မြစ်ကြီးနား ၊ဆင်ဘိုသစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်စဉ်ပျောက်ဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြစ်ကြီးမြို့နယ် ၊ဆင်ဘိုသစ်တောဦးစီးဌာနမှ
သစ်တောဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်စဉ်ပျောက်ဆုံး

 

မြစ်ကြီးနား ၊ သြဂုတ် ၂၅

    မြစ်ကြီးနားမြို့နယ် ၊ ဆင်ဘိုသစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောသစ်
တောခေါင်း ဦးအောင်စိုးသူ သည် ဌာန၏ညွှ
န်ကြားချက်အရ မြေလွတ်မြေလပ်လျှောက်ထားသည့် မြေယာများအား( ၇-၈-၂၀၂၀) ရက်တွင် သစ်တောဦးစီးအရာရှိနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး အပြန်လမ်းတွင် အတူသွားရောက်သောအဖွဲ့နှင့်အဆက်အသွယ်ပြတ်တောက်၍ ပျောက်ဆုံးနေကြောင်းသိရသည်။

  ” ကျွန်တော်တို့ ပျောက်ဆုံးသွားတဲ့ ဦးအောင်စိုးသူကို ရှာဖွေဖို့ တောထဲကို  ဆိုင်ကယ်စီးပြီးသွားနေပါတယ်၊ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးအထက်ကို အစီရင်ခံတင်ပြထားပြီး မြို့နယ်ကညွှန်ကြားတဲ့အတိုင်းဆောင်ရွက်နေပါတယ်။အသေးစိတ်ကိုတော့ မြို့နယ်သစ်တောဦးစီး
ကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ် ” ဆင်ဘို သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်နိုင်စိုးကပြောသည်။

    ဖြစ်စဉ်မှာ သြဂုတ်လ ၇ ရက်နေ့က ဆင်ဘိုသစ်တောဦးစီးဌာနမှတောအုပ် ဦးအောင်နိုင်စိုး ဦးဆောင်၍ ၊တောခေါင်း ဦးအောင်စိုးသူ၊ ညောင်ပင်သာရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာလယ်စီ ၂ ဦးပါဝင်သည့်အဖွဲ့သည် ​မြေလွတ်မြေ လပ်လျှောက်ထားသည်မြေနေရာများအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၊လမ်းလျှောက်ပြန်သည့်အပြန်လမ်းတွင် ဦးအောင်စိုးသူ က အနောက်တွင်ကျန်ရစ်ခဲ့ကာ မျက်ခြေပြတ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည် ။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနသို့ Yangon Nation  မီဒီယာက ဆက်သွယ်မေးမြန်းရာတွင် –

    ” ကျွန်တော့် ဝန်ထမ်းတစ်ယောက်နဲ့ ကျေး
ရွာအုပ်ချုပ်ရေးမှူးက ရှေ့ကသွားတယ်၊ ကျေး
ရွာလယ်စီ ၂ ဦးနဲ့ တောခေါင်းဦးအောင်စိုးသူ
က နောက်ကလိုက်လာတယ်၊ အဲ့ဒီလိုသွားနေ
ရာကနေ ဦးအောင်စိုးသူကရွာသား ၂ယောက်ကို ခင်ဗျားတို့ရှေ့ကသွားနှင့် ကျွန်တော်နောက်ကလိုက်လာမယ် ဆိုပြီးတော့ ရွာနဲ့ ၁မိုင် ၃ဖာလုံလောက်အလိုမှာ ပြောပြီးနေခဲ့တယ် ။

အချိန်အတော်ကြာအထိ ဦးအောင်စိုးသူရောက်မလာတော့ ရွာသား၂ ယောက်ကပြန်ရှာကြ<span;>တာ မတွေ့တော့တာကြောင့် ရွာကိုပြန်လာပြီး<span;>အကျိုးအကြောင်းပြောပြလူစုတယ်၊ တခါထပ်ပြီးရှာကြတယ်၊သြဂုတ် ၈ ရက်နေ့ ထပ်ရှာတယ် မတွေ့တဲ့အတွက် ဆင်ဘိုရဲစခန်းမှာ လူပျောက်တိုင်ထားတယ်။နေ့စဉ် ညောင်ပင်သာရွာကဘရွာသားများအပါအဝင် အနီးပတိဝန်းကျင်က ရွာသားများစုပေါင်းပြီး ရှာဖွေရေးကိုဆောက်ရွက်လျှက်ရှိပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး နေ့စဉ် ကျွန်တော်တို့ရဲ့ ပြည်နယ်သစ်တောရုံးကို စဉ်ဆက်မပြတ် အစီရင်ခံတင်ပြ ထားပါတယ် ” ဟု မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးအရာရှိ ဦးစိုးဇာနည်အောင်က ပြန်လည်ဖြေကြားသည်။

      ဆင်ဘိုသစ်တောဦးစီးဌာန ဝန်ထမ်းဖြစ်သူတောခေါင်းဦးအောင်စိုးသူ ပျောက်ဆုံးမှု<အား ဆင်ဘိုမြို့မရဲစခန်းတွင် လူပျောက်ဆုံးမှု တိုင်တန်းချက် အမှတ် – ၁/ ၂၀၂၀ဖြင့်ဖွင့်လှစ်တိုင်ကြားထားပြီး၊ ဆင်ဘိုမြို့နယ်အထွေ<span;>ထွေ အုပ်ချုပ်ရေးဦးစီဌာနကဦးစီး၍ ၊ဌာနဆိုင်ရာများ၊ နယ်မြေခံရွာသားများ၊ ပရဟိတအဖွဲ့ဝင်များ၊ နယ်မြေခံ ခမရ(၃၈၁)တပ်ရင်းမှ ဗိုလ်မှူးသက်နိုင်ဦးစီးသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြန်လည်ရှာဖွေရေးလုပ်ငန်းစဉ်များဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •