မီးသတ်ကား(၅)စီးကိုတစ်ပြိုင်နက်ရေဖြည့်နိုင်သည့် ကမ္ဘာ့အကောင်းဆုံး ရေစုပ်ပန့် မွန်ပြည်နယ်အစိုးရဝယ်ယူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မီးသတ်ကား(၅)စီးကိုတစ်ပြိုင်နက်ရေဖြည့်နိုင်သည့် ကမ္ဘာ့အကောင်းဆုံး ရေစုပ်ပန့်
မွန်ပြည်နယ်အစိုးရဝယ်ယူ

အဲဒီ ရေစုပ်ပန့်ဟာ နယ်သာလန်နိုင်ငံထုတ် ကမ္ဘာ့အကောင်းဆုံး (HFS- Hydrosub 60) အမျိုးအစား ရေစုပ်ပန့် ဖြစ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ နယ်သာလန်နိုင်ငံရှိ ဟိုက်ဒရက်စ် ကုမ္ပဏီကနေ ကျပ်သန်းပေါင်း(၃၉၇.၀၃)သန်းဖြင့် ဝယ်ယူခဲ့တာပါ။

အဲဒီ ရေစုပ်ပန့်ဟာ မီးလောင်မှုဘေးဖြစ်စဉ်များအတွင်း မီးသတ်ကား(၅)စီးကို (၆)လက်မ ရေပိုက်ဖြင့် တစ်မိနစ်ကို ရေလီတာ (၄၀၀၀)ထိ တစ်ပြိုင်နက်ရေဖြည့်ပေးနိုင်တယ်လို.သိရပါတယ်။

ဒါ့အပြင် ရေကြီး၊ ရေလျှံဖြစ်စဉ်မှာလည်း ရေပိုက်(၁၂)လက္မဖြင့် တစ်မိနစ်ကို ရေလီတာ (၂၀၀၀၀)ထိ ရေစုပ်ထုတ်ပေးနိုင်သည့် စက်အမျိုးအစားဖြစ်ကာ မီးငြှိမ်းသတ်နိုင်ခြင်းနှင့် ရေကြီး၊ ရေလျှံသည့်အခါ ရေကိုအမြန်ဆုံးစုပ်ယူထုတ်နိုင်ရန်အတွက် အဓိကထား အသုံးပြုဆောင်ရွက်ရန်သွားမယ်လို.သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများဟာ မော်လမြိုင်ကမ်းနားလမ်း၊ ဘိုကုန်းသံလွင် ဆိပ်ခံတံတားမှာအဲဒီ ရေစုပ်ပန့် စမ်းသပ်နေမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

Mon State Government Office (Website)


Spread the love
  •  
  •  
  •  
  •  
  •  
  •