မုဒုံတွင် မူးယစ်ဆေးဝါး နှင့်လက်နက်ခဲယမ်းမျိုးစုံအား တရားခံ ၇ ဦးနှင့်အတူ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မုဒုံမြို့နယ်တွင် မနေ့ည ၂၇-၁၂-၂၀၂၀ ရက်နေ့ည ၉ နာရီဝန်းကျင်က စိတ်ကြွမူးယစ်ဆေးဝါး ၁ သိန်းကျော်၊လက်နက်ခဲယမ်းမျိုးစုံအား တရားခံ ၇ ဦး ယာဥ် ၂ စီးနှင့်အတူ ဖမ်းဆီးရမိ
==============

မွန်ပြည်နယ်ရဲတပ်ဖွဲမှူးရုံး မှုခင်းအကူဌာနစိတ်မှ
ရဲအုပ်ဇော်ထိုက် ရဲအုပ်နိုင်လင်း‌အောင်
ရဲအရာခံ မျိုးကျော်ကျော် ရဲတပ်ကြပ်ကြီး အောင်၀င်းနိုင် ရဲတပ်ကြပ်ကြီး အေးမင်းထွန်း ရဲတပ်ကြပ်
အောင်မျိုးဦး မုဒုံစခန်းမှ ရဲတပ်ဖွဲ၀င်များနဲ့အတူ
မူယစ်ဆေးဝါးသတင်းအရ

မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ
မော်လမြိုင် သံဖြူဇရပ်သွား ကားလမ်းမပေါ်
အပါးချမ်း စက်သုံးဆီဆိုင်အနီးတွင် စောင့်ဆိုင်းနေစဉ်
သံဖြူဇရပ်ဘက်မှ မလမဘက်မောင်းနှင်းလာသော

တပ်ခွဲ (၃)ယာဉ်နံပတ်ပြားတပ်ဆင်လျှက်
မော်တော်ယာဉ်ပေါ်မှ Probox အမျိုးစား
အပြာရောင်မော်တော်ယာဉ်အား စက်သုံးဆီဆိုင်‌အကျော်တွင် ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ၇ဦးဖမ်းမိခဲ့တာပါ။

သိမ်းဆည်းရမိတဲ့သက်သေခံပစ္စည်းတွေအနေနဲ့က WY + R စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ( ၁၀၂၆၀၀) ပြား (ကာလတန်ဖိုး သိန်းပေါင်း ငါးထောင်ကျော်)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF အမှတ်တံဆိပ်ပါ ယူနီဖောင်း တစ်ထည်၊ USA နိုင်ငံထုတ် ပစ္စတို တစ်လက်၊ ထိုင်ဝမ်နိုင်ငံထုတ် 9mm ပစ္စတိုတစ်လက်၊ MK အမျိုးစား သေနတ်တစ်လက်အပါဝင် အသုံးပြုသည့်ကျည်ဆံများနှင့် မော်တော်ယာဥ် ၂ စီးကို
သိမ်းဆည်းရမိကြောင်း ကနဦးသတင်းရရှိပါတယ်။

ဓါတ်ပုံရဲတပ်ဖွဲ့

Myint Soe


Spread the love
  •  
  •  
  •  
  •  
  •  
  •