မြစ်ကြီးနားမှာ မူးယစ်မှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ် အမှုကို စိတ်ဝင်စားသူများပြား၊ Comment ရေးသားသူ 70000 ကျော်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြစ်ကြီးနားမှာ မူးယစ်မှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်
အမှုကို စိတ်ဝင်စားသူများပြား၊ Comment ရေးသားသူ

70k ကျော်ရှိ

 

အမှုဖြစ်စဥ်အပြည့်အစုံမှာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၉

သြဂုတ်လ ၁၈ ရက်နေ့ ၁၆၃၀ အချိန်တွင် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသော —- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့တာပါ။

ယာဉ်ပေါ်ရှိ ဗန်းမော် မြို့နယ်၊ (၂)မိုင်ရပ်ကွက်နေ ခရီးသည် မခေါင်န်ထွဲ ၂၃ နှစ်၏ခရီးဆောင်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၁၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၈၃ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့
တာဖြစ်ပါတယ်။

အဲဒါကြောင့် ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါတယ်။

Source – CCDAC


Spread the love
  •  
  •  
  •  
  •  
  •  
  •