မိုးအောင်ရင် ရုံးချိန်းပျက်ကွက်သဖြင့် ရှေ့နေကိုရန်ကင်းမြို့နယ်တရားသူကြီး သတိပေးပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မိုးအောင်ရင် ရုံးချိန်းပျက်ကွက်သဖြင့် ရှေ့နေကိုရန်ကင်းမြို့နယ်တရားသူကြီး သတိပေးပြောကြား

၁၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် မိုးအောင်ရင်အမှုရုံးချိန်းတွင် မိုးအောင်ရင်မရောက်လာသည့်အတွက် ၎င်း၏ရှေ့နေအား တရားသူကြီးက နောက်ဆုံးအနေဖြင့်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။

ယနေ့ (ဇွန်လ၁၇ရက်) ရန်ကင်းမြို့နယ်တရားရုံးတွင် ပြန်ခေါ်သက်သေအဖြစ် မခင်မြတ်နိုးအားစစ်ဆေးရန် ချိန်းဆိုထားပြီး စွပ်စွဲခံရသူမိုးအောင်ရင်က ကျန်းမာရေးမကောင်းဟုဆိုကာ ရုံးတော်သို့ကြိုတင်အသိပေးခြင်း မရှိပဲ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

လာမည့်ရုံးချိန်းကို ဇူလိုင်လ ၈ ရက်သို့ပြန်လည်ချိန်းဆိုလိုက်ပြီးယင်းရုံးချိန်းတွင် မခင်မြတ်နိုးအား ပြန်ခေါ်သက် သေတစ်ကြိမ်စစ်ဆေး၍ စွပ်စွဲခံရသူဘက်ကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။

မိုးအောင်ရင်ကိုရန်ကင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် စွဲချက်အမိန့်ချမှတ်ခဲ့ သည့် အပေါ် မိုးအောင်ရင်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက် လျှောက် ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြင်ဆင်ချက် လျောက်ထားမှုအပေါ်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကပယ်ချခဲ့ပြီး စွဲချက်အမိန့်ကို အတည်ပြုခဲ့ကြောင်း သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •