မျိုး မြ င့် ညိ မ်း အ ဓ မ္မ ကို အာ ခံ ခြ င်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မျိုး မြ င့် ညိ မ်း အ ဓ မ္မ ကို အာ ခံ ခြ င်း

ဓမ္မ နဲ့ အဓမ္မ… လူ့ဘဝအစ မွေးဖွားရရှိလာပုံ
တာလွှတ်တွန်းအားချင်းကိုက မတူကြဘူး။
အဓမ္မနည်းနဲ့ခွန်အားကိုအသုံးချလေ့ရှိတဲ့လူတွေက အဓမ္မခွန်အားနဲ့ ၊
ဓမ္မကို လက်ကိုင်ထားသူတွေကလည်း ဓမ္မစွမ်းအင် မှာ သုံးသပ်ဆင်ခြင်လို့ရသမျှ အတွေးအခေါ်အယူအဆ နဲ့ ခုခံတွန်းလှန်ဖို့ကြိုးစားကြတယ် ။
မျိုးမြင့်ညိမ်းဟာ သူ့ဘဝတစ်လျှေက်လုံးမှာ အဓမ္မကို ဓမ္မအမြင်နဲ့ဆန့်ကျင်တော်လှန်လေ့ရှိတယ် ။
အဓမ္မတွေက သူ့ကိုဖမ်းဆီးထောင်ချတယ် ။
သူဟာ ထောင်ထဲမှာလည်း ဆယ့်နှစ်နှစ်လုံးလုံး ကျန်းကျန်းမာမာနဲ့ အဓမ္မကို အာခံတယ် ။
သူ့ရဲ့အံ့ခမန်း ထောင်တွင်းကတော်လှန်ရေးအတွေ့အကြုံတွေကို စာအုပ်ဖြစ်အောင်ရေးပေးဖို့
သူငယ်ချင်းလုပ်ဖော်ကိုင်ဘက်အားလုံးကတောင်းဆိုကြတယ် ။
အခု “ငါတို့”စာပေက ထွက်ဖို့စီစဥ်နေတဲ့သူ့စာအုပ်ကို မျက်နှာဖုံးရေးဖို့ဖတ်ခွင့်ရတဲ့အခါ…
လူ့သမိုင်းမှာ လူအရိုင်းတွေမပါတဲ့ခေတ်ဆိုတာမရှိဘူးလို့ ကျွန်တော်သိနားလည်ထားပေမယ့် ဘာပဲဖြစ်ဖြစ် အဓမ္မဝါဒကျဆုံးဖို့ ကျွန်တော်တို့ တားဆီးတိုက်ခိုက်ရပါလိမ့်မယ် ။
အဓ္မမအနိုင်ယူခံခဲ့ရတဲ့သမိုင်း တစ်ဆစ် တစ်ဆစ် ဟာလည်း လူမျိုးစုတစ်စု အတွက် ပါးလွှာသွားတဲ့ဘိနပ်တစ်ရံလို စွန့်ပစ်မေ့ဖျောက်ပစ်လို့ ရကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ…
စာတစ်စောင် ပေတစ်ဖွဲ့ သမိုင်းမှတ်တမ်းတင်ကြရမယ့် အရာဖြစ်တယ်ဆိုတာ…နားလည်မှတ်သားလိုက်ရတယ် ။

ဒီစာအုပ်ကိုလည်း ကျွန်တော့စိတ်ကြိုက် ကမ္ဘာကို လွှားနိုင်မယ့်စာအုပ်အဆင့်မျိုးဖြစ်အောင်လုပ်ဖို့ ငါတို့စာပေ ကို တောင်ဆိုထားတယ် ။

“မျိုးမြင့်ညိမ်း အဓမ္မကို အာခံခြင်း”
——————————————
“ငါတို့ စာပေ” က မကြာမီထွက်လာတော့မည် ။


Spread the love
  •  
  •  
  •  
  •  
  •  
  •