မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွား  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွား

မိုးကုတ် ဇွန် ၂၅

မိုးကုတ်မြို့တွင် ​ယ​နေ့ နံနက် ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ကြောင့် ရပ်ကွက်အချို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့ပြီး နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ မြေပြိုခြင်း၊ ကားလမ်း​​ပေါ်အထိ ​ရေများစီးဝင်ခြင်းတို့ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ​ မိုးကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် နေရာများသို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်​ခြေနီ အသင်းအဖွဲ့များနှင့် မိုးကုတ်မြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့များ သွား‌ရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းကူညီဆောင် ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိပါတယ်။

မိုးကုတ်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •