မိုးကုတ်မြို့အနောက်ပိုင်း မြို့ဝင်လမ်းမှာ မြေကျွံကျမှုဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးကုတ်မြို့အနောက်ပိုင်း မြို့ဝင်လမ်းမှာ မြေကျွံကျမှုဖြစ်

မိုးကုတ်မြို့….. သြဂုတ်လ ၂၆ ရက် ၂၀၂၀

မိုးကုတ် – မန္တလေးလမ်းမပေါ်ရှိ မြို့အနောက်ပိုင်းအဝင်
လမ်း ဓာတ်ဆီဆိုင်အနီး မှာ လမ်းမြေကျွံကျမှုဖြစ်ပွား ခဲ့ပါတယ်။

အဲဒီ မြေကျွံကျခဲ့တဲ့လမ်းကို ချက်ချင်းပြန်လည် ပြင်ဆင်
ဖို့အတွက် မိုးကုတ်ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ (ရတဖ ၁၄)၊မီးသတ်တပ်ဖွဲ့ တို့က ပါဝင်ကူညီခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါ နေရာများအပြင် မိုးကုတ်ဖေါင်တော်ဦးဘုရား ခေါင်းလောင်းအနီးမှာ မြေအက်ကွဲမှုများ၊စာသင် ကျောင်းများအတွင်း ရေဝင်ခြင်းနှင့် အချို့နေရာများမှာ မြေကျွံခြင်းများလည်း ဖြစ်ပေါ် ခဲ့ဖူးပါတယ်။

Photo crd # ThetWai Linn


Spread the love
  •  
  •  
  •  
  •  
  •  
  •