မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းဖွင့်လှစ်
ဇေယျာသီရိ အောက်တိုဘာလ ၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် အထူးရဲသင်တန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက် (အ.ထ.က ) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ များအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့်ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်းတာဝန်ကျရာ မဲရုံ များတွင် ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေးကိုတာဝန်ယူ ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ နည်းတူ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ကြစေရန် အထူးရဲသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သင်တန်းတွင် ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စုမှ အထူးရဲသင်တန်းသား (၇၄)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁) ရက်မှ (၂၈)ရက်နေ့အထိ လေးပတ် သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သဲစုလွင်(ဇေယျာသီရိပြန်/ဆက်)