မဲဆန္ဒရှင်သက်သေခံလက်မှတ်ဆိုတာ မဲစာရင်းမှာ ရှာဖို့လွယ်ကူအောင်သုံးတာ၊ အဲဒါမပါလဲ မဲပေးခွင့်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မဲဆန္ဒရှင်သက်သေခံလက်မှတ်ဆိုတာ မဲစာရင်းမှာ ရှာဖို့လွယ်ကူအောင်သုံးတာ၊ အဲဒါမပါလဲ မဲပေးခွင့်ရှိ

 

မဲဆန္ဒရှင်သက်သေခံလက်မှတ်ဆိုပြီး ရပ်ကွက်အုပ်ရေးရုံးကနေ အိမ်တွေကို လိုက်ပေးနေပါတယ်။ လက်မှတ်စာရွက်မှာ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ် အဘအမည်၊ အမိအမည်၊ နေရပ်လိပ်စာစတဲ့ အချက်အလက်တွေပါပါတယ်။
အောက်မှာက တာဝန်ခံလက်မှတ်ဆိုပြီးရေးထိုးထားပါတယ်။တံဆိပ်တုံးမပါပါ။
တကယ်တော့ သက်သေခံလက်မှတ်အဖြစ် ထုတ်ပေးစရာ လုံးဝ မလိုအပ်ပါ။ မဲပေးတဲ့အခါ အချက်အလက်ရှိနေတဲ့အတွက် ရှာရလွယ်ကူမြန်ဆန်စေရန်သာ ဖြစ်သင့်ပါတယ်။
ရပ်ကွက်လူကြီးကပြောသွားပါသေးတယ်။ မဲပေးတဲ့နေ့မှာ အဲ့ဒီ့ ကဒ်ပြား(ပလပ်စတစ်အိပ်နဲ့လည်ဆွဲကို) ပါမလာလျှင် မဲရုံရှိရာကို ပေးမဝင်ပါလို့ နှုတ်နဲ့ ပြောထားပါတယ်။
တကယ်လို့ ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းတွေက အဲဒီကဒ်ပြားကို ပြည်သူတွေကိုဝေ‌ပေးဖို့ ပျက်ကွက်ခဲ့ရင် သို့တည်းမဟုတ် ပေးထားသော်လည်း မဲပေးတဲ့နေ့မှာ ကဒ်ပြား ပါမလာခဲ့ရင် ပြသနာတွေရှိနိုင်ပါတယ်။
နိုင်ငံတော်က ထုတ်ပေးထားတဲ့ မှတ်ပုံတင်နဲ့တင် လုံလောက်တဲ့ သက်သေခံဖြစ်ပါတယ်။

(အထက်ပါ မဲဆန္ဒရှင်များ၏ အသံများကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၊ ကြည့်မြင်တိုင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဆွေကို Yangon Nation ကအခုလိုမေးမြန်းထားပါတယ်)

မေး-အဲဒီကဒ်မပါရင် မဲပေးလို့မရဘူးလို့ပြောလို့ပါ

ဖြေ-အဲဒီလိုလဲမဟုတ်ပါဘူး ရှာလို့လွယ်အောင် အမှတ်စဉ်ပေါ့နော် ဒါမပါလို့မလာရဘူးဆိုတဲ့ထဲမှာ ဥပဒေမရှိပါဘူး။နားမလည်လို့ပြောတာ။ အမှန်ကတော့ မှတ်ပုံတင်ပါလာရမယ် သို့သော် ဒီစလစ်ပါတဲ့အတွက် မောင်ဖြူသည် သူဖြစ်ကြောင်းသေချာနေပီပေါ့နော် မှတ်ပုံတငိယူလာခဲ့ပါဆိုတာက မောင်ဖြူသည် မဲဆန္ဒရှင်စာရင်းမှာပါတဲ့မောင်ဖြူဟာ အခုလာတဲ့မောင်ဖြူဟုတ်မဟုတ်ဆိုတာမှတ်ပုံတင်ကမှ သိမှာလေ။
စလစ်ကိုယူလာတယ်ဆိုတာက မောင်ဖြူသေချာတာပေါ့ တကယ်တမ်းမှတ်ပုံတင်မပါရင်တောင်မှ အဲဒီစလစ်ကလေးပါရင် ပေးလို့ရပြီ သို့သော်လဲ မှတ်ပုံတင်တော့ ယူလာရမှာပေါ့ ဘာမှမပါရင်တော့ ကဲဒါဆိုရင် မဲရုံမှာတာဝန်ကျတဲ့ ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်တစ်ယောက်ကရှိနေတယ်။ ဒီရပ်ကွက်ထဲကပဲ သူကတော့သိနေရင် ဟုတ်တယ် ဒါမောင်ဖြူပဲလို့ ပြောလိုက်ရင်ရပြီ ဆိုလိုတာက အဲဒီတော့ ကျောင်းသားကဒ်သော်လည်းကောင်း ကြက်ခြေနီကဒ်သော်၎င်း မောင်ဖြူသေချာကြောင်းအထောက်အထား ယဉ်မောင်းလိုင်စင်သော်၎င်း မောင်ဖြူဖြစ်ပါတယ်ဆိုရင် ရပြီ အဓိကကတော့ အယောင်ဆောင်မဲပေးမှုမဖြစ်ရင်ရပြီ အဲဒါမှမဟုတ်လို့ ကျွန်တော်ကတော့ ပုံစံ၁၄မှာ ကျွန်တော်သည် မောင်ဖြူဖြစ်ပါတယ် တကယ်လို့ လိမ်ညာမဲပေးတာဆိုရင် ပြစ်ဒဏ်ကြမယ်ဆိုတာကို သိရှိပါတယ်ဆိုတဲ့ ခံဝန်ချက်လက်မှတ်ထိုးရတယ်။ထိုးလိုက်ရင်လဲရတယ်။ အဲလိုလုပ်ပေးထားတယ်။

မေး။   ။စာရွက်တေ လာဝေချိန်မှာ ဒါမပါရင် မဲပေးလို့မရဘူး ဆိုရင် မဲမသာမှုတွေဖြစ်လာနိုင်တယ်လို့ထငိလို့လေ သူတို့က မှတ်ပုံတငိယူလာစရာမလိုဘူးလို့ပြောတော့လေ
ဖြေ။   ။စလစ်က သမီးနာမည်နဲ့ ရထားင်္ပြးပြီလေ။ကိုယ့်ဘာသာသိမ်းရမှာကတော့ သမီးရဲ့တာဝန်ပေါ့။ဒါပေမယ့် အခုစနစ်လုပ်ထားတာက ရပ်ကွက်ကော်မရှင်တစ်ယောက်က မဲရုံတရုံမှာ တနေကုန်ထိုင်နေရမှာ ရပ်ကွက်မှာ မဲရုံ၁ရုံရှိရင် ရပ်ကွက်ကော်မရှင်က ၄ယောက်ရွေးရမှာ  ၂ယောက်ကမဲရုံတာဝန် တစ်ယောက်က ဥက္ကဋ္ဌ တစ်ယောက်က အခုစနစ်က ဒီရပ်ကွက်ထဲကပဲ သူက ဒီလူကိုသိရမယ် လမ်းရှင်းစစ်ဆေးသူတို့ လက်မှတ်ထုတ်ပေးတဲ့သူတွေကလဲ ဒီရပ်ကွက်ထဲကပဲဖြစ်ရမယ် ခန့်ထားတာက အဲတော့သူတို့သည် မောင်ဖြူဘယ်လမ်းမှာနေတယ်ဆိုတာ သိနေတော့မမှားနိုင်ဘူးပေါ့ ဒါနဲ့ ဒီဟာမပါရင်မဲမပေးရဘူးဆိုတာကတော့ ဥပဒေမရှိဘူး ဒါလက်လွတ်စပါယ်ပြောလိုက်တာ

မေး။   ။ဒီစာရွက်တွေကို ရွေးကောက်ပွဲမှာဆိုရင် ဘာလို့ခေါ်ပါသလဲ
ဖြေ။    ။ Voter  Slipပေါ့။ ဗမာလိုဆိုရင် မဲပေးခွင့်သက်သေခံလက်မှတ်။ဓါတ်ပုံမပါဘူး နာမည်ပါတယ် အမှတ်စဉ်ပါတယ် မှတ်ပုံတငိနံပါတ်ပါတယ် အဲဒါကဆော့ဝဲကနေတခါထဲထုတ်ပေးသွားတာ။
Voter  Slipက မဲတန်းစီတဲ့အခါမှာ Voter  Slip ရှိတဲ့အတွက်မဲနံပါတ်လဲသိမယ်ဆိုရင် မဲဆန္ဒရှင်စရင်း ရှာရတာအရမ်းလွယိတယ် ရှာစရာမလိုဘူး သူ့နံပါတ်တမ်းပြောလိုက်ရုံပဲ စာမျက်နှာတမ်းလှန်လိုက်ရုံပဲ။ မဲပေးတဲ့စနစ်ပိုမြန်သွာမယ်။
Voter  Slipပါရင်ပေါ့။ မှတ်ပုံတငိမပါလဲရတယ်ဆိုတာက Voter  Slipက စစ်ပြီးသားဖြစ်နေတဲ့အတွက် တကယ်က မှတ်ပုံတင်ပါရှိရင်တော့ ပိုကောင်းတယ်။ မှတ်ပုံတငိကို ဒီဘက်မှာပြ Voter  Slip ပြပေါ့နော်ဒါဆိုလွယ်လွယ်လေူပဲ။ဒါဆိုရင် ရွေးကောက်ပွဲကိုလဲ ကူညီရာရောက်တယ်။ ခုနကပြောသလိုပေါ့ မောင်ဖြူသည် ဒီလူဖြစ်ကြောင်းကတော့ မှတ်ပုံတင်က အခိုင်မာဆုံးပဲ သို့သော်လဲ Voter  Slipက မောင်ဖြူဖြစ်တယ်ဆိုတာ ဓါတ်ပုံမပါဘူး မှတ်ပုံတင်ကတော့ ဓါတ်ပုံပါတယ် ဒါမှမဟုတ်ရင် ကြက်ခြေနီ တခုခု ယဉ်မောင်းလိုင်စင် အထောက်အထားကဒ်ရှိရင် ရပါတယ်။ရပ်ကွက်က ကော်မရှင်အဖွဲ့ဝင်တယောက်က သိတယ်ဆိုရင်လဲ ပေးလို့ရတယ်။ မဲစာရင်းစစ်ဆေးသူတို့ ထောက်ခံပေးရင်လဲရတယ်။ အားလုံးကမသိဘူးဆိုရင် ပုံစံ၁၄မှာ လက်မှတ်ထိုး ကျတော်သည်မောင်ဖြူဖြစ်ပါတယ် အကယ်လို့ လိမ်ညာတယိဆိုရင် အရေးယူမှာကို သိရှိပါတယ်ဆိုပီး လက်မှတ်ထိုးရင် မဲပေးခွင့်ရှိတယ် မထိုးရင် မပေးရဘူး။လက်မှတ်မထိုးရင်လက် ဗွေနှိပ် ဒါဥပဒေပဲ။


Spread the love
  •  
  •  
  •  
  •  
  •  
  •