မြစ်ကြီးနား-ပူတာအိုလမ်းရှိ ဖုန်အင်ချောင်းကူးတံတား ကျိုးကျ ၊ယာဉ်သွားလာမှုပြတ်တောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြစ်ကြီးနား-ပူတာအိုလမ်းရှိ ဖုန်အင်ချောင်းကူးတံတား
ကျိုးကျ ၊ယာဉ်သွားလာမှုပြတ်တောက်နေ

ဆွမ်ပရာဘွမ် ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ဆွမ်ပရာဘွမ်-ပူတာအိုကြား’ အင်ဂေါမကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၁၄၈ ရှိ တံတား အမှတ် ၆/၁၄၈ ဖုန်အင်ချောင်းကူးတံတား (ဘေလီတံတား) (၂၃၅) ပေသည် ဩဂုတ်လ ၂၁ ရက် နံနက် ၄နာရီ အချိန်ခန့်တွင် ဘိလပ်မြေသယ်သည့်ကုန်ကားဖြတ်သန်း‌နေစဉ် P1-p2 ကြား 4th H20 ဘောင်ကျိုးကျခဲ့တာပါ။

အဆိုပါကုန်ကားပြုတ်ကျမှုကြောင့် ကားသွားလာမှုပျက်တောက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (ကားစပယ်ယာ) (၂) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပူတာအိုဆေးရုံးသို့ ပို့ထားတယ်လို့ သတင်းရရှိပါသည်။

 

##iprd sumprabum


Spread the love
  •  
  •  
  •  
  •  
  •  
  •