မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတွင် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတွင် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
=============
နေပြည်တော်၊ စက်တင်ဘာ-၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝှေရဲကျေးရွာနေ စိုင်းခွန်း(ဘ)ဦးလုံးဆိုင်၏နေအိမ်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက သတင်းအရဝင်ရောက်ရှာဖွေစဉ် ဖမ်းဆီးရမိသူ၏ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းရွာ၏ အနောက် မြောက်ဘက် မီတာ ၇၅၀၀ ခန့်အကွာ၊ ဟိုမီးရွာ၏အနောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ရှိသော မူးယစ်ဆေးဝါးချက်လုပ်သည့် မိုးကာတဲအတွင်း၌ တူမီး သေနတ် ၃ လက်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ပြား၊ ကဖင်း ၁၇၀ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၂၀ ကျော်)နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိ တူမီးသေနတ် ၃ လက်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ http://dsinfo.org/node/468


Spread the love
  •  
  •  
  •  
  •  
  •  
  •