မြန်မာကို ကလေးစစ်သားအသုံးပြုတဲ့ နိင်ငံစာရင်းက ဖယ်ရှား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာကို ကလေးစစ်သားအသုံးပြုတဲ့ နိင်ငံစာရင်းက ဖယ်ရှား ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ခုနှစ် အစီရင်ခံ စာမှာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းမှု ပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ စာရင်းထဲကနေ ဖယ်ရှားလိုက် ပြီ ဖြစ်ပါတယ်။

ကလေးစစ်သားစုဆောင်းမှု သိသိသာသာ လျော့နည်းသွားသလို အရေးယူအပြစ်ပေးမှုတွေ ဆက်လက် ပြုလုပ် နေပြီး ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ခြေရာခံပြီး အစီရင်ခံဖို့ သဘောတူညီတာကြောင့် အခုလို စာရင်းထဲက ဖယ်ရှားလိုက်တာလို့ ကုလ အတွင်းရေးမှူးချုပ်က အစီရင်ခံထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •