အမေရိကန်သမ္မတရွေးကောက်ပွဲ “ထရန့်နဲ့ဂျိုးဘိုင်ရဲ့ ပြိုင်ဆိုင်မှုအခြေအနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်သမ္မတရွေးကောက်ပွဲ “ထရန့်နဲ့ဂျိုးဘိုင်ရဲ့ ပြိုင်ဆိုင်မှုအခြေအနေ”

7 September 2020(just now)

မဲဆွဲစည်းရုံးမှုတွေ၊အပတ်စဥ်ဆွေးနွေးလှုံ့ဆော် မှုတွေကိုသမ္မတထရန့်ကလုပ်နေချိန်မှာဒီမိုကရက်တစ်ပါတီကရွေးကောက်ပွဲဝင်မယ့်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကတော့ ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရောဂါကြောင့် အဲ့ဒီနှစ်မျိုးလုံးကိုသူမလုပ်နိုင်ဘူးလို့ပြောဆိုလိုက်ပါတယ်။

ပင်ဆယ်(လ်)ဗေးနီးယားပြည်နယ်
ရဲ့ကျေးလက်ဒေသစီရင်စုတွေမှာရှိတဲ့ ဒီမိုကရက်တွေဟာ ရွေးကောက်ပွဲမှာအဓိကကျတဲ့ပြည်နယ်ကိုအောင်ပွဲပြန်ခံဖို့ကြိုးစားနေပေမယ့်   ဖြစ်ပွါးနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်(စ်) ကူးစက်ကပ်ရောဂါကြောင့်မလွယ်ကူနိုင်ဘူးဖြစ်နေပါတယ်။

ပင်ဆယ်(လ်)ဗေးနီးယားပြည်နယ်၊ဝါရှင်တန်စီရင်စု ပစ်(တ်)စဘာ့(ဂ်)မြို့လေးရဲ့ဆင်ခြေဖုံးအရပ်ဒေသတွေမှာ ဒီမိုကရက်တွေနဲ့ရီပတ်ဗလီကန်
တွေကြားက ကွဲပြားခြားနားမှုဟာ ဒီရွေးကောက်ပွဲရာသီမှာ လုံးလုံးလျားလျားထင်ရှားလာနေပါတယ်။

ရွက်ဖျင်တဲသုံးလုံးနဲ့ သမ္မတကိုထောက်ခံသူတွေက်ုကြိုဆိုနေကြစဥ်မှာဂျိုးဘိုင်ဒင်နဲ့သူ့အဖွဲ့ကတော့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူ့အတွက်ကျန်းမာရေးလိုင်းညွှန်ချက်တွေ အွန်လိုင်းပေါ်မှာဖြန့်ဝေပေးရင်းမအားလပ်နိုင်အောင်ဖြစ်နေကြပါတယ်။

ရောဂါပိုးကိုကာကွယ်ဖို့ နှာခေါင်းစည်းမျက်နှာဖုံးမတပ်ဆင်ထားပဲ၃ပေလောက်ရှည်လျှားတဲ့ဆိုင်းဘုဒ်တွေပေါ်မှာ၊တီရှပ်အင်္ကျီတွေပေါ်မှာ”အမေရိကကိုနောက်တကြိမ်ကြီးကျယ်ခန်းနားအောင်လုပ်မယ်”ကြွေးကျော်သံတွေရေးဆွဲရိုက်နှိပ်ထားတဲ့ဒါဇင်ပေါင်းများစွာသောထရန့်ရဲ့လူတွေဟာရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုတွေလုပ်နေကြပါတယ်။

(Ref:AFP News)


Spread the love
  •  
  •  
  •  
  •  
  •  
  •