မဲတံဆိပ်တုံးတွေ လဲထည့်တဲ့ကိစ္စ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🚨 #မဲတံဆိပ်တုံးတွေလဲထည့်တဲ့ကိစ္စ။
~~~~~~~~~~~~~~~~~~~~~~~~~
ဒီကိစ္စဟာ #အလွန်အရေးကြီးတဲ့ကိစ္စမို့အားလုံးကိုသတိပေးဖို့လိုလာပါပြီ။

မနေ့ကညရောက်တော့မှ ကျနော့်အမေက ကျနော်မနေ့ကနေ့လည်က #မဲတံဆိပ်တုံးထုပေးတုန်းက UEC #တံဆိပ်ပါမပါမေးပါလေရော။ သူပေးခဲ့တဲ့မဲ #ပယ်မဲဖြစ်သွားမှာအလွန်ကြောက်ပါတယ်။

သူအခုလိုမေးရတာက ပုသိမ်မှာ “UEC” ပါတဲ့တံဆိပ်တုံးအစစ်နဲ့ “UEC” #တံဆိပ်မပါပဲ ဇယားကွက်ပေါ်မှာ “✔️” သာပါတဲ့တံဆိပ်တုံးအတုနဲ့ #ခိုးလဲတဲ့ကိစ္စပေါ်လာလို့ဖြစ်ပါတယ်။

အဲ့ဒီတော့ ညီမတစ်ယောက်ကို သတင်းမှန်မမှန်လှမ်းမေးပါတယ်။ လူနာမည်ကိုသိတဲ့အချိန်မှာ ကျနော်ဒီကိစ္စ #အားလုံးကိုသတိပေးဖို့ဖြစ်လာပါတယ်။

အကိုကအဲ့ဒီတံဆိပ်တုံးခိုးလဲတဲ့လူကိုသိလို့လားလို့မေးတော့ ကျနော်က #သူ့စိတ်ဓာတ်ကိုသေသေချာချာသိတာပေါ့ သူဟာကျနော့်ဆရာဖြစ်ဖူးတယ်လို့ပြောလိုက်တော့ အဲ့ဒီညီမလေးအံ့ဩသွားပါတယ်။

ဆိုက်ကားဆရာကဘယ်လိုဖြစ်ပြီးအကို့ ဆရာဖြစ်ဖူးရတာလဲတဲ့။ အဲ့ဒီလူက ကျနော့်ငယ်ငယ်က 🥋 ကာရာတေးဆရာပါ။

သူဟာ NLD ကိုဘယ်လောက်မုန်းကြောင်း ကျနော်တို့အသိဆုံးပါ။ အဲ့ဒီကိစ္စနဲ့ပဲ သူနဲ့ကျနော်တို့ဇာတ်လမ်းပြတ်ခဲ့ရတာပါပဲ။

၁၉၉၀ ကတည်းက သူက NLD ကိုမုန်းခဲ့တာပါ။

ကျနော်တို့ပြောတာက သူ့ဘာသာသူ “တစည”ကို ယုံကြည်ပိုင်ခွင့်ရှိတယ်။ ဒါသူ့အခွင့်အရေး။

သို့သော် ကျနော်တို့နဲ့ NLD ရုံးဝင်းထဲမှာ ကာရာတေးဆော့ရင်းဝင်ထွက်နေပြီး သူ့မျက်နှာအမြဲပြုံးနေခဲ့တာ။ ရွေးကောက်ပွဲနေ့မှ မျက်နှာထားပြောင်းသွားတော့ အရမ်းအံ့ဩခဲ့ရပါတယ်။

သူ”တစည”အဖြစ်ကို ဖုံးကွယ်ပြီး ရုံးထဲဝင်ထွက်နေခဲ့တာကို #မရိုးသားဘူးလို့မြင်တာ။ ရှင်းရှင်းပြောရရင် #သတင်းနှိုက်တယ်လို့ခံစားရပြီး ရွံသွားတာ။

အဲ့ဒီ ၁၉၉၀ မေလ ရွေးကောက်ပွဲကျင်းပတဲ့နေ့ဟာ သူနဲ့ကျနော်တို့ ဇာတ်လမ်းပြတ်တဲ့နေ့ပါပဲ။

ကျနော်ပြောချင်တာက လူတစ်ယောက်ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နှစ် ၃၀ လောက်ထားတဲ့ #အာဃာတနဲ့အမုန်းတရားဟာအလွန်ကြောက်ဖို့ကောင်းပါတယ်။

👉 #အာဃာတနဲ့အမုန်းတရားတွေရှိလာချိန်မှာဘာမဆိုလုပ်ဖို့ဖြစ်လာပါတယ်။

👉 “#သတိထားကြပါ။”

အဲ့ဒီတော့ ကျနော်သတိပေးချင်တာက မဲပေးတဲ့အချိန်မှာ #တံဆိပ်တုံးကိုအသေအချာကြည့်ပါ။

👉 ပုံထဲမှာပြထားတဲ့အတိုင်း ဇယားကွက်ထဲမှာအပေါ်မှာ “✔️” ပါရှိပြီး အောက်မှာ UEC တံဆိပ်ပါရှိရပါမယ်။

👉 မသင်္ကာရင် မဲရုံမှူးကိုမေးပါ။ #မစွပ်စွဲပါနဲ့။ #အလန့်တကြားမဖြစ်စေပါနဲ့ ။ မဲပေးတဲ့မဲရုံမှာ ပြဿနာအဖြစ်ခံလို့မရပါ။ မဲပေးချိန်အကန့်အသတ်ရှိနေလို့ပါ။

👉 ဒါကြောင့်ဘာကိစ္စရှိရှိတည်ငြိမ်စွာဖြေရှင်းပါ။

👉 မဲရုံတွေမှာ မဲရုံမှူးတွေအပြင် ပါတီအသီးသီးကစောင့်ကြည့်ရေးတွေရှိပါတယ်။

👉 မဲစာရွက်တွေကိုရော၊ စာအိတ်တွေကို​ရောအစွန်းအထင်း၊ အပေါက်အပြဲရှိမရှိ သေချာစစ်ဆေးပါ။

ကျနော့်ရဲ့မနေ့ကမဲပေးတဲ့အတွေ့အကြုံကိုနမူနာပြောပြပါမယ်။

ကျနော့်အဖေက အသက် ၈၆ နှစ်၊ အမေက ၈၀ မို့လို့ ကျနော်တို့က COVID-19 ကာလမှာ သူတို့ကိုမဲပေးတဲ့ကိစ္စမှာ အရမ်းဂရုစိုက်ရပါတယ်။

ခေါင်းစွပ်တွေ၊ လက်အိပ်တွေ၊ mask တွေ အထပ်ထပ်နဲ့ အောက်ထပ်ကိုခေါ်ခဲ့ပါတယ်။ အလုံပိတ်အခန်းကြောက်ရတဲ့အထဲ အဖေကဓာတ်လှေခါးထဲမှာ နံရံနဲ့လက်ကိုင်တွေကို လျှောက်မှီလို့စိတ်ဆိုးရပါသေးတယ်။

ကျနော့်မိဘတွေကလည်း မဲမပေးရရင်မနေနိုင် #သူတို့တာဝန်ကျေချင်တယ်ဆိုလို့သာ သတိအတော်ထားပြီးလိုက်ပို့ရတာပါ။

အမေကမဲစပေးတဲ့အခါမှာ ပြဿနာတက်ပါတော့တယ်။ သူကပါတီအလံဘေးက အကွက်မှာ သေသေချာချာနှိပ်ပါလျက်နဲ့ မှင်ဘယ်လိုမှမထွက်လို့တဲ့။

အဲ့ဒီမှာကျနော်က သက်ကြီးရွယ်အိုမိဘတွေမို့ ကူညီဖို့ခွင့်တောင်းရပါတော့တယ်။

အမေကလူကြီးမို့လို့ စိတ်လောပြီး တံဆိပ်တုံးအဖုံးကိုမဖယ်ခဲ့လို့ မှင်မထွက်တာပါ။ လူကြီးတွေသိပ်စိုးရိမ်ရင် ဖြစ်တတ်ပါတယ်။

အဲ့ဒီတော့ ကျနော်ဝင်ကူရပါတယ်။ ကျနော်တို့ထက်သေချာတာမရှိပါ။ ဒီ UEC တံဆိပ်တုံးကိစ္စကို အရင်ကတည်းကကြားဖူးလို့ သေသေချာချာကျနော်ကိုယ်တိုင်စစ်ဆေးပြီးမှ လေးထောင့်ကွက်ထဲကို ကွက်တိကျအောင်ကူညီထုပေးခဲ့တာပါ။

👉 ကျနော်မနေ့ကတွေ့ခဲ့တဲ့ တံဆိပ်တုံးမှာ UEC အမှတ်အသားပါပါတယ်။

👉 စာရွက်တွေ မှင်စွန်း၊ ပေါက်ပြဲ၊ ဆေးသားပျက်ခြင်းလုံးဝမရှိပါ။ ၂၀၁၅ က စာရွက်တွေထက်ပိုကောင်းပါတယ်။

👉 ကိုယ်ပေးမယ့်ပါတီက #ဆင်တူရိုးမှားအလံရှိနေတော့ အမေ့က #အသေအချာမှန်မမှန်ပြန်စစ်ပါတယ်။

👉 ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးအတွက် မဲ (၃) ရွက်ပေးခဲ့ရပါတယ်။ အကယ်၍ တိုင်းရင်းသားနယ်ဆိုရင် ( ၄) ရွက်ဖြစ်မှာပါ။

ပြီးမှတံဆိပ်တုံးကိုထု၊ အသေအချာခေါက်ပြီး ကျနော်က စာအိတ်တွေထဲကိုထည့်ပါတယ်။

👉 အမေ့အတွက် စာအိတ် ( ၃) အိတ်မှာ #တစ်အိတ်ကထည့်လို့အဆင်မပြေပဲကော်ကကပ်နေပါတယ်။ အဲ့ဒီစာအိတ်ကိုမဲရုံမှူးကိုပြဖို့ အမေ့ကိုကိုင်ထားခိုင်းပြီး အဖေ့ကိုဆက်ကူညီပေးပါတယ်။

ပြီးတော့မဲရုံမှူးကိုပြပါတယ်။ မဲရုံမှူးဟာအတော်စေ့စပ်သေချာသူပါ။ စာအိတ်တစ်အိတ်ချင်းမှာခေါက်ထားတဲ့မဲစာရွက်ပါမပါစစ်ဆေးပြီး အိတ်ကိုလည်းဝင်အောင်ထည့်ပြီး ကော်ကပ်ပါတယ်။ ပါတီအသီးသီးက စောင့်ကြည့်သူတွေကိုပြပါတယ်။

👉 အဲ့လိုစာအိတ်သုံးအိတ်ကို #စာအိတ်အကြီးထဲ ကျနော်တို့ရှေ့မှာ အသေအချာပြန်ထည့်ပြီးပိတ်ပြီးမှ မဲပုံးထဲကိုအားလုံးရှေ့မှာ #လူကိုယ်တိုင်ထည့်ခိုင်းပါတယ်။

အရေးထဲမှာ စာလုံးသုံးလုံးတူနေတဲ့ပါတီကကိုယ်စားလှယ်လောင်းက သူကကိုယ်စားလှယ်လောင်းဖြစ်ကြောင်းလာပြောနေလို့ ဆောရီးလို့ လက်ကာပြလိုက်ရပါတယ်။

မိဘတွေကို #ဒီအချိန်မှာစကားလာပြောပြီးမိတ်ဆက်တာကိုလုံးဝမကြိုက်ပါ။ #နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စမို့လို့သာအပြင်ခေါ်ထုတ်ရတာပါ။

ဒါလောက်ဆိုရင် ဘာတွေစစ်ရမယ်၊ ဘယ်လိုမဲပေးရမယ်ဆိုတာသိလောက်ပြီထင်ပါတယ်။

သို့ပေမယ့် #တံဆိပ်တုံးခိုးလဲတဲ့အဖြစ်က ကျနော့်အသိထဲကကို ဖြစ်သွားတော့စိုးရိမ်မိပါတယ်။ အဓိကက အာဃာတတွေပေါ့။

အဲ့ဒီတော့ တည်ငြိမ်စွာနဲ့ စိတ်လောတကြီးမစွပ်စွဲပဲ မဲတံဆိပ်တုံးကို #စစ်ဖြစ်အောင်စစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာကိစ္စရှိရှိမစွပ်စွဲပါနဲ့ မဲရုံမှာပြဿနာဖြစ်လို့မရပါ။ ဘာကိစ္စရှိရှိမဲရုံမှူးကိုပြပါ။

အမုန်းတရားကွန်မန့်တွေကိုလည်းဆင်ခြင်ကြပါ။ facebook က နောက်ပိုင်းတင်းကျပ်လာပါပြီ။

Richard Myo Thant
2-November-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •