မိုးကုတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးကုတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက်နေ့ ၁၆၅၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ မိုးကုတ်မြို့၊ ညောင်သုံးပင်ရပ်ကွက်လမ်းပေါ်တွင် ညောင်သုံးပင်ရပ်ကွက်ဘက်မှ ရေပေါက်တစ်ရာရပ်ကွက်ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ လှမျိုးမြင့်(ခ)စူစန်း ၂၃ နှစ် စီးနင်းမောင်းနှင်လာ သည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောဘေးလွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁၈.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

CCDAC


Spread the love
  •  
  •  
  •  
  •  
  •  
  •