“မုန်တိုင်းသစ်လမ်းကြောင်းပေါ်ရောက်နေတဲ့ ဗီယက်နမ်မှာရေလွှမ်းမိုးမှုနဲ့ပင်လယ်ရေလှိုင်းတွေကြောင့်လူ၁၈ယောက်သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မုန်တိုင်းသစ်လမ်းကြောင်းပေါ်ရောက်နေတဲ့
ဗီယက်နမ်မှာရေလွှမ်းမိုးမှုနဲ့ပင်လယ်ရေလှိုင်းတွေကြောင့်လူ၁၈ယောက်သေဆုံး”

October 12,2020

ဗီယက်နမ်အလယ်ပိုင်းမှာ ရေလွှမ်းမိုးမှု
ကြောင့် နေအိမ်တွေရေအောက်နစ်မြုပ် သွားခဲ့ပြီးနောက်၊လူ၁၈ယောက်သေဆုံးကာလူပေါင်းတဒါဇင်ကျော်ပျောက်ဆုံးလျှက်ရှိပါတယ်။
ကြမ်းတမ်းတဲ့ပင်လယ်ရေလှိုင်းတွေကြောင့်
ငါးဖမ်းလှေတွေတိမ်းမှောက်နစ်မြုပ်သွားကြ
ပြီး၊နောက်ထပ်မုန်တိုင်းတခုကြောင့်
မိုးသည်းထန်စွာရွာသွန်းမဲ့ အန္တရယ်ထပ်မံဖြစ်ပေါ်နေပါတယ် လို့ အာဏာပိုင်တွေက ပြောဆိုကြပါတယ်။

ပုံစာ-မြို့တော်တစိတ်တပိုင်း ရေလွှမ်းမိုးမှုကြောင့်ရေအောက်နစ်မြုပ်နေတာကောင်းကင်ပေါ်ကမြင်ရပါတယ်။
ရက်သတ္တပတ်အဆုံးသတ်မှာကမ္ဘာလှည့်ခရီးသည် တွေအမျာဆုံးလာတတ်တဲ့ ဟွိုင် အန်း နဲ့ တော်ဝင်မြို့တော် ဟူး တို့မှာနောက်ကျိမှုန်မှိုင်းနေတဲ့ ရေပြင်ကြီးဖုံးလွှမ်း
နေပြီး၊ကွာအန် ထရိုင် နဲ့ ကွာအန် နမ် တို့မှာရွာလုံးကျွတ်ရေအောက်နစ်မြုပ်နေတာကိုပြည်နယ်သတင်းဌာနကဖော်ပြတဲ့ ရုပ်ပုံတွေမှာတွေ့မြင်ရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် နေအိမ်၁သိန်းကျော် ရေအောက်နစ်မြုပ်ခဲ့ရပြီး၊လူပေါင်း ၄၆၀၀၀နီးပါး ဘေးလွတ်ရာကို
ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဗီယက်နမ် သဘာဝ
ဘေးအန္တရယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က
ပြောပါတယ်။ကွာအန်ထရိုင် ပြည်နယ်ရဲ့အပြင်ဘက်ကို ပင်လယ်ရေလှိုင်းတွေနဲ့အတူမြောပါသွားခဲ့တဲ့ တံငါသည်၈ယောက်ကို စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပြဇာတ်ဆန်ဆန် ကယ်တင်ပေးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာတံငါသည်၃ယောက်ပါဝင်ပြီး အခြား၃ယောက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဇွန်လနဲ့နိုဝင်ဘာလအကြားမိုးရာသီမှာ
ဗီယက်နမ်နိုင်ငံဟာ ဆိုးဝါးတဲ့ရာသီဥတုရဲ့
အပြင်းအထန်ရိုက်ခတ်မှုကို မကြာခနဆိုသလို
ခံရလေ့ရှိပါတယ်။အလယ်ပိုင်းကမ်းရိုးတန်း
ဒေသတွေဟာ အားအနည်းဆုံးဒေသတွေဖြစ်ပါတယ်။
တိုင်းပြည်ဟာ တောင်တရုတ်ပင်လယ်
ဘက်က နောက်ထပ်မုန်တိုင်းတခု လှိမ့်ဝင်လာ
မှာကို အားတင်းရင်ဆိုင်ရအုန်းမှာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းအုန်းမယ်လို့ မျှော်လင့်
ထားပါတယ်။
Ref:MSN NEWS(lqb/aph/fox)


Spread the love
  •  
  •  
  •  
  •  
  •  
  •