မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး ၁ဝဝ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၇ ရွာအား ၁ဝဝ ရာခိုင်နှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်၍ ဇွန်တတိယပတ်မှစတင်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရ သည်။

မြင်းခြံမြို့နယ်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုဘတ်ဂျက်၊ NEP စီမံကိန်း၊ တိုင်းဒေသကြီးဘတ်ဂျက်၊ ဒေသခံပြည်သူ မြင်းခြံ မြို့နယ် အတွင်းရှိ ကျေးရွာများအားလုံး ၁ဝဝ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းများ၏ လှူဒါန်းကူညီပံ့ပိုးမှုများဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း နှင့် 11KV/0.4 ထရန်စဖော်မာများ တည်ဆောက်ခဲ့ပြီး ကျေးရွာတွင်း ၄ဝဝ ဗို့အား ဓာတ်အားလိုင်း တည်ဆောက်ခြင်းများကို ကျေးရွာအလိုက် မီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် တည်ဆောက်ပေးနိုင်ခဲ့သည်။

မြင်းခြံမြို့ပေါ်ရပ်ကွက်(၂ဝ)နှင့် ကျေးရွာအုပ်စုများ လျှပ်စစ်ဓာတ်အား ဗို့အားပြည့် သုံးစွဲနိုင်ရေးအတွက် မြင်းခြံမြို့တွင် 66/11KV စွန်းလွန်းဓာတ်အားခွဲရုံနှင့် 33KV စွန်းလွန်းဓာတ်အားခွဲရုံတို့မှ ဓာတ်အားပေးလျက်ရှိပြီး ကျေးရွာ ၁၈၇ ရွာ လျှပ်စစ် ဓာတ်အား ၁ဝဝ ရာခိုင်နှုန်းပြည့်ပေးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် 33KV/5MVA ဓာတ်အားခွဲရုံနှင့် 66KV/5MVA ကုက္ကဲဓာတ်အားခွဲရုံတို့ တိုးချဲ့ တည်ဆောက်ပြီး မြင်းခြံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျေးရွာ ၁၈၇ ရွာအား ဇွန် တတိယပတ်မှစတင်ပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်ခဲ့ကြောင်း သိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •