မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့တဲ့ ညောင်လေးပင်က ရထားလမ်း ဒီကနေ့ မနက် ၈ နာရီမှာ ပြန်ဖွင့်နိုင်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့တဲ့ ညောင်လေးပင်က ရထားလမ်း
ဒီကနေ့ မနက် ၈ နာရီမှာ ပြန်ဖွင့်နိုင်ပြီ

 

နေပြည်တော်၊ ဩဂုတ် – ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့နှင့် ထော်ဝိရွာအကြား ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ် ၉၈/၄ နှင့် ၉၈/၅ အကြား ရေထုတ်ပြွန်အမှတ် ၁၃၆ ဘေးနှစ်ဖက်၌ ရထားလမ်းအောက်ခြေမြေသားများ ရေတိုက်စားမှုကြောင့် ရထားလမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ နယ်မြေခံတပ်မတော်သားများက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် ၈ နာရီတွင် ရထားလမ်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

http://dsinfo.org/node/252
Source – တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ.


Spread the love
  •  
  •  
  •  
  •  
  •  
  •