မီးရှူးမီးပန်းပစ်လွှတ်ခြင်း၊ ဗြောက်အိုးဖောက်ခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးနှိုးဆော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မီးရှူးမီးပန်းပစ်လွှတ်ခြင်း၊ ဗြောက်အိုးဖောက်ခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသိပေးနှိုးဆော်

COVID-19 ကပ်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီပြည်သူလူထုကလည်းလိုက်နာဆောင်ရွက်လျက်ရှိပြီးအချို့တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် Stay at Home အစီအမံများကိုချမှတ်ဆောင်ရွက်လျက်ရှိပါသည်၊ ယခုကာလသည် ရွေးကောက်ပွဲအကြိုကာလအချိန်အခါလည်းဖြစ်သဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရလျက်ရှိပါသည်။

သို့သော် မကြာမီရက်များတွင်သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလသို့ ရောက်ရှိပြီးယင်းကာလကိုအကြောင်းပြု၍ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများပစ်ဖောက်ခြင်းများပြုလုပ်ကြခြင်းကြောင့် အများပြည်သူအထိတ်တလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနှင့်ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေနိုင်သည့်အပြင် မသမာသူများ၊ အဖျက်အမှောင့် ဆောင်ရွက်လိုသူများကလည်းအခွင့်ကောင်းယူပြီးအကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများရောနှောဆောင်ရွက်လာနိုင်ပါသည်။

သို့ဖြစ်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ဗြောက်အိုး၊ ရှူးဒိုင်းများကိုထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေအရထိရောက်စွာထိန်းချုပ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •