မိုးကုတ်၊ ငါးရံ့အင်း​​​​​ေကျာ​​က်လုပ်ကွက်ဟောင်းရှိ တွင်းပြိုကျ၍ ၁ဦး​ သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မိုးကုတ်၊ ငါးရံ့အင်း​ ​​က​ေ ျာက်လုပ်ကွက်ဟောင်းရှိ တွင်းပြိုကျ၍ ၁ဦး​ သေဆုံး

 

၃.၁.၂၀၂၁ ရက်နေ့၊ ၁၂ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ငါးရံ့အင်းလုပ်ကွက်ဟောင်းရှိ တွင်းအနက် (၁၅)ပေခန့်တွင် တွင်းလုပ်ကိုင်နေသောကျား(၂)ဦး တွင်းပြိုကျ၍ ပိတ်မိနေခဲ့ပါတယ်။

အခင်းဖြစ်ပွားရာမှာကျား(၁)ဦး အား တွင်းလုပ်သားအချင်းချင်းမှ (အသက်ရှင်လျက်)ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ကျား(၁)ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ကျန်ကျား(၁)ဦး(သေဆုံး)အား ၁၃ ၁၀အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မြတ်စေတနာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Source MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •