန်းကန်ကြိုးစားနေကြသူများကို တိုက်ခိုက်နေကြခြင်း၊
အုပ်စုဖွဲ့ တိုက်ခိုက်မူများကို ရှောင်ရှားနိူင်ကြပါစေ။

၎င်းလုပ်ရပ်များသည် တိုင်းပြည်ကောင်းကျ ို း၊ဒေသကောင်းကျ ို း၊
မိမိတို့ အဖွဲ့အစည်းကောင်းကျ ို းနှင့်စည်းလုံးညီညွတ်မူ အားကောင်းခြင်းကို ဖျ က်စီးခြင်းပင်ဖြစ်ပါတယ်။

အဖွဲ့အစည်း အထူးသဖြစ် နိုင်ငံရေးပါတီ တစ်ခု၏ သက်ဆိုင်ရာတာဝန်ခံ များသည်–အဖွဲ့အစည်းပေါ်၌သော်လည်းကောင်း။အဖွဲ့အစည်းဝင် တစ်ဦးခြင်းအပေါ် ၌သော်လည်းကောင်း။မိမိ၏ သားသမီး ညီရင်းအကို မောင်နှမ များကဲ့သို့ သဘောထား ဆက်ဆံဖြေရှင်းပေးဘို့နှင့် တာဝန်ခံ တာဝန်ယူဘို့လိုပေ သည်။

သို့မှသာ ပါတီ၏ဖွဲ့စည်းပုံ အဆင့်ဆင့်သည် စည်းလုံး ညီညွတ် အားကောင်းပြီး နိုင်ငံတော်နှင့်တကွ မိမိတို့သက်ဆိုင်ရာဒေသတွင်း ပြည်သူ တစ်ဦးခြင်း၊ တစ်ဖွဲ့ ခြင်းကို ကာကွယ် စောင့်ရှောက် နိူင်မှာ ဖြစ်ပါတယ်။

တစ်ပည့်မွေးပြီး–
ပါတီဝင်များအပေါ် ကြီးသူ ငယ်သူများကို ဗိုလ် ကျ မူများပြု လုပ်ခြင်းသည် ပါတီမှ မိမိအားပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကိုအလွဲသုံးပြု မူခြင်းပင်ဖြစ်ပါတယ်။

ထိုလုပ်ရပ်သည် ပါတီ၏စည်းလုံးညီညွတ်မူကို ပျ က်စီးစေတဲ့အပြင် တာဝန်နှင့်မညီမျှ သော–မသင့်သော–ဒေသအတွက်၊ပြည်သူများအတွက်၊ အဖွဲ့အစည်းတွက် အကျိုးကောင်းမရှိပါကအလုပ်လုပ်လိုသူများသည်…..
အချိ န်မရွေး ပါတီကိုစွန့်ခွာ ပြီး သစ္စာမဲ့ သူများ၊ အရည်အချင်းမဲ့သူများ၊ဘာမှတတ်သိနားလည်မူမရှိကြသော၊သူများကိုသာ နေရာများပေးမိရက်သားဖြစ်သွားပါလိမ့်မယ်။

သက်ဆိုင်ရာတာဝန်ခံများ အထူးသတိထား သုံးသပ် ဆင်ခြင် စဉ်းစားကြရပါမယ်။

အထူးသဖြစ် မြို့နယ် အလုပ်အမှူဆောင် နေရာရထားကြသူများသည် အတန်းပညာစာမတတ်ရင်တောင်မှ မိမိတို့ဒေသအကျိုးကို စဉ်းစား ချင့် ချိန်တတ်ကြဖို့ နှင့် မိမိတို့နေရယူထားသည့် မြို့နယ်နဲ့ ဒေသခံပြည်သူများ၏အကျိုးကိုလိုလား ကြစေနိုင်ဖို့လိုအပ်ပါတယ်။

အလေးထားစွဖြင့် ကိုသိန်းဌေး ၈၈ ပဲခူး။


Spread the love
  •  
  •  
  •  
  •  
  •  
  •