မိမိလည်ပင်းကိုမိမိ ဓားဖြင့်လှီးသူ လူငယ် အမှုဖွင့်ခံထားရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိလည်ပင်းကိုမိမိ ဓားဖြင့်လှီးသူ လူငယ် အမှုဖွင့်ခံထားရ

ပြင်ဦးလွင်၊ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်တွင်အောက်တိုဘာလ၁ရက်နေ့ နံနက်၁နာရီဝန်းကျင်ခန့်ကလေထိုးကျွတ်ဖာဆိုင်မှလူငယ်တစ်ဦးမိမိကိုယ်မိမိလည်ပင်းကိုဒါးဖြင့်လှီးရာမှရရှိဒဏ်ရာများရရှိခဲ့၍ဆေးရုံတင်ပို့ကုသမှုခံယူနေပြီးအမှုဖွင့်ခံထားရကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းမှသိရသည်။

“သူ့ကိုယ်သူအရက်ကြောင်ကြောင်ပြီးကိုယ့်လည်ပင်းကိုဒါးနဲ့လှီးတာပါသူကိုယ်တိုင်လည်းဝန်ခံထားပါတယ် “ဟုပြင်ဦးလွင်မြို့မရဲစခန်းမှစခန်းမှူး ဖြေကြားထားသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရကက(၁၂)ရေချမ်းအိုးမြို့ရှောင်လမ်းနံဘေး၊ နမ့်မွှေးရွှေရည် စားသောက်ဆိုင်နံဘေးရှိ လမင်းအိမ် လေထိုးကျွတ်ဖာဆိုင်တွင်တစ်ဦးတည်းနေထိုင်သူ ဇေယျာတင့်နိုင် (ဘ)ဦးတင်လှိုင် အသက် (၂၁)နှစ်သည် အောက်တိုဘာလ၁ရက်နေ့ နံနက်၁နာရီခွဲ

အချိန်တွင်၄င်း၏ဆိုင်ရှေ့လာရပ်သော ကားများကို ဆိုင်ပိတ်ဆို့၍မရပ်ရန် ပြောဆိုရာမှ ကားကြီးသမားများနှင့်ကတောက်ကဆဖြစ်ကာ စိတ်ဆိုး အရက်သောက်ပြီး မိမိကိုယ်မိမိလည်ပင်းကိုဓားဖြင့်လှီးခဲ့ခြင်းဖြစ်ကြောင်း ရဲ

စခန်းမှသိရသည်။

ဒဏ်ရာရရှိသူ ဇေယျာတင့်နိုင်အားသန္တိသုခလူမှူ့ကူညီရေးကားဖြင့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးသေဆုံးမှုမရှိကြောင်းလူနာမှာယခုအချိန်ထိစကားကောင်းစွာမပြောနိုင်သေး​​ေကြာင်းသိ ရသည်။

” ကိုယ့်ကိုကိုယ်လှီးတာမဖြစ်နိုင်ဘူးလေ သူပြောတာကညအိပ်ခဲ့ကြောင်းပြနိနိုးလာချိန်မှာဓားဒဏ်ရာတွေ့တာဖြစ်ကြောင်းပြောတယ်  ခွဲစိတ်ခန်းကခုမှထွက်တာဒဏ်ရာတွေကအများကြီးပဲလူနာကအခုလည်းဆေးရုံမှာစကားကောင်းကောင်းမပြောနိင်သေးဘူး သူကသတိတောင်ကောင်းကောင်းမရဘူးသူ့ကိုဆေးမကုပေးမှာကြောက်ပြီးညကရဲက်ိုပြောမိပြောရာပြောလိုက်တာလို့ပြောတယ် ၊ ဒဏ်ရာကပေါင်တွေဗိုက်တွေမှာရောပဲအများကြီးပဲ ဆီးခုံမှာဆိုတော်တော်နက်တယ် သူကိုယ်သူသေ​ေကြာင်းကြံတာဆိုရင် တစ်ချက်တည်းလုပ်မှာပေါ့ ၊စကားကောင်းကောင်းပြောနိုင်မှသေသေချာချာမေးရအုံးမယ်”ဟုဇေယျာတင့်နိုင် ၏အစ်မဝမ်းကွဲတော်စပ်သူမဇင်မာကပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ရဲတပ်ဖွဲ့၏စစ်ဆေးချက်များအရမိမိကိုယ်မိမိလည်ပင်းအားဓားဖြင့်လှီးသူ ဇေယျာတင့်နိုင် (ဘ)ဦးတင်လှိုင်အားပြင်ဦးလွင်မြို့မရဲစခန်းမှ (ပ) ၃၅၂/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၀၉ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •