မိုးကုတ်မှာ ကျောက်တွင်းပြိုကျပြီး တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးကုတ်မှာ ကျောက်တွင်းပြိုကျပြီး တစ်ဦးသေဆုံး

၁၁.၈.၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဓာတ်တော်ပြန့်လုပ်ကွက်အတွင်း နံရံပြိုကျမှုဖြစ်ပွားပြီး ကျား(၃)ဦးပိတ်မိ၍ ကျား(၂)ဦးမှာ ဒေသခံတွင်းလုပ်သားများအကူအညီဖြင့် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

 

၁၆ ၄၀ အချိန် သတင်းရရှိသဖြင့် ကျန်ကျား(၁)ဦးအား လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပါတယ်။

 

(၂၀ ၂၀)အချိန်ခန့် ကျန်ကျား(၁)ဦးအား မြေအောက်ပေအနက်(၁၅၀၀)ခန့်တွင် ရွှံ့နွံများနှင့် ကျောက်တုံး ကျောက်ခဲ များကြားတွင်သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး မြတ်စေတနာ လူမှုကူညီရေးအသင်းကားဖြင့် ကုတင်(၁၀၀)ဆံပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •