မဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ အသုံးပြုမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ အသုံးပြုမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဇူလှိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် NLD(ဗဟို) ဒုတိယဥက္ကဌ-၂နှင့် ပါတီပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ကျွန်တော်တို့ ပါတီက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကတည်းက သုံးခဲ့တယ်။ အစဉ်အလာအရလည်း သုံးခဲ့ပြီးသားရှိတယ်။ သမိုင်းကြောင်းအရလည်း သုံးခဲ့ပြီးသားရှိတယ်ဆိုတော့ ကျွန်တော်တို့ကတော့ သုံးမှာပဲပေါ့ဗျာ။ ဒါကျွန်တော်တို့ရဲ့ သိတတ်မှုနဲ့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဖခင်တစ်ဦးအနေနဲ့ ကျွန်တော်တို့ အမျိုးသားရေးခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်တော်တို့ သုံးတာပါ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို အသုံးပြုခွင့် မပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •