မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်၊ တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့ပေးအပ်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်

မြန်မာနိုင်ငံရဲ့ပထမဆုံးသော ကိုဗစ်- ၁၉ ရောဂါကုသဆေးဝါးကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Pacific Medical Industries Ltd ကတရားဝင်အသိပေးခဲ့သည်။

Pacific Medical Industries Ltd (PMI) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့ပါသည်။

ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မူ ဖြစ်ပြီး အဆိုပါ ကိုဗစ်ကုသဆေး FAVIPAC(Favipiravir 200mg) သည် သောက်ဆေးဖြစ်ကြောင်းသိရသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ​၏ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်သည်။

FAVIPAC (Favipiravir 200mg)သောက်ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်သည်ဟု သိရသည်။

 

ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ Covid-19 လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ
FAVIPAC (Favipiravir 200mg) Tablet 60,000ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို၎င်း၊
Tablet 15,000 ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့၎င်း ပေးအပ်လှူဒါန်းသွားမည်လို့ သိရပါတယ်။

 

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •