မြင်းမူမြို့၊ ကမ်းနားလမ်း မြေထိန်းနံရံ ကျွံကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြင်းမူမြို့၊ ကမ်းနားလမ်း မြေထိန်းနံရံ ကျွံကျ

မြင်းမူ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တောင်ပိုင်းရပ်ကွက် ကမ်းနားလမ်းမြေထိန်းနံရံနေရာတစ်ခု ဩဂုတ်လ (၃) ရက်နေ့က နိမ့်ကျမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဩဂုတ်လ(၃)ရက်(ယနေ့)နံနက် ၆နာရီခွဲအချိန်က မြင်းမူမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုနှင့် ယမန်နေ့ရက်များက ဧရာဝတီ မြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် မြေသားများ ရေတိုက်စားမှုဖြစ် ပွားကာနိမ့်ဆင်းသွား ခြင်းဖြစ်ကြောင်း ဖြစ်ပွားရာအနီးကမ်း နားနေထိုင်သူ ဦးမျိုးကြီးထံမှ သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်အောင်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီး ဌာနတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ အချိန်မီပြုပြင်ရေး လုပ်ငန်းများအဖြစ် ကျွံကျရာနေရာ များအား ဘီကျောက်များဖြင့်ဖာထေး ခြင်းနှင့်ယာဉ်သွားလာမှုတား မြစ်ခြင်းများ ဆောင်ရွက်ထား ရှိကြောင်းသိရှိရသည်။

 

ယခုလမ်းကျွံကျရာနေရာမှာ အလျှားအရှည်ပေ(၁၂၀)၊ အကျယ်(၈)ပေနှင့် နိမ့်ဆင်းမြေ(၆)လက်မခန့်ရှိကြောင်း၊ ယင်းနေရာ အားပြုပြင်ရန် အတွက်၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ရေအရင်းမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အရှည်ပေ(၂၀၀)အားငွေကျပ်သန်း (၆၀)ပြုပြင် ရန်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)


Spread the love
  •  
  •  
  •  
  •  
  •  
  •