မော်လမြိုင်ကျိုက်သလန်စေတီတော် မြေထိန်းနံရံ ပြန်လည်တည်ဆောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မော်လမြိုင်ကျိုက်သလန်စေတီတော် မြေထိန်းနံရံ ပြန်လည်တည်ဆောက်နေ

၂၀၁၈ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မော်လမြိုင်မြို့၊ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ သာသနိကအဆောက် အဦနှင့် မြေထိန်းနံရံများပြိုကျပျက်စီးခဲ့တာပါ။

ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျိုက်သလ္လံစေတီတော်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အမှာစကားပြောကြားခဲ့ပါတယ်။

ကျိုက်သလ္လံစေတီတော်ပြန်လည်တည်ဆောက်ပြီးစီးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ဆွေးနွေးတင်ပြကာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး မွန်ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်သွင်ဦးမှ ရှင်းလင်းတင်ပြ၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Right Tunnelling Myanmar Co., Ltd မှ တာဝန်ရှိသူမှ လုပ်ငန်းပြီးစီးမှု့အခြေအနေအားရှင်းလင်းတင်ပြခဲ့ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •