မိုးကုတ်တွင် ကျောက်တွင်းလုပ်သား(၂)ဦးပေ(၁၅၀)ခန့်နက်သော တွင်းဟောင်းအတွင်းပြုတ်ကျမှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မိုးကုတ်တွင် ကျောက်တွင်းလုပ်သား(၂)ဦးပေ(၁၅၀)ခန့်နက်သော တွင်းဟောင်းအတွင်းပြုတ်ကျမှုဖြစ်ပွား

၁၂.၇.၂၀၂၀ ရက်နေ့၊ ညနေ၃နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြောင်းပြင်အုပ်စု၊ ကျောက်ဆောင်ရပ်တွင် တွင်းလုပ်သား(၂)ဦးပေ(၁၅၀)ခန့်နက်သော တွင်းဟောင်းအတွင်းပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီဖြစ်စဥ်ကိ ညနေ၄နာရီ အချိန်မှာ သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

 

ညနေ ၅နာရီ ၃၅ အချိန်တွင် ကျား(၁)ဦး(သေဆုံး)နှင့် ကျန်ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပါရမီလူမူကူညီရေးအသင်းယာဉ်ဖြင့် ကျပ်ပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •