မေတ္တာသင်္ဂဟအဖွဲ့က အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌ Covid-19 Positive ဖြစ်သူဝန်ထမ်းများနှင့်လူနာများအတွက် ငွေ(၁၅)သိန်းနှင့် ပစ္စည်းများလှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မေတ္တာသင်္ဂဟအဖွဲ့က အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌Covid-19 Positive ဖြစ်သူဝန်ထမ်းများနှင့်လူနာများအတွက် အလှူငွေ(၁၅)သိန်းနှင့် ပစ္စည်းများသွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး၌Home Lock down ဖြစ်နေ သောဆေးရုံဝန်ထမ်းများ၊Covid-19 Positive ဆေးရုံဝန်ထမ်းများ နှင့်လူနာများအတွက်သရုပ်ဆောင်ခန့်စည်သူမှစက်တင်ဘာ ၂၄ရက် တွင်အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံမှဆေးရုံအုပ်ကြီးဒေါက်တာဒေါ်သန္တာမွှန်းထံအလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။

“အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံကြီးကHome Lock down ဖြစ်နေတဲ့ဆေးရုံ ဝန်ထမ်းတွေ၊Covid-19 Positive ဖြစ်နေကြတဲ့ဆေးရုံ ဝန်ထမ်းတွေနဲ့လူနာတွေအတွက်အလှူရှင်တွေနဲ့ မေတ္တာသင်္ဂဟ အဖွဲ့ဝင်တွေစုပေါင်းပြီးအလှူငွေ (၁၅)သိန်း၊ဆန်(၁၀)အိတ်၊ပုဆိုးအထည်(၁၀၀)တို့ကိုဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်သန္တာမွှန်းထံမှာ ဒီနေ့ ပဲသွားရောက်ပြီးပေးအပ်လှူဒါန်းခဲ့တာပါ။အခုလိုအချိန်ကာလမှာ အခက်အခဲတွေကြားထဲကနေ ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ အလှူ ရှင်များနဲ့မေတ္တာသင်္ဂဟအဖွဲ့ဝင်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ဆေးရုံဝန်ထမ်းများ၊လူနာများနဲ့အလှူရှင်များအားလုံး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေလို့လည်း ဆုတောင်းပေး ပါတယ်” ဟု အကယ်ဒမီခန့်စည်သူ မှ ယနေ့အလှူနှင့်ပတ်သက်ပြီး ပြောသည်။

အကယ်ဒမီခန့်စည်သူနှင့်မေတ္တာသင်္ဂဟ(ရန်ကုန်၊မန္တလေး)ကုသိုလ်ပြု အဖွဲ့သူ/သားများသည်ယခုလ ၁၆ရက်တွင်လည်းမြင်းခြံမြို့ရှိ Covid-19ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီထံသို့အလှူငွေ၁၅သိန်းကျပ်တိတိပေးလှူဒါန်းခဲ့ကြသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •