မိမိ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပယ်မဲ မဖြစ်စေရေး သေချာစွာ စိစစ်ဆောင်ရွက်သွားရန် ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိမိ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပယ်မဲ မဖြစ်စေရေး သေချာစွာ စိစစ်ဆောင်ရွက်သွားရန် ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း

မိမိ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ပယ်မဲ မဖြစ်စေရေး သေချာစွာ စိစစ်ဆောင်ရွက်သွားနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၎င်း၏ Facebook တွင် ယနေ့(အောက်တိုဘာ ၂၉) ညပိုင်းတွင် တိုက်တွန်းရေးသားထားသည်။

ကြိုတင်မဲများ ပေးနေပြီ ဖြစ်ပါ၍ သတိထားရမည့် အချက်များကို အရေးကြီးပါသဖြင့် တင်ပြလိုပါသည်။

၁။ မဲလက်မှတ်များကို သေချာစွာ စစ်ဆေးပါ။

(က) တိုင်းဒေသကြီး/ ပြည်နယ် ဆန္ဒမဲလက်မှတ်၏ နောက်ကျောတွင် ခရမ်းရောင် ရေစာ ပါပါသည်။ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်၏ နောက်ကျောတွင် အစိမ်းရောင် ရေစာ ပါပါသည်။ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၏ နောက်ကျောတွင် အပြာရောင် ရေစာ ပါပါသည်။ တိုင်းရင်းသားလူမျိုး ဆန္ဒမဲလက်မှတ်၏ နောက်ကျောတွင် ခရမ်းရောင် ရေစာ ပါပါသည်။ ယင်းမဲလက်မှတ်များကို စာအိတ်တွင် ထည့်ထားပါမည်။ မဲပေးမည့် အချိန်တွင် ယင်းဆန္ဒမဲ လက်မှတ်များကို စာအိတ်မှ ထုတ်ယူ၍ နောက်ကျောကို စစ်ဆေးပါ။

(၁) သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တံဆိပ် ပါရမည်။
(၂) တာဝန်ခံ ထုတ်ပေးသူ၏ အမည် နှင့် လက်မှတ် ပါရမည်။
(၃) မဲလက်မှတ်တိုင်းကို သေချာစွာ စစ်ဆေးပါ။

အထက်ဖော်ပြပါ အချက်များ မပါရှိလျှင် ဆန္ဒမဲလက်မှတ် ပြန်လဲပါ။

(ခ) ခွပ်ဒေါင်းကြယ်ဖြူ ဘေးမှာ ရှိသော ကွက်လပ်တွင် တံဆိပ်တုံး ရိုက်နှိပ်ပါ။ (ဘောလ်ပင်ဖြင့် မခြစ်ရပါ)
တံဆိပ်တုံး မရှိလျှင် တာဝန်ရှိသူထံမှ တောင်းယူပါ။

(ဂ) တံဆိပ်တုံး ထုပြီးပါက ယင်းဆန္ဒမဲ လက်မှတ် ထည့်ထားသော စာအိတ်တွင်ပင် ပြန်ထည့်ပါ။ အခြား စာအိတ်တွင် မထည့်ရန်။ ( ဥပမာ- တိုင်းဒေသကြီး/ ပြည်နယ် ဆန္ဒမဲလက်မှတ် ဆိုလျှင် တိုင်းဒေသကြီး/ပြည်နယ် စာအိတ်၊ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ဆိုလျှင် ပြည်သူ့လွှတ်တော် စာအိတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ် ဆိုလျှင် အမျိုးသားလွှတ်တော် စာအိတ်)

(ဃ) ယင်းစာအိတ်ကို ကော်ဖြင့် ပြန်ပိတ်ပါ။

မိမိ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များ ပယ်မဲ မဖြစ်စေရေး သေချာစွာ စိစစ်ဆောင်ရွက် သွားနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •