မြန်မာကျောင်းသူ (၃)ဦး ပါဝင်ယှဉ်ပြိုင်တဲ့ အာဆီယံဉာဏ်စမ်းပဟေဠိဒေသတွင်းအဆင့်ပြိုင်ပွဲကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၉) ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိဒေသတွင်းအဆင့်ပြိုင်ပွဲ အွန်လိုင်းမှ ကျင်းပ
[မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသူ (၃)ဦး ပါဝင်ယှဉ်ပြိုင်]

စင်ကာပူနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိဒေသတွင်းအဆင့်ပြိုင်ပွဲ (9th ASEAN Quiz – Regional Level) အား (၁၇-၁၂-၂၀၂၀)ရက်နေ့ နံနက် ၇ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြုကျောင်းသူ(၃)ဦးဖြစ်သည့် (၁) မသွန်းဝတီလမင်း၊ အထက(၃) မြစ်ကြီးနားမြို့ ကချင်ပြည်နယ် (၂) မနှင်းယမုံဦး၊ အထက(၂) အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး (၃) မ​အေးချမ်း​မော် Top (ကပက) မုံရွာမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးတို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်)ရှိ စတူဒီယိုခန်းမမှ ပါဝင်ယှဉ်ပြိုင်ကြသည်။

(၉)ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ နိုင်ငံအဆင့်ပြိုင်ပွဲ (9th ASEAN Quiz – Regional Level) အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် GOOGLE Classroom စနစ်ဖြင့် အွန်လိုင်းမှ ပထမအကြိမ် ရေးဖြေစစ်ဆေးခဲ့စဉ်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ရွေးချယ်ထားသည့် အခြေခံပညာအဆင့် ကျောင်းသူ၊ ကျောင်းသား (၃၄) ဦးအနက် ကျောင်းသူ၊ ကျောင်းသား (၃၀) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

၎င်းကျောင်းသူ၊ ကျောင်းသားများမှ အမှတ်အများဆုံးရရှိသူ (၁၀)ဦးကို ထပ်မံစီစစ်ရွေးချယ်ပြီး ဆန်ခါတင်အဆင့်ပြိုင်ပွဲဝင်(၅)ဦးအနက်မှ (၃)ဦးကို စင်ကာပူနိုင်ငံမှ အွန်လိုင်းမှတစ်ဆင့် ကျင်းပသည့် (၉)ကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိဒေသတွင်းအဆင့်ပြိုင်ပွဲ (9th ASEAN Quiz – Regional Level)သို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ယှဉ်ပြိုင်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး (၁၀) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) (10th ASEAN Quiz – Regional Level)ကို ၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref; MRTV
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •