မူးယစ်သံသယရှိ လေယာဉ် တစ်စင်း အဝေးပြေးလမ်းပေါ် ဆင်းသက်ရာမှ မီးလောင်ကျွမ်း
မက္ကဆီကို၊ ဇူလိုင် ၆
တရားမ၀င် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် ဂျက်လေယာဉ် တစ်စီးသည် မက္ကဆီကို တောင်ပိုင်းရှိ အဝေးပြေး လမ်းမကြီးပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ကိုကင်း ၃၉၀ ကီလိုဂရမ် အပါအ၀င် ကုန်တင်ကား တစ်စီးအား ကွင်တားနားရူ ပြည်နယ်အနီးအနားတွင် တွေ့ရှိခဲ့သည်ဟု စစ်တပ် အရာရှိများက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ကို မက္ကဆီကို စစ်တပ်မှ လေပိုင်နက်ထဲတွင် တွေ့ရှိခဲ့ပြီးနောက် စစ်တပ် ဂျက်လေယာဉ်များ နောက်မှ လိုက်ခဲ့သည်။
လေယာဉ်ဆင်းသက်ရာ နေရာသို့ တပ်များ စေလွှတ်ခဲ့သော်လည်း ဖမ်းဆီးရရှိမှု သတင်းများ ထုတ်ပြန်ခြင်း မရှိသေးပါ။
#Peacock