မုံရွာ ကဖမ်းမိတဲ့ မိချောင်းပေါက်လေးကို မေတ္တာရိပ်အမျိုးသမီးဂေဟာမှာ ထိမ်းသိန်းမွေးမြူထားမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မုံရွာ ကဖမ်းမိတဲ့ မိချောင်းပေါက်လေးကို မေတ္တာရိပ်အမျိုးသမီးဂေဟာမှာ ထိမ်းသိန်းမွေးမြူထားမယ်

မုံရွာမြို့၊ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းက ရေမြောင်းထဲမှာ ရပ်ကွက်နေသူတွေက မနေ့ မနက်က မိချောင်း တွေ့ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တာပါ။

အဲဒါကြောင့်နေ့လည်ပိုင်းမှာ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်ကာ ရှာဖွေ ဖမ်းဆီးရာ အလျား တစ်ပေခွဲလောက်ရှိတဲ့ မိချောင်းပေါက်လေးတစ်ကောင်ကို ဖမ်းမိ ခဲ့ပါတယ်။

 

အဲဒီမိချောင်းပေါက်လေးကို ရွှေဘိုမြို့ရှိ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာဝင်းအတွင်းက တိရစ္ဆာန်ငယ်များ ပြသရာနေရာမှာ မွေးမြူထားနိုင်ဖို့ပေးပို့ခဲ့ပါတယ်။

 

အခုအခါ ရွှေဘိုမြို့ရှိ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာဝင်းအတွင်းကရေကန်ငယ်ကို သံဆန်ခါကာရန်နေပြီး စနစ်တကျစောင့်ရှောက်မွေးမြူနိုင်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

 

#YangonNation

 


Spread the love
  •  
  •  
  •  
  •  
  •  
  •