မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ် အဝေးပြေးလမ်းတွင် ရေကျော်မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ် အဝေးပြေးလမ်းတွင် ရေကျော်မှုဖြစ်ပွား

မုဒုံ ဩဂုတ် ၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေပိုင်းမှစ၍ မုဒုံ- သံဖြူဇရပ် ကားလမ်းမကြီး မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးတွင် အဝေးပြေးကားလမ်းအချို့ လမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

မုဒုံ-သံဖြူဇရပ်ကားလမ်းမကြီးပေါ် နှီးပဒေါကျေးရွာအနီး အဝေးပြေးကားလမ်းမကြီးသည် မိုးများသည်နှင့် နှစ်စဉ် လမ်းရေကျော်မှုဖြစ်ပွားသည့် နေရာဖြစ်သည်။

 

“ယမန်နေ့ ညနေ ၄ နာရီချိန် လောက်မှစ၍ နှီးပဒေါမှာ လမ်းရေစတက်လာတာပါ ကျနော်တို့လည်း သတင်းရရချင်း အဖွဲ့တွေနဲ့ သွားခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကားတွေက ဖြတ်ဖို့ အခက်ခဲဖြစ်သွားတယ် ရေကလည်း တဖြည်းဖြည်းများလာတော့ ကားကြီးတွေကိုပဲ အဓိကထားပြီး တစ်လမ်းမောင်း စနစ်ဖြင့် လုပ်ပေးခဲ့ ပါတယ်၊ ရေကတော်တော်နဲ့ မကျလို့ ကားလမ်းတွေတော့ ပိတ်ဆို့တာတွေဖြစ်သွား ပါတယ် ခုလည်း စောင့်ကြည့်နေပါသေးတယ်၊ မိုးကတော့ ဆက်လက်ရွာနေတုန်းပါ ယနေ့နံနက်ပိုင်းအချိန်တွင် လမ်း ရေကျော်တာတွေတော့ မရှိသေးပါ” ဟု မုဒုံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးထံမှ သတင်းရရှိသည်။

အောင်မျိုးသူ(မုဒုံ)


Spread the love
  •  
  •  
  •  
  •  
  •  
  •