မိုးကုတ်မြို့လုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးကုတ်မြို့နယ်တွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

မိုးကုတ်မြို့နယ်ရှိ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် ၁၁-၁၂-၂၀၂၀ ရက်နေ့မှစ၍ တပ်မတော်မှတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူး/ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့များ၊ အမှတ်(၁၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရင်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစီး တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်ရှိ နေရာ(၄)ခုတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် သက်ဆိုင်ရာ နယ်မြေအလိုက် မြို့အတွင်း လှည့်ကင်း ဆောင်ရွက်ခြင်း၊ အဖွဲ့ (၆)ဖွဲ့ခွဲ၍ လှည့်ကမ်းလမ်းကြောင်းများဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများအား နေ့/ည ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် မိုးကုတ်မြို့တွင် လက်ရှိအခြေအနေမှာ အေးဆေး တည်ငြိမ်လျက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ်များ လျော့နည်းကာ ပုံမှန် သွားလာလျက်ရှိကြောင်း သတင်းရရှိပါသည်။

Mandalay Police
#TheMandalayNewsJournal

 

 

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •