မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိကြောင်း WHO တာ၀န်ရှိသူပြော။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ တိုးမြင့်လာနေသော်လည်း ရောဂါ ကူးစက်မှု ကွင်းဆက်များကို ခြေရာခံ ထိန်းသိမ်း နိုင်ခဲ့ပြီး ဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှုကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Dr Stephan Paul Jost က မြန်မာတိုင်းမ် သတင်းဌာနနှင့် တွေ့ဆုံစဥ် ပြောဆိုခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ပြည်သူများ အနေဖြင့် နိုးနိုးကြားကြား ရှိရန်နှင့် လူစုလူဝေး နေထိုင်မှု မပြုခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ဆက်လက် လိုက်နာ ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်း ပြောဆိုသည်။

ဗိုင်းရပ်စ် ကူးစက်မှုနှင့် ဆက်နွယ်သူများကို ဆက်သွယ်မှု ခြေရာကောက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် ကျွမ်းကျင်စွာ လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုထံသို့ ကျန်းမာရေး အသိပညာပေး လုပ်ငန်းစဉ် ကိုလည်း စောလျှင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရောဂါဖြစ်ပွားမှု အချိုးအစားကို လွှမ်းခြုံ သိရှိနိုင်ရေး အတွက် လူနာနှင့် ထိတွေ့ ဆက်ဆံသူများ၏ ကွင်းဆက်ကို သိရှိရန် လွန်စွာ အရေးကြီးပြီး ဤအချက်သည် သံသယရှိ လူနာများကို သီးခြားထားရန် အတွက် စောလျှင်စွာ ထောက်လှမ်းခြင်း၊ ထပ်မံ၍ စောင့်ကြည့် စစ်ဆေးမှုများကို တိုးမြှင့်ခြင်းနှင့် ကူးစက်နိုင်ခြေ ရှိသူများကို စနစ်တကျ စောင့်ကြည့် ကုသရေးနှင့် အချိန်မဆိုင်း ကုသပေးရေး တို့အတွက် အရေးကြီးကြောင်း Dr Stephan Paul Jost ကပြောသည်။

ထို့ပြင် နယ်စပ်များမှ တစ်ဆင့် ရွှေ့ပြောင်း လုပ်သားများ ပြန်လည် ၀င်ရောက်လာခြင်းကြောင့် နယ်စပ် အနီးတွင်လည်း ကွာရန်တင်း စင်တာများ ထားရှိရန်မှာလည်း အရေးကြီးကြောင်း ၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး ၀င်ရောက်လာကြမည် ဖြစ်ပြီး ယင်းအချက်ကို မြန်မာနှင့် ထိုင်း နှစ်နိုင်ငံစလုံးက ကောင်းမွန်စွာ နည်းလည်းထားကာ အဆင့်လိုက် လုပ်ဆောင်ခြင်းကြောင့် ရွှေ့ပြောင်း လုပ်သားများ တစ်ကြိမ်တည်း အစုလိုက် အပြုံလိုက် ၀င်ရောက် လာနိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

၀င်ရောက်လာသည့် နေရာ၌ အထူးသဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံ အကြား စောင့်ကြည့်မှုများ ပြုလုပ်ရန် အဓိက လိုအပ်ပြီး တရုတ်နိုင်ငံမှ ပြန်လည် ၀င်ရောက်လာသူ များကိုလည်း အလားတူ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း Dr Stephan Paul Jost ကအကြံပြု ပြောဆိုသည်။

Photo : Myanmar Times

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •  

Tags: