မူးယစ်ဆေးဝါးသတင်းအရ ရပ်တန့်စစ်ဆေး ရာ မောင်းပြေးသည့်ကားအား ပစ်ခတ်ဖမ်းဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မူးယစ်ဆေးဝါးသတင်းအရ ရပ်တန့်စစ်ဆေး
ရာ မောင်းပြေးသည့်ကားအား ပစ်ခတ်ဖမ်း ဆီး ရမိထား
==================
ပေါင် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုးရုံးမှုခင်းအကူဌာန
မှ ရဲအုပ်ဇော်ထိုက်၊ရဲအုပ်ကျော်လင်းဦး တို့
ပါဝင်သောအဖွဲ့၊ သထုံခရိုင် ရဲတပ်ဖွဲ့မှုးရုံး
မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်စောယုလှိုင်နှင့်
အဖွဲ့ တို့ပါဝင်သောအဖွဲ့မှ မူးယစ်ဆေးသတင်းအရ

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့နှင့်အတူ
ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု မုကျိပိုင်းရှိ မဟာဗောဓိစေတီရှေ့ ကားလမ်းမပေါ်တွင် အသင့်စောင့်ဆိုင်းနေရာ

နိုဝင်ဘာ ၂၅ ရက် မနက် ၇နာရီ ၄၅ မိနစ်အချိန်တွင် သထုံဘက်မှ 9M/2320 နံပတ်တပ် Hi Ace အဖြူရောင်ကား တစ်စီးမောင်း
လာသည်ကိုရပ်ခိုင်းရာ မရပ်ဘဲမောင်းပြေး
သဖြင့် စစ်ဆေးရေးအဖွဲ့မှ ကားများဖြင့်လိုက်၍ ရပ်တန့်စေသော်လည်း ဆက်မောင်း
ပြေးနေကြောင်း ထို့ကြောင့် သေနတ် ၂ ချက်ပစ်ခတ်ပြီး ထိုကားအား ကားချင်းတိုက်၍ ဖမ်းဆီးခဲ့ကြောင်း

ယာဥ်ပေါ်တွင် ရှာဖွေစစ်ဆေးခဲ့ရာ တောင်ငူ
မြို့ပြည်တော်သာ တိုက် တွင်နေသူဖြစ်သည့်
တေဇာသက်နိုင် (ဘ)ဦးအောင်သက်လှိုင်ဆိုသူအား WYဆေးပြားစုစုပေါင်း ၁၀၉၅၀ ပြား
နဲ့အတူတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း

အဆိုပါအမှုအား ပေါင်မြို့မရဲစခန်း ၏ မယ
(ပ)၃၄/၂၀၂၀ မူးယစ်စိတ်ပြောင်းဆေးဝါးဥပဒေပုဒ်မ များအရအမှုအရေးယူထားပြီးလောလောဆယ်တွင်စစ်ဆေးမှုများပြုလုပ်
နေဆဲဖစ်ကြောင်းကိုယ်တိုင် ရဲစခန်းသို့သွားရောက်ပြီး သတင်းအတည်ပြုရရှိခဲ့သည်

ဝရဇိန် ပေါင်

Photo. မွန်ပြည်နယ် ရဲတပ်ဖွဲ့

 


Spread the love
  •  
  •  
  •  
  •  
  •  
  •