မေ ၃၁ ရက်အထိ Stay at Home တိုးမြှင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံး COVID-19
ရောဂါကူးစက်မှု ထိန်းချုပ်ရန်ထုတ်ပြန်ထားသောအမိန့်၊
ညွှန်ကြားချက်များကို မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် လိုက်ပါတယ်။

COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနဲ့ ပြည်ထောင်စုဝန်ကြီးဌာန တွေကို မေလ (၁၃)ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်မှာ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ၂၀၂၀ ခုနှစ် မေလ ၁၅ ရက် အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ အမိန်ကြေညာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်တွေကို ၂၀၂၀ ခုနှစ် မေလ (၃၁)ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်သွားဖို. ဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •