“မျိုးသုန်းတော့မဲ့အန္တရယ်ကြုံတွေ့နေရတဲ့နိုင်ကာရာဂွါကျားသစ်ပေါက်ကလေးနှစ်ကောင်ကိုကြိုးပမ်းကယ်တင်ခြင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မျိုးသုန်းတော့မဲ့အန္တရယ်ကြုံတွေ့နေရတဲ့နိုင်ကာရာဂွါကျားသစ်ပေါက်ကလေးနှစ်ကောင်ကိုကြိုးပမ်းကယ်တင်ခြင်း”

     January 28,2021

            တိရာစ္ဆာန်မှောင်ခိုကုန်ကူးတဲ့သူတွေဟာကျားသစ်ပေါက်လေးနှစ်ကောင်ကို နိုင်ငံခြားသို့တရားမဝင်ရောင်းချဖို့စီစဥ်နေတဲ့သတင်းကို လူမှုသတင်းမီဒီယာပေါ်မှာပို့စ် တင်ထားတာတွေ့ရတဲ့အတွက် နိုင်ကာရာဂွါကတိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်သူအက်ဂျူရာဒို ဆာကာဆာ အတွက် ကျားသစ်ပေါက်လေးတွေကို ကယ်တင်ဖို့အတွက် အခွင့်အလမ်းအနည်းငယ်သာရှိပါတယ်။

    တောရိုင်းတိရစ္ဆာန်တွေကိုခိုးယူဖမ်းဆီးပြီးမှောင်ခိုရောင်းချသူတွေဟာ ကျားသစ်ပေါက်လေးနှစ်ကောင်ရဲ့မိခင်ကျားသစ်မကြီးဖမ်းဆီးသတ်ဖြတ်ခဲ့နှင့်ပြီးဖြစ်ကာသူတို့ကိုလည်းလက်ပူး လက် ကြပ်ဖမ်းဆီး ရမိခဲ့ပါတယ်။သူတို့က ကျားသစ်ပေါက်လေးတွေကို အခြေအနေတခုအောက်ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ရာသဘောတူညီခဲ့ကြပါတယ်။

     သူတို့က နိုင်ကာရာဂွါ အမျိုးသား တိရာစ္ဆာန်ဥယျာဉ်ရဲ့ ဒါရိုက်တာ ဆာကာဆာကို ဒေါင်ကူရာဒေသမှာသူတို့ကိုလာရောက်တွေ့ဆုံပြီး ကျားသစ်ပေါက်လေးတွေလွှဲပြောင်းယူဖို့နဲ့ တခြားဘယ်အာဏာပိုင်တွေကိုမှခေါ်မလာပဲတယောက်ထဲလာခဲ့ဖို့ တောင်းဆိုခဲ့ကြပါတယ်။

     ဒါ့ကြောင့်ဆာကာဆာဟာ ကာရစ်ဘီယန်ရဲ့မြို့တော် ဘီလ်ဝီကိုလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး နောက်လမ်းပြ ၄ယောက်ရဲ့အကူအညီနဲ့ ပဌမဦးစွာ ကားနဲ့ခရီးဆက်ရပြီး၊နောက်တော့မော်တော်တစီးနဲ့မြစ်ကိုဆန်တက်ကာတိရစ္ဆာန်မှောင်ခိုရောင်းဝယ်သူတွေနဲ့ရွာကလေးတရွာမှာတွေ့ဆုံပြီးနောက် ကျားသစ်ပေါက်ကလေးတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။သူတို့ဟာနိုင်ကာရာဂွါမှာ မျိုးသုန်းတော့မဲ့ အန္တရာယ် ကြုံတွေ့နေရတဲ့တိရစ္ဆာန်မျိုးနွယ်စုတခုဖြစ်ပါတယ်။

      “မျိုးသုန်းတော့မဲ့အန္တရာယ်ကြုံတွေ့နေရတဲ့ ဒီတိရာစ္ဆာန်သားပေါက်လေးတွေကို ကယ်တင်ဖို့ ကျွန်တော်တို့အလွန်ဆန္ဒပြင်းပြပါတယ်။တိရစ္ဆာန်မုဆိုးတွေဟာ သူတို့ကိုသတ်ဖြတ်တော့မှာဖြစ်ပါတယ်။”လို့

ကျားသစ်ပေါက်အမလေးတကောင်နဲ့သုံးလသားအရွယ် ကျားသစ်အထီးလေးတကောင်နဲ့အတူပြန်ရောက်လာတဲ့အချိန်မှာသူကAFPကိုပြောပြခဲ့ပါတယ်။

                   “ကျားသစ်ပေါက်လေးတွေက ပိန်လိန်နေတာပဲ။တိရစ္ဆာန်မုဆိုးတွေက သူတို့ကို နွားသားရေတွေပဲ ကျွေးထားတာ။”လို့ဆာကာဆာက ဝမ်းပမ်းတနဲ ညည်းညူပြောဆိုပါတယ်။တိရစ္ဆာန်မုဆိုးတွေကသူတို့ကို ဟွန်ဒူးရပ်(စ်)ကိုခေါ်သွားပြီးတော့တရုတ်နိုင်ငံသားတယောက်ကိုရောင်းတော့မှာ။”လို့သူကပြောပြပါတယ်။

     ဟယ်ရီကိန်းမုန်တိုင်းအီတာ နဲ့လိုတာတို့က သူတို့နေထိုင်ကျက်စားရာ အရပ်ဒေသတွေကို ဝင်ရောက်ဖျက်ဆီးပြီးတဲ့နောက်မှာ တောရိုင်းတိရစ္ဆာန်တွေဟာ လူ့အသိုင်းအဝိုင်းကြားထဲကိုလှည့်လည်သွားလာကြတာမျိုးတွေဖြစ်လာခဲ့ရတယ်လို့ သူကနောက်ပိုင်းမှာပြောပြပါတယ်။

     ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးစိမ်းနဲ့သားရိုင်းတိရစ္ဆာန်လေးတွေဟာ ဗုဒ္ဓဟူးနေ့မှာမာနာဂွါတောင်ဘက်ကတိရာစ္ဆာန်ရုံကို ပြန်လည်ရောက်ရှိလာကြပါတယ်။အဲ့ဒီမှါသူတို့ကိုသံကောင်၊တုတ်ကောင်တွေချပေးပြီး၊ကျန်းမာရေးစစ်ဆေးကုသပေးမှုဆောင်ရွက်ပေးတာကိုရက်အနည်းကြာ ခံယူရမှာဖြစ်ပါတယ်။

    ဆာကာဆာရဲ့အဆိုအရ ဂျက်ဂွါကျားသစ်တွေဟာ ကြံ့သူတော်တွေနဲ့အတူ နိုင်ကာရာဂွါနိုင်ငံမှာမျိုးသုန်းတော့မဲ့အန္တရာယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့တိရာစ္ဆာန်မျိုးစိတ်တွေအဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။တိရစ္ဆာန်ရုံကို တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာတခုအဖြစ်လည်း သတ်မှတ်ထားပြီး ကျားသစ်တွေကို ထိန်းသိမ်းမွေးမြူရေးအစီအစဉ်တခုကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေကြ ပါတယ်။ကျားသစ်တွေဟာ တောထဲမှာ ၁၀နှစ်ကျော်အောင်မရှင်သန်နိုင်ပေမဲ့ လှောင်အိမ်ထဲမှာ၂၅နှစ်အထိရှင်သန်နေနိုင်အောင်ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

တောထဲမှာက နေထိုင်ကျက်စားရာစားကျက်တွေပျက်စီးဆုံးရှုံးခြင်း၊တရားမဝင်ဖမ်းဆီးသတ်ဖြတ်အမဲလိုက်တာတွေကိုခံရခြင်းတို့ကြောင့် တောထဲမှာရေရှည်အသက်ရှင်ကျန်နေထိုင်နိုင်ဖို့ခဲယဥ်းလွန်းတာကြောင့်ဖြစ်ပါတယ်လို့ ဆာကာဆာကရှင်းပြပါတယ်။

    နိုင်ကာရာဂွါမှာ ကျားသစ်တွေဟာ အားကြီးတဲ့သားရိုင်းမုဆိုးတွေဖြစ်ပြီး ရေထဲက မိကျောင်းတကောင်ကိုတောင်မှ အနိုင်ယူနိုင်စွမ်းတွေရှိကြပါတယ်။သူတို့ဟာ

အက်တလန်တိတ်ကမ်းရိုးတန်းတလျှောက်ကတောနက်တွေထဲမှာအများအားဖြင့် နေထိုင်ကြပါတယ်။

    ဂျက်ဂွါ(ဒါမှမဟုတ်) ပန်သရာဝန်ကာ လို့ခေါ်တဲ့ကျားသစ်မျိုးနွယ်စုဝင်တွေဟာမျိုးသုန်းလုနီးပါးအန္တရာယ်ကြုံတွေ့နေရတယ်လို့ခြိမ်းခြောက်ခံနေရတဲ့တိရစ္ဆာန် မျိုးနွယ်စုတွေအဖြစ် အနီရောင်စာရင်းသတ်မှတ်ခံထားရတဲ့တိရစ္ဆာန်မျိုးနွယ်စုတွေဖြစ်တယ်လို့နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ (IUCN)ကပြောဆိုပါတယ်။

Ref:(AFP/bm/mav/dg/caw/bfm)


Spread the love
  •  
  •  
  •  
  •  
  •  
  •