အမေရိကန် ကူးစက်ရောဂါဌာန CDC က Mask နဲ့ပတ်သက်ပြီး guideline ပြောင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 အမေရိကန် ကူးစက်ရောဂါဌာန CDC က Mask 😷 နဲ့ပတ်သက်ပြီး guideline ပြောင်း။

ပြီးခဲ့တဲ့တနင်္လာနေ့က ပြောင်းခဲ့တာဖြစ်ပါတယ်။ ခရီးသွားလာရာမှာ ကိုဗစ်ကူးစက်မှုကိုကာကွယ်ဖို့ဖြစ်တယ်။

▪️😷 mask ကိုဝတ်ဆင်ရာမှာ #ပါးစပ်ရောနှာခေါင်းပါလုံခြုံအောင်ဝတ်ဆင်ရမယ်။

▪️ဘတ်စ်ကားဂိတ်၊ တက္ကဆီဂိတ်၊ ကြိုပို့ဖယ်ရီကား၊ ဘူတာ၊ လေဆိပ်၊ လှေဆိပ်၊ ကူးတို့ပြားဆိပ်၊ သင်္ဘောဆိပ်စတဲ့ ခရီးသွားရန်စောင့်နေတဲ့နေရာအားလုံးမှာ #မဖြစ်မနေဝတ်ဆင်ရမယ်။

ကြည်း၊ရေ၊လေ အကုန်ပါတယ်နော်။

သဘောက အဲ့ဒီနေရာတွေမှာ ခရီးသွားတွေအမြဲ ဘတ်စ်ကားစောင့်၊ ရထားစောင့်၊ တက္ကဆီစောင့်ချိန်မှာ လူတွေအနားမှာရှိလို့ #တစ်ယောက်နဲ့တစ်ယောက်မကူးစက်ရန်မဖြစ်မနေဝတ်ကိုဝတ်ခိုင်းတာ။

▪️လေယာဉ်၊သင်္ဘော၊ကား၊ တက္ကစီ၊ ဖယ်ရီကြိုပို့ကားတွေ ပေါ်တွေမှာ ဘယ်သွားသွား #အချိန်ပြည့် mask ဝတ်ဆင်ထားရမယ်။

ဥပမာ – ဘတ်စ်ကားစီးနေရင်အချိန်ပြည့် mask ဝတ်ထားရမယ်။

▪️ယာဉ်မောင်း၊ ယာဉ်ဝန်ထမ်းအားလုံးကလည်း #အချိန်ပြည့်ဝတ်ဆင်ထားရမယ်။

အောက်ပါခြွင်းချက်တွေပဲခွင့်ပြုမယ်။

▪️💊 ဆေးသောက်ချိန်၊ အစာစားချိန်၊ ရေသောက်ချိန်တွေမှာပဲ #အချိန်တိုကာလပဲ mask ချွတ်ခွင့်ပြုမယ်။

▪️သတိမလည်၊ မစွမ်းသူတွေ၊ ကိုယ်လက်မသန်စွမ်း၊ mask ကိုအကူအညီမပါပဲချွတမလို့မရသူတွေကို ခွင့်ပြုတယ်။

ဥပမာ – မေ့မြောနေသူ၊ လက်မပါသူ၊ အရမ်းအားနည်းနေသူတွေ။

▪️ခရီးသွားချိန်မှာလုံခြုံရေးအရ #ခေတ္တ mask ချွတ်ပြဖို့လိုရင် ခွင့်ပြုတယ်။

ပို့ဆောင်ရေးလုပ်ငန်းဝန်ထမ်းတွေက ဒီလိုအရေးယူဆောင်ရွက်ရန်တာဝန်ရှိတယ်။

▪️လက်မှတ်ဝယ်ချိန်မှာ အခုလိုလိုက်နာရန်လိုကြောင်းသတိပေးရမယ်။ ယာဉ်ပေါ်တက်ချိန်မှာ သတိပေးရမယ်။

ဥပမာ – ဘတ်စ်ကားပေါ်တက်ချိန် mask မပါရင်သတိပေးရမယ်။ တက္ကဆီပေါ်တက်ချိန်မှာ သတိပေးရမယ်။ #စည်းကမ်းမလိုက်နာရင်ဆင်းခိုင်းရမယ်။

▪️အကယ်လို့ယာဉ်ပေါ်တက်ချိန်မှာ စည်းကမ်းမလိုက်နာရင် ယာဉ်ပေါ်တက်ဖို့ငြင်းပယ်ခွင့်ရှိတယ်။

▪️အကယ်လို့မလိုက်နာသူရှိရင် ခြွင်းချက်နဲ့ကိုက်ညီသလားစစ်ဆေးမယ်။

▪️စည်းကမ်းမလိုက်နာရင်ယာဉ်ပေါ်ကိုစောနိုင်သမျှစောစောတက်ခွင့်မပြုဘူး။

သဘောက ရထားပေါ်​ရောက်လို့ mask ချွတ်ချလိုက်ရင် mask တပ်မလားဆင်းမလားပဲ။ မလိုက်နာသူကို မောင်းချခွင့်အရေးယူခွင့်ရှိတယ်။

▪️အကယ်လို့ mask မပါလာသူဆိုရင် ကူညီဖို့ #စီစဉ်နိုင်ရင် စီစဉ်ပေးရမယ်။

အောက်ပါလူပုဂ္ဂိုလ်တွေကို mask တပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုတယ်။

▪️၂ နှစ်အောက်ကလေးသည် mask မဝတ်ဆင်သင့်ပါ။

▪️လိုင်စင်ရဆေးဝန်ထမ်းမှ mask တပ်ရန်မသင့်ကြောင်းစာထုတ်ပေးထားသူ။

▪️မသန်စွမ်းသူ၊ စိတ်မကျန်းမာသူ၊ mask တပ်ရင် ဓာတ်မတည့်သူ။

▪️နားမကြားသူ (သို့မဟုတ်) နားမကြားသူကို ပါးစပ်အနေအထားဖြင့်ဆက်သွယ်ရသူ။

▪️အလုပ်ထဲမှာ mask တပ်ရင် safety နဲ့ လုပ်ငန်းခွင်ကျန်းမာရေးပြဿနာတက်နိုင်သူ။

▪️လုပ်ငန်းခွင် guideline, အစိုးရဥပဒေတွေအရ လုပ်ငန်းခွင်မှာ mask တပ်လို့မရသူ။

▪️အကယ်လို့ ယာဉ်မောင်းသူက (mask တပ်ထားလို့) ယာဉ်စီးခရီးသည်တွေကို အန္တရာယ်ဖြစ်စေနိုင်ရင် ခြွင်းချက်အဖြစ်ခွင့်ပြုတယ်။

ဥပမာ – 🤓 မျက်မှန်နဲ့ကားမောင်းသူဟာ mask တပ်ထားလို့ ရေငွေ့တွေရိုက်ပြီးမမြင်ရရင် ယာဉ်မောင်းကို mask မတပ်ပဲနေခွင့်ပြုတယ်။

(ယာဉ်မောင်းတွေဆေးစစ်တဲ့ ကိစ္စကတော့ ကုမ္ပဏီပေါ်မူတည်ပါတယ်။)

အသေးစိတ်ဖတ်လိုသူများ အောက်ကလင့်မှာဖတ်ပါ။ 👇

https://www.cdc.gov/coronavirus/2019-ncov/travelers/face-masks-public-transportation.html

CDC ရဲ့နောက်ဆုံး review က မနေ့က အောက်တိုဘာ ၂၀ ရက်နေ့ဖြစ်ပါတယ်ခင်ဗျား။

ကမ္ဘာအနှံ့မှာ အချို့ဘတ်စ်ကား၊ ရထား၊ ကားတွေမှာလည်း Awareness အနေနဲ့ mask 😷 တပ်ရန်လုပ်ပြထားပါတယ်။

Richard Myo Thant
21-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •