ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ညှိနှိုင်းအစည်းအဝေးကျင်းပ
ပခုက္ကူ၊ အောက်တိုဘာ ၁၇
ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အလိုက် မဲရုံမှူး/ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်ရေး၊ ကြိုတင်ဆန္ဒမဲနှင့် မဲလက်မှတ်များရရှိမှု၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စများ၊ နောက်ဆုံးအကြိမ် မဲစာရင်းကြေညာခဲ့ပြီး ပြင်ဆင်ဆောင်ရွက်နေမှုများ ဆွေးနွေးကြသည်။
ပခုက္ကူခရိုင် ၅ မြို့နယ်တွင် မဲရုံပေါင်း ၁၁၄၉ ရုံ၊ မဲဆန္ဒရှင်ပေါင်း ရှစ်သိန်းကျော်ရှိပြီး မဲရုံတစ်ရုံ လျှင် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးစီ လုံခြုံရေးချထားမည်ဖြစ်သည်။
ကိုဇော်(ပြန်/ဆက်)