“မီချီဂန် နဲ့ဝစ္စကွန်မှာဘိုင်ဒင်အနိုင်ရ၊အိမ်ဖြူတော်ကိုရောက်လုနီးပါးဖြစ်နေပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မီချီဂန် နဲ့ဝစ္စကွန်မှာဘိုင်ဒင်အနိုင်ရ၊အိမ်ဖြူတော်ကိုရောက်လုနီးပါးဖြစ်နေပြီ”

November 5, 2020

ဝါရှင်တန် (AP)
ဂျိုးဘိုင်ဒင်ဟါ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မီချီဂန် နဲ့ ဝစ္စကွန်ဆင် ပြည်နယ်မှာ အနိုင်ရခဲ့တဲ့အတွက်
လွန်ခဲ့တဲ့ ၄ နှစ်က ဒီမိုကရက်တွေ လက်လွှတ်
ဆုံးရှုံးခဲ့ရတဲ့ ‘အပြာရောင်တံတိုင်း’ရဲ့ အဓိက
အစိတ်အပိုင်း တရပ်ကိုပြန်လည်ရယူနိုင်ခဲ့ပြီး၊
သမ္မတထရန့်ရဲ့ ပြန်လည်အရွေးခံရဖို့သွားရမယ့်လမ်းကြောင်းကိုကျဉ်းမြောင်းသွားစေခဲ့ပါတယ်။
ရွေးကောက်ပွဲပြီးနောက်ရက်တနေ့လုံး
အမေရိကန်သမ္မတ နဲ့ ဒုတိယသမ္မတရွေးကောက်ဖို့အတွက် အိမ်ဖြူတော်ကိုရောက်ဖို့အတွက်လိုအပ်တဲ့ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ရဲ့မဲ၂၇၀ကို
ရွေးကောက်ပွဲဝင်သူ ဘယ်သူမှ ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါပေမဲ့
ဂရိတ်လိတ်ခ်(စ်) ပြည်နယ်တွေမှာ ဘိုင်ဒင်ရဲ့
အောင်မြင်မှုဟာ သူ့ကို ၂၆၄မဲရစေခဲ့ပါတယ်။
ဒါဟာသူ့အတွက်အိမ်ဖြူတော်တံခါးဝကိုဖြတ်ပြီး၊သမ္မတအဖြစ်အရွေးခံရဖို့ အကြိတ်အနယ်ပြည်နယ်တခုပဲ
လိုအပ်တော့တယ် ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
ဘိုင်ဒင်ဟါ မဲ၇၁သန်းကျော်ရရှိထားပြီး
သမိုင်းမှာအများဆုံးဖြစ်ပါတယ်။
သူနဲ့အတူလှုပ်ရှားနေတဲ့အဖော် ကာမလာ ဟဲရစ်က သူအခုသမ္မတဖြစ်ဖို့မျှော်လင့်တယ်လို့
မွန်းလွဲပိုင်းမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတခုမှာပြောဆိုပါတယ်။
“ကျွန်တော်အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ
အဖြစ်အုပ်ချုပ်မှာပါ။ကျွန်တော်တို့အောင်မြင်တဲ့အခါ အနီပြည်နယ်၊
အပြာပြည်နယ် ဆိုတာတွေရှိတော့မှာ မဟုတ်ဘူး။အားလုံးဟာ အမေရိကန်ပြည်ထောင်စု သာဖြစ်ပါတယ်။”လို့ ဘိုင်ဒင်ကပြောဆိုခဲ့ပါတယ်။
ထရန့်နဲ့တော့သိသိသာသာကွဲပြားခြားနား
ခဲ့ပါတယ်။ထရန့်ဟာ သန်းပေါင်းများစွာသောမဲတွေမရေတွက်ရသေးပဲ၊ရွေးကောက်ပွဲမပြီးဆုံးသေးခင်မှာ တောင်မှ သူအနိုင်ရခဲ့ပြီလို့ ဗုဒ္ဓဟူးနေ့က
မှားယွင်းစွာထုတ်ဖော်ကြေညာခဲ့ပါတယ်။
ပြည်နယ်ကအရာရှိတွေက ခိုင်လုံတဲ့မဲတွေရေတွက်ပြီးပြီလို့ကြေညာပြီးတဲ့
နောက်မှာ ဝစ္စကွန်ဆင်ပြည်နယ်ဟာ ဘိုင်ဒင့်
အတွက်လို့ AP ကကြေညာလိုက်ပါတယ်။
ထရန့်ဟာမဲပြန်လည်ရေတွက်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဝစ္စကွန်ပြည်နယ်မှာ ပြည်နယ်အနှံ့ မဲပြန်လည်ရေတွက်မှုဟာ စုစုပေါင်းမဲအရေအတွက်ရာပေါင်းအနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပါတယ်။မဲအရေအတွက်၃.၃သန်းနီးပါးအနက် ဘိုင်ဒင်က ၀.၆၂၄ ရာခိုင်နှုန်း အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။
၂၀၁၆ ကတည်းက ဒီမိုကရက်တစ်တွေဟာ ‘အပြာရောင်တံတိုင်း
ပြိုလဲခြင်း’ ခြေက်လှန့်မှုကိုခံလာခဲ့ကြရပါတယ်။
ဂရိတ်လိတ်ခ်(စ်) ပြည်နယ်၃ပွင့်ဆိုင်မှာ
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ဟာတတိယ
မြောက်ပြည်နယ်ဖြစ်ပါတယ်။သူတို့ရဲ့ရွေးကောက်ပွဲဝင်သူတွေ ၄နှစ်တကြိမ်
အားထားရတဲ့ပြည်နယ်တွေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ထရန့်ရဲ့ သာမာန်ပြည်သူလူထုကို
ကိုယ်စားပြုမဲ့နိုင်ငံရေးသမားဆိုတဲ့ ဆွဲဆောင်မှုတွေဟာ လူဖြူအလုပ်သမားလူတန်းစားမဲဆန္ဒရှင်တွေကိုသူ့ဘက်ပါလာအောင်ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာ
စုစုပေါင်းအသာရတဲ့မဲအရေအတွက်၇၇၀၀၀
နဲ့ပြည်နယ် သုံးခုလုံးမှာအောင်ပွဲခံနိုင်ခဲ့ပါတယ်။
နှစ်ဘက်လုံးကရွေးကောက်ပွဲဝင်သူတွေဟာ
ဒီနှစ်တော့ဒီပြည်နယ်တွေမှာအပြင်းအထန်
တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ဘိုင်ဒင်ရဲ့လူတွေဟာ
ကော်လာပြာမြို့တွေ နဲ့ ဒက်ထရွိုက် နဲ့ မီဝေါ့ကီ
မြို့တွေက လူမည်း တွေရဲ့ထောက်ခံမှုကို
ပြန်ရအောင်ကြိုးပမ်းနေခဲ့ပါတယ်။
ဝစ္စကွန်ဆင် နဲ့ မီချီဂန်ပြည်နယ်မှာအ နိုင်ရပြီးတဲ့နောက် သမ္မတရွေးကောက်ပွဲအဖွဲ့
ကိုယ်စားလှယ်မဲ၆ မဲသာ ဘိုင်ဒင့်အတွက်လိုအပ်ပါတော့တယ်။အာလက်စကာပြည်နယ်အတွက်ကလွဲလို့၊
နီဗားဒါးပြည်နယ်အပါအဝင် အဆုံးအဖြတ်မပေးရသေးတဲ့ဘယ်ပြည်နယ်မှာမဆို အနိုင်ရခဲ့ရင် သမ္မတထရန့်ရဲ့ အိမ်ဖြူတော်မှာရာထူးသက်တမ်းဟာ အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။
ထရန့်ဟာဗုဒ္ဓဟူးနေ့ကအချိန်အတော်များများကိုအိမ်ဖြူတော်ကနေအိမ်မှာကုန်ဆုံးခဲ့ပါတယ်။သူ့ရဲ့အကြံပေးတွေနဲ့ အတူရှိနေပြီး အဓိက
နယ်မြေတွေမှာ သူ့ရဲ့ပြိုင်ဘက်ဒီမိုကရက်တွေ
အောင်ပွဲခံနေတာကို မီဒီယာတွေကထုတ်လွှင့်
ဖော်ပြနေတာကိုကြည့်ပြီးဒေါပုန်ထနေပါတယ်။ထရန့်ဟာအဓိကပြည်နယ်များစွာမှာ အောင်
နိုင်တယ်ဆိုပြီးမှားယွင်းပြောဆိုပြီး၊ဒီမိုကရက်တွေအနိုင်ရတာတွေနဲ့ပတ်သက်ပြီးလဲလျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေလို့ မသေချာပဲ ချဲ့ကားပြောဆိုပါတယ်။ပျက်ကွက်သူနဲ့အစောပိုင်းမဲတွေဟာစာရင်းဇယားချပြထားတယ်လို့ပြောဆိုခဲ့ပါတယ်။
ထရန့်ရဲ့ ရွေးကောက်ပွဲစည်းရုံး လှုံ့ဆော်ရေး မန်နေဂျာ ဘီလ် စတက်ပီအန်က
သမ္မတဟာ ဝစ္စကွန်ဆင် ပြည်နယ်ကမဲတွေကိုပြန်လည်ရေတွက်ဖို့
တောင်းဆိုလိမ့်မယ်လို့ပြောခဲ့ပါတယ်။စီရင်စုဒေသအတော်များများမှာပုံသဏ္ဍန်မမှန်တာတွေရှိခဲ့တယ်လို့ပြောဆိုပါတယ်။မဲပေးတဲ့နေရာနဲ့မဲရေတွက်တဲ့ နေရာတွေမှာ
စောင့်ကြည့်လေ့လာသူတွေအတွက် ပိုမို
ကောင်းမွန်တဲ့အခွင့်အလမ်းတွေရစေဖို့ မီချီဂန်၊
ပင်ဆယ်လ်ဗေးနီးယား နဲ့ ဂျော်ဂျီယာ ပြည်နယ်တို့က တရားရုံးတွေ မှာ တင်ပြတောင်းဆိုထားတယ်လို့ပြောပါတယ်။
တချိန်ထဲမှာပဲ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာသိန်းပေါင်းများစွာသောမဲတွေကိုဆက်လက်ရေတွက်ခဲ့ပါတယ်။ဒီလို စာတိုက်ကမဲတွေကိုရေတွက်နေတဲ့အပေါ်မှာ
နိုင်ငံတော်တရားရုံးမှာတရားစွဲဆိုထားတာကို
ဝင်ရောက်စွက်ဖက်လုပ်ဆောင်နေတာ
ဖြစ်တယ်လို့ ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က
ပြောပါတယ်။ဒါပေမဲ့ ရလဒ်ကိုပြောင်းပြန်
ဖြစ်စေနိုင်တဲ့ အရီးဇိုးနားပြည်နယ်ကမဲတွေကျတော့ခိုင်လုံမဲတွေလို့ဆိုပြန်ပါတယ်။ဒီအချက်တွေဟာသူတို့ပြောဆိုနေတာတွေဟာအစကတည်းကရှေ့နောက်မညီညွတ်တာကို
ပြသနေပါတယ်။
အခြားအနီးကပ်စောင့်ကြည့်ရမယ့်ပြိုင်ပွဲ
နေရာတွေက အပြောင်းအလဲအများဆုံး ပြည်နယ်တွေထဲက အကြီးဆုံးပြည်နယ် ဖလော်ရီဒါမှါ ထရန့်က
အသာစီးရနေပါတယ်။တက္ကဆက်နဲ့ အိုဟိုင်ယိုး
ကို ဆုပ်ကိုင်ထားနိုင်ပါတယ်။
ဘိုင်ဒင်ကတော့ နယူးဟမ်စဖီးယား နဲ့ မင်နီဆိုတား နဲ့ မကြာသေးခင်က ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်ကို ယုံကြည်စိတ်ချစွာရွေးချယ်ခဲ့တဲ့ပြည်နယ်တခုဖြစ်တဲ့ အရီဇိုးနားကို ထိန်းထားနိုင်ခဲ့ပါတယ်။
သမ္မတရွေးကောက်ယှဉ်ပြိုင်ပွဲတွေရဲ့ အတည်တကျမဖြစ်နိုင်တဲ့ သဘောသဘာဝ
တွေဟာ ဒီမိုကရက်တွေအတွက် အတော်အတန် စိတ်ပျက်စရာကောင်းတဲ့
ညတညကို ပြန်အမှတ်ရစေပါတယ်။ သမ္မတရဲ့
လေးနှစ်တာကာလဆောင်ရွက်ချက်တွေကို
ငြင်းဆန်ကြပြီး ဝါရှင်တန်ကနေရာအားလုံးမှာ

အောက်လွှတ်တော်က အခိုင်အမာချုပ်ကိုင်ထားနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ပေမဲ့ သမ္မတရဲ့လူတွေက အိုင်အိုဝါ၊
တက္ကဆက်၊မိန်း၊ကန်းဆက် တို့အပါအဝင်
အားနည်းချက်ရှိတဲ့နေရာတွေမှာတောင် သမ္မတရဲ့လူ တွေ အောက်လွှတ်တော်မှာ နေရာ
တွေရခဲ့ကြပါတယ်။ဒီမိုကရက်တွေ အောက်လွှတ်တော်မှာနေရာတွေဆုံးရှူံးခဲ့ရပေမဲ့
ဆက်လက်လက်ထိန်းချုပ်ထားနိုင်မယ်လို့
မျှော်လင့်ထားပါတယ်။
ရွေးကောက်ပွဲကို အမေရိကန် ၂၃၂၀၀၀ကျော်
သေဆုံးပြီး လူသန်းပေါင်းများစွာကိုအလုပ်လက်မဲ့
ဖြစ်စေခဲ့တဲ့ကပ်ရောဂါကြီး ဖြစ်ပွါးနေချိန်မှာ
ကျင်းပခဲ့ရပါတယ်။ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့အပြား
မှာနောက်ထပ် ဗိုင်းရပ်(စ်)ကူးစက်သူ နေ့စဉ်
အတွက်အတွက်မှာစံချိန်သစ်တင်ခဲ့ပါတယ်။
ရွေးကောက်ပွဲဝင်သူတွေဟာ လူမျိုးရေးတရားမျှတမှုအပါအဝင် တိုင်းပြည်ရဲ့အနာဂတ်အတွက်
မတူကွဲပြားတဲ့အမြင်အမျိုးမျိုးနဲ့
ဖိအားပေးနေတဲ့ လတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။မဲဆန္ဒပေးသူ
တွေကလည်း လူပေါင်းသန်း၁၀၀ကျော် ရွေး
ကောက်ပွဲနေ့မှာများပြားတဲ့အရေအတွက်နဲ့
မဲပေးပြီး တုန့်ပြန်ခဲ့ကြပါတယ်။ထရန့်ဟာ ထူးခြားတဲ့လှုပ်ရှားမှုအဖြစ် အိမ်ဖြူတော်ကနေ
ရွေးကောက်ပွဲနိုင်တယ်လို့ ကြိုတင်ပြီးကြေညာ
ချက်ထုတ်ပြန်ခဲ့ပါတယ်။သူဟာ မဲရေတွက်နေတာတွေ ရပ်ဆိုင်းဖို့ ရွေးကောက်ပွဲကို နိုင်ငံတော်တရားရုံးချုပ်ကို
တင်မယ်လို့ပြောပါတယ်။ဘာဥပဒေဆိုင်ရာဆောင်ရွက်မှုမျိုးနဲ့ သူတရားစွဲနိုင်မလဲဆိုတာရှင်းရှင်းလင်းလင်းမရှိပါဘူး။

ဆီးနိတ်မဲအရေအတွက်အများစုရသူတွေ
ရဲ့ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနဲ(လ်)က
သမ္မတထရန့်ရဲ့ အောင်နိုင်တယ်လို့အလျှင်အမြန်ကြေညာခဲ့တာကို သဘောမတူခဲ့ပါဘူး။ပြည်နယ်တွေမှာမဲရေတွက်နေကြတာကို
အချိန်အနည်းငယ်စောင့်ရအုန်းမယ်လို့ပြောဆိုခဲ့ပါတယ်။ကင်တက်ကီပြည်နယ်က ရီပတ်ဘလီကန်တဦးကတော့ရွေးကောက်ပွဲနိုင်
တယ်လို့ကြေညာတာနဲ့ မဲရေတွက်မှုပြီးဆုံးတာနဲ့မတူပါဘူးလို့
ဗုဒ္ဓဟူးနေ့ကပြောလိုက်ပါတယ်။မဲစာရင်းရလဒ်သွင်းခြင်းတွေကို ရွေးကောက်ပွဲနေ့ ကျော်လွန်တဲ့အထိ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်။ပြည်နယ်တွေမှာမဲရေတွက်မှုရပ်တန့်ရမဲ့အချိန်
အတွက်စည်းမျဉ်းတွေ ကျယ်ကျယ်ပြန့်ပြန့်ချမှတ်ထားပါတယ်။
ဒါဇင်ပေါင်းများစွာသောထရန့်ကိုထောက်ခံသူ
တွေက ဒက်ထရွိုက် ကမဲရေတွက်ရာ ဌာနကို
မမျှော်လင့်ပဲ ရောက်လာကြကာ၊မဲရေတွက်နေတာကို ရပ်တန့်ပေးဖို့အော်ဟစ်တောင်းဆိုနေကြပြီး၊
ထရန့်ကိုဆန့်ကျင်သူတွေကလည်း မဲတွေကိုပြီးဆုံးအောင်ရေတွက်ဖို့ တောင်းဆိုကြရင်း အမေရိကန်
ပြည်ထောင်စုအနှံ့အပြားမှာရှိတဲ့မြို့တွေက
လမ်းတွေဆီကိုထွက်လာကြပါတယ်။
ဆန့်ကျင်ဆန္ဒပြမှုတွေဟာတခါတရံ လူမျိုးရေးမညီမမျှခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး၊တခါတရံမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပွါးတတ်လေ့ရှိပါတယ်။ဗုဒ္ဓဟူးနေ့မှာလည်း ဆီယက်တယ်၊လော့စ်အိန်ဂျလီ၊ဟောက်စတန်၊ပစ်စဘာ့ဂ်၊မင်နီပိုလစ်၊နဲ့ ဆန်ဒီယာဂိုအပါအဝင် အနည်းဆုံး မြို့၆မြို့လောက်မှာ ဖြစ်ပွါးခဲ့ပါတယ်။ပြည်နယ်ပေါင်းများစွာမှာ
စာတိုက်ကထည့်တဲ့မဲတွေကို အင်္ဂါနေ့အထိ
စာတိုက်အမှတ်သားပါခဲ့ရင်ခွင့်ပြုထားပါတယ်။ပင်ဆယ်လ်ဗေးနီးယားမှာနိုဝင်ဘာ၃ရက်နေ့စာတိုက်အမှတ်အသားနဲ့မဲတွေကို နောက်၃ရက်အကြာအထိရောက်လာရင်ခွင့်ပြုသွားနိုင်ပါတယ်။
ထရန့်ကတော့အဲ့ဒီမဲတွေတွေကို မရေတွက်ဖို့တိုက်တွန်းထားပြီး၊ဗဟိုတရားရေးမှာဆုံးဖြတ်ပေးဖို့တိုက်ပွဲဝင်သွားမယ်လို့ပြောပါတယ်။ဒါပေမဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထရန့်ရဲ့ကြေညာချက်တွေကိုသံသယရှိနေပါတယ်။ထရန့်ဟာဗဟိုတရားရုံးချုပ်မှာ ရှိတဲ့တရားသူကြီး ၉ယောက်အနက် ၊မကြာသေးခင်ကခန့်အပ်ခဲ့တဲ့ အေမီကွန်နေးဘားရက် အပါအဝင် ၃ယောက်ကို ခန့်အပ်ထားခဲ့ပါတယ်။ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ က
ရီပတ်ဘလီကန်အလှူရှင်တွေကို တရားရေးဆိုင်ရာစိန်ခေါ်မှုတွေအတွက်
ငွေကြေးထောက်ပံ့ကူညီဖို့တောင်းဆို
ထားပါတယ်။ရီပတ်ဘလီကန်အမျိုးသားကော်မတီရဲ့
အမျိုးသမီးဥက္ကဌ ရွန်နာမက် ဒန်နီရယ် က
“ကျွန်မတို့ရဲ့တိုက်ပွဲဟာမပြီးသေးဘူး၊ကျွန်မတို့ဟာ တိုက်ပွဲထဲမှာရောက်နေတယ်”လို့
ပြောင်ပြောင်တင်းတင်းပြောဆိုပါတယ်။
ကြိုတင်မဲပေးမှုတွေကနေ ရွေးကောက်ပွဲ
နေ့အထိ အရှိန်အဟုန်နဲ့မဲပေးကြပါတယ်။
တိုင်းပြည်အနှံ့အပြားကမဲဆန္ဒပေးရမယ့်နေရာတွေမှာ မဲပေးသူတွေ တသီတတန်းကြီးရှိနေကြပါတယ်။ဖလော်ရီဒါ
ပြည်နည်တခုလုံးအပါအဝင်စီရင်စုအများအပြားမှာ၊မြောက်ကယ်ရိုလိုင်းနားက စီရင်စုတိုင်း
လိုလိုမှာ၊ဂျော်ဂျီယာ နဲ့ တက္ကဆက်က စီရင်စု
၁၀၀ကျော်လောက်မှာ မဲပေးသူတွေဟာ ၂၀၁၆ခုနှစ် ထက်ပိုပြီးများပြားခဲ့ပါတယ်။မဲပေးသူတွေဟာ ကိုရိုနာဗိုင်းရပ်(စ်) နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်စရာတွေကိုရဲရဲဝန့်ဝန့်ရင်ဆိုင်ကြပါတယ်။လွန်ခဲ့တဲ့ ၄နှစ်က မဲအရေအတွက် ၁၃၉သန်းကို အလွယ်တကူကျော်လွန်မဲ့ပုံရှိပါတယ်။

Source:AP


Spread the love
  •  
  •  
  •  
  •  
  •  
  •